Powered By Blogger
Monday, June 8, 2015
သည်းဦးပန်း
သည်းဦးပန်း
------
မမေ့ တတ်တဲ့   လွမ်းစိတ်ငယ်နု
ုပြန်လည် ရှင်သန်လာတဲ့ အခါ...
သတိတရနဲ့ အမှတ်တရတွေ တွေး
အဆွေးလေးနဲ့ ဘယ်စီဝေးဝေး ဘယ်လောက်ဝေးဝေး
ပြန်လည်ကာလေ ရွက်သစ်နုဝေ
သည်းဦးပန်းရောင်စုံတွေ
လှမ်းရင်းသာ ....
လှမ်းရင်းသာ ....
------
လှမ်းရင်းသာ
လှမ်းခဲ့ ရ ကိုယ်လေ
ခြေစုံမှာ အလွမ်းများ...
ချစ်ခြင်းနဲ့ နှောင်ဖွဲ့ တည်..
နှောင်းရက်ကျန် သစ်ရွက်တို့ ကြွေနေဆဲ
မြေလွှာမှာ အသည်းများ ၀ဲလွင့် လို့ ...
နှောင်းခဲ့ ပြီ အချိန်တို့ ..
အမှတ်တရနေ့ လေးတွေ ..တရွေ့ ရွေ့ လေနှင်ရာ ..
ရီဝေတဲ့ ခရီးကြမ်း ဆက်လျှောက်လှမ်းရင်း..
ဘ၀ဇာတ်ရဲ့ မဆုံးခင်..
လှမ်းရင်းသာ
လှမ်းခဲ့ ရ ကိုယ်လေ
ခြေစုံမှာ အလွမ်းများ...
ချစ်ခြင်းနဲ့ နှောင်ဖွဲ့ တည်.......။
ဒဏ်ရာနီ.
ဒဏ်ရာနီ.
-----
ရင်နာ အတွေးလေးနဲ့ 
အဆွေး မျက်ရည်ကြား
အဝေး ပြေးထွက်ရင်း
သက်သေထား...
မျက်ဖြေစကား ရေးဖွဲ့ ရသော
မှတ်စုများ ကဗျာရယ်စီ..
ရင်အတွင်းက ဒိုင်ယာရီ..
ချစ်ခြင်းရဲ့  ဒဏ်ရာနီ......။။
ကဗျာမေ -----
ကဗျာမေ
-----
အလွမ်းပန်းမို့ 
စမ်းကျရေစီး သံသာမျှော်သလို
ထာဝစဉ်ရင်မှာ..
နားစွင့် လို့ ထားမိနေမြဲ
ကံကို ပုံကာ ယုံကြည်နေပါဆဲ
အထီးကျန်မြဲ ချစ်ရသော
ထားခဲ့ သော..ကဗျာမေ..
ဝေဒနာတွေ..။...။
ငါသိပ်ချစ်ပေမယ့် ..
ငါသိပ်ချစ်ပေမယ့် ..
-----------
ငါလိုတဲ့ အချစ်ကို မင်း..မပေးနိုင်ဘူး
နင်လိုတဲ့ အဆင့် ကို ငါ..မတတ်နိုင်ခဲ့ 
နင်ပြုံးတဲ့  အပြုံးတို့ ကို ငါသိပ်ချစ်ပေမယ့် ..
နားလည်ခဲ့ ...
ငါကံဆိုးသူ..
အားလုံးကို စွန့် ရမယ့် သူ ?
မင်း မချစ်တော့ ဘူး..
ဝေး...
ဝေးစေ့ မယ်
ရင်ဆိုင်မယ့် အချစ်တွေ
ဆုံးရှုံးထားခဲ့ ပြီလား..?
နှလုံးသားထဲ ချစ်မိရင်
စတေးခံမယ်...
( သီချင်းကိုခံစားခြင်း..)
ပညာကံသဘောတွေ
ပညာကံသဘောတွေ
----
ဒီနေ့ ဆရာသခင် အိမ်က ဖုံးလာတယ်..သူငယ်ချင်းဆရာနဲ့ သာ ကွန်တက်ရှိတာ ဆရာ့ အိမ်နဲ့ က ကွန်တက်ပြတ်နေတာကြာပြီ...ဖုံးနံပါတ်က ကျနော့် ဆီလာနေကျလူက ဆရာ့ အိမ်ရောက်သွားရင် စပ်မိလို့ ပြောရဦးမယ်ဆိုပြီး ဖုံးနံပတ်ရတာလို့ ဆိုတယ်..အဲ့ မှာ ဆရာကတော်နဲ့ ကျနော်နဲ့ စကားတွေ ဖေါင်ဖွဲ ၀မ်းတွေသာကြပေါ့ ပြီးတော့ ဆရာကတော်က သူ့ သမီး ကျနော်တို့ ညီမလေးနဲ့ စကားပြောလိုက်ပါဦးဆိုလို့ ဆက်တော်ကီထုရတယ်...အဲ့ မှာလည်း ၀မ်းသာနေကြတယ်ပေါ့ လေ..
