Powered By Blogger

Wednesday, May 13, 2015

ကိုယ်တွေ့  သူများတွေ့ ဆင်ခြင်တုံတရား နဲ့  အသက်...




ကိုယ်တွေ့  သူများတွေ့ ဆင်ခြင်တုံတရား နဲ့  အသက်...
------------
အရင်ကဖတ်ဖူးတဲ့  စာတစ်ပုဒ်အလိုအရ သေခြင်းမြန်ဆန်လွန်းတဲ့ အဆိပ်တစ်မျိုး (ဆိုက်ယာနိုက်အဆိပ်လို့ ပြောကြာတာပဲ) ရဲ့ အရသာ အစစ်ကို အသက်အသေခံပြီး ကိုယ်တိုင် လျှာပေါ်တင်မြည်းဖို့ ကြိုးစားသူ ဓါတုသမားတစ်ယောက်ဟာ အက်စ် ဆိုတဲ့  အက္ခရာလေးတစ်လုံးသာ လက်က အဆင်သင့် ကိုင်ပြီး စာရွက်ပေါ်မှာထောက်ထားတဲ့  ဖေါင်တိန်လေးနဲ့ ရေးသွားနိုင်ခဲ့ ပြီး  ချက်ခြင်းလဲသေသွားပုံရတယ်လို့ ဆိုတာမျိုးဖတ်ခဲ့ ရဖူးတယ် အဆိပ်ပျံ့ နှုံးက မြန်လွန်းလွန့်  ချိုသလားငံသလား ဆိုတဲ့ စာတောင်အပြည့် ရေးမပြသွားနိုင်ဘူးပေါ့ လေ..ဒါဟာ ဟုတ်မဟုတ်တော့  သေခြာမသိပါဘူး..ဟုတ်ခဲ့ ရင်တောင် သိချင်တာကို သိဖို့ အသေခံပြီ့းကြိုးစားကြည့် တဲ့ စိတ်မျိုးသာဆိုရင် အတော် အံသြစရာစိတ်မျိုးနဲ့ လူပဲလို့ သာ......

တွဲဖက်မစားသင့် သောအစာများ အဖြစ်ရေးထားတဲ့  စာရင်းရှည်ကြီးတွေ ဖတ်ခဲ့ ဖူးပါတယ်၊ ဒါပေမယ့်  အဲ့ စာရင်းထဲကအတိုင်းလည်း တွဲပြီးစားလေ့ မရှိတော့  သိပ်ပြီး အလေးမထားခဲ့ ပါဘူး...တစ်ခါတစ်လေတော့  တွဲဖက်စားရင်းတွေရဲ့  အရသာတွေ အစားအစာဖွဲ့ စည်းပုံတွေ ကြည့် ပြီး ဖြစ်နိုင်လောက်တယ်လို့ သာ
တွေးပြီး ဖတ်ပြီး ပြီးသွား မေ့သွားတာများတာပါပဲ..ဆက်ပြီးစူးစမ်းကြည့် ဖို့  အာရုံမလာမိပါဘူး..ဒါကလည်း ရှင်းပါတယ်...ဘယ်သူမှတော့  တွဲ စားရင် သေတတ်တယ် မတည့် ဘူးဆိုမှာတော့  အသေခံပြီးတော့ တော့  မစမ်းလောက်ပါဘူးပေါ့ လေ.



တွဲမစားသင့် တဲ့  အစာတွေထဲမှာဖရဲသီးနဲ့ ဘဲဥ တွဲတဲ့ စာရင်းလည်းပါတာပါပဲ...အဲ့ စာရင်းကြောင့်  တွဲမစားကြတာလား တွဲစားရိုး မရှ်ိလို့ မစားဖြစ်ကြတာနဲ့ ဒီလိုပဲ နေလိုက်ကြတာလား တွဲစားရန်မသင့် ဆိုတာ ချီးပန်းယုံလား သေနိုင်လား ဘယ် အတိုင်းအတာထိလဲလို့ တွေးစရာရှိသလို ဒီလို မျိုး ဘာမှ မဆိုင်တဲ့  အစားအစာ ၂ခုကို တမင်တကာမှ တွဲမစားရင် တွဲစားမိဖို့  ကြုံတောင့် ကြုံခဲ အစားအစာ၂ခုကို ဘယ်သူတွေကများ တွဲစားမိပါသလဲကလည်း တွေးစရာလေးဖြစ်ပါတယ်.
အတူတူ ရောမွှေစားမှ ပြဿနာတက်တဲ့  အစားအစာလား တစ်ခုပြီးတစ်ခုစားပြီးမှ ဗိုက်ထဲရောက်မှ ရောသွားပြီးပြဿနာတက်ကုန်တာလားကလည်း စိတ်ဝင်စားစရာတစ်မျိုးပါပဲ..

