သားသမီးတွေရဲ့ စိတ်ဒဏ်ရာ..
-------------------
သားသမီင်္းတွေမျက်နှာမငယ်ရအောင် အရင်ဦးစားပေး တွေးခေါ်ပေးတတ်တဲ့  အဖေနဲ့  အမေ နဲ့  ကံဆုံခွင့် ရခဲ့ တာကလည်း နဲတဲ့ ကုသိုလ်မဟုတ်ပေဘူး ဒီလို မိဘစုံတွဲမျိုးတွေရဲ့  သားသမီးဖြစ်ပါရစေလို့ တောင် အခါခါ ဆုတောင်းမိရတယ်...
တစ်ခါတစ်ရံ အဖေ နဲ့ အမေ စကားအခြေအတင် မဆိုစလောက်လေး အသံတွေမြှင့် ပြီး နဲနဲပါးပါး ပြောကြတာတောင် သားသမီးတွေခမျာ ထိတ်လန့် တုန်လှုပ်ပြီး အကြီးအကျယ်တွေ ထဖြစ်တော့ မှာလားလို့  အရွယ်နဲ့ မမျှတဲ့ သောကတွေနဲ့ နေစရာ နေရာ မရှိခဲ လောက်အောင်ပဲ. .ကမ္ဘာမြေပျက်သုဉ်းတော့ မယ့် အတိုင်း..
အားကိုးရာ ရွှေတောင်ကြီးတွေ ပြိုလဲကုန်တာ့ မှာလားဆိုတဲ့  စိုးရိမ်တဲ့ သောကဟာ ကိုယ့် ခြေပေါ်ကိုယ် မရပ်နိင်ခင်မှာ ဘယ်လောက်တောင် စိတ်ကို သိမ်ငယ်သွားစေတယ်ဆိုတာ ကြုံဘူးရင် ......
အမိနဲ့ အဘ တိုက်ပွဲတွေ ဖြစ်လာတိုင်း ၊ တိုက်ပွဲတွေ ဖြစ်ဖို့ ကြံစီတိုင်း ကိုယ့် ရဲ့  အခြေမခိုင်သေးတဲ့  ကိုယ်တိုင် မရုန်းကန်နိုင်သေးတဲ့ ကိုယ်မွေးထုတ်ထားတဲ့  လူ့ လောကထဲ ကိုယ်ခေါ်သွင်းလာတဲ့  ကိုယ့် ရဲ့  သားသမီးလေးတွေရဲ့ ဘက်ကနေ ကိုယ်ချင်းစားဝင်တွေးပေးမိကြပါစေလို့ သာ ညှိုးငယ်တဲ့  ဆုတောင်းနဲ့ တောင်းဆုချွေရင်း....မရဲတရဲနဲ့ ......
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..