အင်္ဂါ့ ဝိဇ္ဇာကပြတဲ့ ..ပညာရှင်ကောင်းဆိုတာ.....
အင်္ဂါ့ ဝိဇ္ဇာကပြတဲ့ ..လူဆိုသည်မှာ.....
တစ်ယောက်ချင်းသဘော. အများဆိုင်ရာသဘော..
တစ်ယောက်ချင်းသဘော. အများဆိုင်ရာသဘော..
-----------
ပြဿနာအစတွေထဲက အစတစ်ခုက လူဆိုတာ သူကိုယ်တိုင် တွေးတောတတ် ခံစားတတ် တီထွင်တတ်တဲ့ သက်ရှိဖြစ်တယ်ဆိုတာကို မှိန်ထားပြီး ကိုယ်လိုချင်တဲ့ ပုံစံကို ဇွတ်ကြီးပုံသွင်းဖို့ လုပ်ခဲ့ ကြတာက ပြဿနာအစတွေထဲက အစတစ်ခုသဘောပဲ
အုပ်မြစ်..
အုပ်မြစ်..
---
အယူဝါဒသဘောက ကိုယ့် အဖေ အမေ ရဲ့ အပြုအမူတွေ အပေါ်မှာ တော်တော်ကြီးကို တည်တယ်..သူတို့ ဘယ်လောက် ကိုင်းရှိုင်းသလဲ..ကျနော်တို့ ကလေးဘ၀က  အယူဝါဒရဲ့  သွန်သင်ချက်တွေဟာ မှားလား မှန်လားတောင် စီစစ်ကြည့် ဖို့  တွေးတောင် မတွေးခဲ့ ဖူးဘူး အမေတို့ အဖေတို့ လုပ်သလိုကို  လိုက်ကိုင်းရှိုင်းတယ်.. ပထမခိုင်းလို့ လိုက်ကန်တော့ တယ် နောက် ခိုင်းစရာကို မလိုတော့ ဘူး...
ဗေဒင်ကို ချဉ်းကပ်တဲ့ စတိုင်
ဗေဒင်ကို ချဉ်းကပ်တဲ့ စတိုင်
-----------
၅ကြွင်း အင်္ဂါတစ်ယောက်ရဲ့  ဘ၀ခရီးရှည်ကြီး ဖြတ်သန်းမှု့ ပုံရိပ်ကို ကံကောင်းထောက်မလို လူရှင်တစ်ယောက် အဖြစ် ကိုယ့် အိမ်ကနေ ထိုင်အကဲခပ်ခွင့် ရတာဟာ
၁၉၊ ၆၊ ၁၉၄၅  အင်္ဂါနေ့ မွေးသူ ဒီမိုစု ပေါ့ ဗျာ..
၅ကြွင်းတွေ ရဲ့ တနင်္ဂနွေ မရဏနံ  အကောင်းအဆိုးသဘောတွေ အတိတ်ကံ ပစ္စုတ်ပန်ကံ သဘောတွေကို ဘ၀ရဲ့ အလျော်အစားတွေ ပျော်စရာတွေ ကြေကွဲစရာတွေ အတွင်းလူတွေရဲ့ ရန်သဘောတွေ အပြင်လူတွေရဲ့ မိတ်သဘောတွေကို တကယ့် ကိုထင်ထင်ရှားရှားကြီးတွေ့ နေရတဲ့  သဘောရှိလို့ ပညာယူဖို့ တိုးဖို့ အတွက် တကယ့် သက်ရှိစံနမူနာကြီးသဘောပေါ့ ဗျာ..
မိသားစုနဲ့ ပတ်သက်လာရင် အိမ်နဲ့ ပတ်သက်လာရင် ..ကိုယ့် မူရင်းဇာတိနိုင်ငံနဲ့ ပတ်သက်လာရင် ကိုယ့် ရဲ့ မျိုးနွယ်စုတွေနဲ့ ပတ်သက်လာရင်.ပေးဆပ်ရတာ ပိုင်ဆိုင်ရတာတွေ မိသားစုသဘောတွေ သူငယ်ချင်းသဘောတွေ အတွင်းလူက အပြင်လူ အပြင်လူက အတွင်းသဘောတွေ .သူ့ တို့ စားရတတ်တဲ့ ရောဂ်ါဘယသဘောတွေ .စသဖြင့် ပေါ့ 
ဒါဟာ ဟောကိန်းထုတ်ဖို့ မဟုတ်ပဲ နောက် အလုပ်သဘောအရ ကိုယ်ကြုံရနိုင်တဲ့  ၅ကြွင်းတွေကို ဘာတွေဟာ သံသရာက ၀ဋ်သဘောတွေ ဘယ်ဟာတွေက ပစ္စုတ်ပန်အားထုတ်မှု့ တွေ ဘာတွေကိုပေးဆပ်ရနိုင်တယ် ဘာတွေ ပြန်အက်ရှင်လာနိုင်တယ် စသဖြင့်  လမ်းကြောင်းတွေ ချပြလို့ ရတယ်ပေါ့ လေ...