တွေးစရာတွေ ထဲမှာ အဲ့ ဒီလို တွဲစားရန်မသင့် ဆိုတဲ့ အစားအစာတွေ အတော်များများကို တွဲမစားမိဘူးသလောက်ဆိုတာရယ် အသက်အသေခံပြီးတကူးတကစမ်းသတ် စားကြည့် ဖို့ စိတ်တောင် မကူးပါဘူးဆိုတာရယ်ကနေ ကိုယ့် ကိုယ်ကိုယ် ပြန်မြင်လို့ ရတဲ့ သဘောရှိမှာပါ  ဘာလို့ တွဲစားရန်မသင့် ဆိုတာတွေကို စမ်းစားကြည့် ဖို့  စိတ်တောင်မကူးပါလို့ ဖြစ်ရသလဲကို တွေးကြည့် ရင် ဒီဟာကို မစမ်းသတ်လို့ ရှိရင် အဲ့ ဒီတွဲစားရန် မသင့် ဆိုတာ တကယ်ဟုတ်မဟုတ် ကိုယ်တိုင်မသိ
ရယုံသာရှိမယ် ပြဿနာ မရှိသေးဘူး...စမ်းစားကြည့် လို့  မတော် တကယ်မတည့် လို့  အစာအဆိပ်ဖြစ်လို့ ရှိရင် ကိုယ်ပဲသေမှာ အသေခံပြီးတော့ တော့  မလုပ်ပါဘူးဆိုတဲ့ အတွေးသဘောကြောင့်  စမ်းပြီးတော့ တောင် မစား (သို့ ) မစားရဲပါ (သို့ ) သေမသေ သိယုံလေးလောက်နဲ့ အသေခံမစားရဲပါ ဆိုတဲ့ သဘောတွေ့ လာနိုင်ပါတယ်.

..အဲ့ သဘောကနေ ကိုယ့် အသက်ကိုတော့  လွယ်လွယ်နဲ့ အသေမခံနိုင်ပါ ဆိုတဲ့ သဘော မြင်လိုက်နိုင်သလို အခုအထိ ဖရဲသီးနဲ ဘဲဥတွဲစားရင် ဘာဖြစ်နိုင်သလဲဆိုတာ ခုထိ ကိုယ်တိုင်သိ မဟုတ်သေးပဲ ကြားဖူးနားဝသိ သဘောမှာသာ ဖြစ်နေတဲ့  သဘောသာရှိနေပါတော့ တယ်.

ဒီတော့  အဖြစ်ကမတည့် ပါဆိုတဲ့  အစားအစာစာရင်းတွေအများစုက ကိုယ့် အတွက် သရဲအကြောင်း ပြောရသလိုပါပဲ.ကိုယ်တွေ့ သရဲထက် သူများတွေ့ သရဲ စာထဲကသရဲ အကြောင်းတွေ  ပြန်ပြော နေရသလိုမျိးဖြစ်နေတာများတော့ တာပါပဲ ပြီးတော့  သိယုံသိပြီး ကိုယ့် လက်တွေ့ ဘ၀ထဲ တိုက်ရိုက်ထည့် သုံးစရာနေရာ မရှိတဲ့  သိမှု့ တွေလည်း တစ်ပုံကြီးဆိုတာ သိတာတွေကိုပြန်တွေးရင် ပေါ်လာတာမျိုးပါ..ဒါပေမယ့်  အကျိုးရှိရှိ မရှိရှိ သိချင်တာကို သိရမှ ကျေနပ်တဲ့ စိတ်ကလည်းစ..လူ့ ရဲ့ ထူးဆန်းတဲ့  သိလိုစိတ်မျိုးနဲ့ တူပါရဲ့ ပေါ့ လေ

တကယ်တော့  လူ့ သက်တန်းသဘောအရဆိုရင် လူတစ်ဦးချင်းစီတိုင်းရဲ့ ကိုယ်တွေ့ က နဲနဲလေးပါပဲ..သူများတွေ့ တွေ နားထောင် ကြည့် ရှု့ ဖတ်မှတ်ပြီး ကိုယ်တွေ့ နဲ့ ကိုယ့် ဆင်ခြင်တုံတရားနဲ့ ပေါင်းပြီး ရှေ့ ခရီးသွားနေရတဲ့ သဘောက များတာပါပဲဗျာ..ပြီးတော့  စာကိုအဲ့ လောက်သာရှည်သွားတာ ကိုယ့် ဟာကိုယ် ဘာပြောချင်နေမှန်းကို အခုစာဘရိပ်အုပ်လိုက်အထိကို ကိုယ့် ဟာကိုယ် မသိဘူးဆိုတာကလည်း '''' အို..ထူးဆန်းပါပေ့ ..ကတွတ်ပီ..'''..ဆိုသလိုဖြစ်နေတာပါပဲဗျားးး..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..