ဒါဟာ ကျနော့် ရဲ့ ဗေဒင်ကို ကိုယ့် ဘ၀ခရီးစဉ်ဖြတ်သန်းမှု့ မှာ လက်တွေ့ ကျကျ သုံးစွဲပြီး ဖြတ်သန်းသွားနိုင်အောင် အဓိကအဖြစ် ချဉ်းကပ်တဲ့ စတိုင်ပါပဲဗျာ...
ကျမ်းကိုး...
ကျမ်းကိုး...
---------
အဲ့ ဒါနဲ့  အဲ့ အဖွားက သူ့ ချွေးမ အသက် ၄၃နှစ်က ခုမှ သက်ဦးမြေးလေးယူပေးလို့  ၀မ်းသာပြီး တော်ပါသေးရဲ့ တဲ့  ကျမတို့ မျိုးဆက်လေးကျန်မှ ကျန်ပါ့ မလားလို့ စိတ်ပူနေတာ သားရော ချွေးမလေးရောက တစ်ဦးတည်းသော သားတွေ သမီးတွေ ဆြာလေးရဲ့  ''' လို့  မြေးဦးလေး ခွဲမွေးမယ့် ရက်ကို ဂျူ့ ဒိတ်နဲ့ ချိန်ရင်း တွက်ရင်းပြောလာတော့  ကျနော်က နောက်တော့ တာပေါ့ 
သားသမီးတွေရဲ့ စိတ်ဒဏ်ရာ..
သားသမီးတွေရဲ့ စိတ်ဒဏ်ရာ..
-------------------
သားသမီင်္းတွေမျက်နှာမငယ်ရအောင် အရင်ဦးစားပေး တွေးခေါ်ပေးတတ်တဲ့  အဖေနဲ့  အမေ နဲ့  ကံဆုံခွင့် ရခဲ့ တာကလည်း နဲတဲ့ ကုသိုလ်မဟုတ်ပေဘူး ဒီလို မိဘစုံတွဲမျိုးတွေရဲ့  သားသမီးဖြစ်ပါရစေလို့ တောင် အခါခါ ဆုတောင်းမိရတယ်...
တစ်ခါတစ်ရံ အဖေ နဲ့ အမေ စကားအခြေအတင် မဆိုစလောက်လေး အသံတွေမြှင့် ပြီး  နဲနဲပါးပါး ပြောကြတာတောင် သားသမီးတွေခမျာ  ထိတ်လန့် တုန်လှုပ်ပြီး အကြီးအကျယ်တွေ ထဖြစ်တော့ မှာလားလို့  အရွယ်နဲ့ မမျှတဲ့ သောကတွေနဲ့ နေစရာ နေရာ မရှိခဲ လောက်အောင်ပဲ. .ကမ္ဘာမြေပျက်သုဉ်းတော့ မယ့် အတိုင်း..
အားကိုးရာ ရွှေတောင်ကြီးတွေ ပြိုလဲကုန်တာ့ မှာလားဆိုတဲ့  စိုးရိမ်တဲ့ သောကဟာ ကိုယ့် ခြေပေါ်ကိုယ် မရပ်နိင်ခင်မှာ ဘယ်လောက်တောင် စိတ်ကို သိမ်ငယ်သွားစေတယ်ဆိုတာ ကြုံဘူးရင် ......
အကန့် အသတ်..
အကန့် အသတ်..
----------
သဘောကောင်းတာတောင် ကိုယ့် ထမင်းအိုးက ကိုယ့် တစ်အိုးတည်းအိုးစားခွဲအိုးလား မိသားစုထမင်းအိုးလားကြည့် ရသေးတယ်  ကိုယ့် တစ်အိုးထဲဆို သဘောရှိ ကရောရှိကောင်းချင်သလိုကောင်း ။  
 မိသားစုအိုးဆိုရင်တော့ သဘောက ကောင်းချင်တိုင် လွှတ်ကောင်းလို့ မဖြစ်တော့ ဘဲ ကိုယ့် မိသားစုထမင်းအိုးကို မှောက်သွားနိုင်သလား မမှောက်နိုင်ဘူးလား  ပြန်ကြည့် ပြီး သဘောကောင်းရတဲ့ သဘောရှိတယ်...သဘောကောင်းပြဖို့ တောင်...အကန့် အသတ်သဘောပေါ့ 
အချိန်ကိုရင်း၍....
အချိန်ကိုရင်း၍.....
------
ငွေကို အရင်းထားး အသက်မွေးတဲ့ သဘောထက် ပညာကိုရင်းပြီး အသက်မွေးတဲ့ သဘောမှာ ပေးဆပ်ရတဲ့ အချိန်သဘောမှာမတူကြဘူး. ပညာရင်းသမားက အချိန်တွေပိုပေးရလေ့ ရှိတယ်...အကြောင်းက ပညာရင်းသမားဟာ ပထမဆုံးပြန်ရတဲ့ အကျိုးက ပညာကောင်းတယ်ဆိုတဲ့ အမည်ကောင်းလက်မှတ်ပဲ  ဒီအမည်ကောင်းလက်မှတ်ကို ရတော့ မှ နောက်ကနေ ဘ၀ရပ်တည်ဖို့ ငွေကြေးတွေ လိုက်လာတော့ တာမျိုးပဲ အနီးစပ်ဆုံးကတော့  သမားတော်ကြီးတွေသာ ကြည့် ပါတော့ ပဲ...။
ကိုယ် ယုံကြည်ရာ
ကိုယ် ယုံကြည်ရာ ...
----
အလုပ်ခွင်က ကျနော့် အယူအဆကို ပြန်ပြောပြတာပါ..မကြာခဏအမေးခံရတဲ့ မေးခွန်းတစ်ခုက နှင်းဆီလှုကောင်းလား.. ဗုဒ္ဓဟူးဆို သပြေမလှုကောင်းဘူးဆို..စသဖြင့် ပေါ့  ထွေလီကာလီ မလှုကောင်းဆိုတဲ့ အမျိုးအစားပေါင်းစုံ အမေးခံရတတ်လေ့ ရှိပါတယ်..မလှုကောင်းဆိုတဲ့ အမျိုးအစားအတွေ များပြားချက်က တစ်ခါတစ်လေ သူတို့ ပြောမှ ကြားဖူးလိုက်ရတာမျိုးရှိပါတယ်..
ဒီလိုအခါမှာ ကျနော်က သံသရာလည်စနစ်မှာ အဓိကကျတာဟာ စေတနာသဘောပါပဲ..ဒါကြောင့် မြတ်ဘုရားကိုကြည်ညိုလို့ ပူဇော်ချင်လို့  သဒ္ဒါစိတ်သက်သက်နဲ့ ပန်း သစ်သီး တွေကပ်တဲ့ အခါမှာ လောကီသဘောအရ ဘာနေ့ သင့် နံသင့် မှမကောက်ဘူး သဒ္ဒါစိတ်နဲ့ ပဲဆိုရင် တောပန်း တောင်ပန်းမြက်တစ်ဆုတ်တောင် ပန်းမြတ်ဖြစ်တယ် ကျနော်လည်း ဒီအတိုင်းပဲ ရာသီပေါ်ပန်းလှုတယ် မျက်စိထဲ လှတယ်ထင်တဲ့ ပန်းတွေလှုတယ် ဘာဗေဒင် ဘာနံသင့်  ဘာဆူးပါတာ မပါတာမှ ထည့် မတွေးဘူး..ကျနော့် တစ်သက် ဒီအတိုင်းပဲ နောက်လည်း ဒီစိတ်ပဲ.တစ်ခုပဲ သတိထားတယ် အဂါရ၀ မဖြစ်ရင် ရပြီ ဒါပဲ သတိထားတယ် ..ဘယ်အချိန်မှာ နေ့ သင့် နံသင့်  ကောက်လည်းဆိုရင် တော့  ဘယာတွေပါလာပြီ လောဘတွေပါပြီ လိုချင်တာတွေပါလာပြီ လောကီစိတ်တွေ နဲ့ ယတြာတွေပါလာပြီဆိုရင်တော့  လောကီပညာအရ တွက်ချက်ပြီး နံကောက်တယ်...စိတ်မတူတော့ ဘူး ဗေဒင်ဆိုတာ အစွဲနဲ့ တည်ဆောက်ထားတာဖြစ်လို့  လို့ ပြန်ပြောလိုက်လေ့ ရှိပါတယ်...သူတို့  လက်ခံတာ လက်မခံတာသူတို့ ကိစ္စ ကိုယ် ယုံကြည်ရာ နဲ့ ကိုယ်ကျင့် သုံးတဲ့ အစစ်အမှန် စိတ်စတိုင် ကိုတော့  ဒီအတိုင်းပဲ ရှင်းပြလိုက်လေ့ ရှိပါတယ်ဗျား..
တွေ့ တဲ့ အတိုင်းပဲသူငယ်ချင်း...ဆို/ပက်ထရစ်