တစ်ယောက်ချင်းသဘော. အများဆိုင်ရာသဘော..
-----------
ပြဿနာအစတွေထဲက အစတစ်ခုက လူဆိုတာ သူကိုယ်တိုင် တွေးတောတတ် ခံစားတတ် တီထွင်တတ်တဲ့ သက်ရှိဖြစ်တယ်ဆိုတာကို မှိန်ထားပြီး ကိုယ်လိုချင်တဲ့ ပုံစံကို ဇွတ်ကြီးပုံသွင်းဖို့ လုပ်ခဲ့ ကြတာက ပြဿနာအစတွေထဲက အစတစ်ခုသဘောပဲ
စတိတ် အလယ်တန်းဘ၀အထိ မိုးရွာရင်အိမ်ပြင် စိမ်ပြေးတန်းထွက်ဆော့ ဆော့ လျှောက်ပြေးပြေး '''''မိုးရွာရင် မိုးရေချိုးမယ် မေမေလာရင် ဘာညာ ဖေဖေလာရင်အုန်းသီး ဘာညာက စပြီး ပြေးရင်းလွှာရင်း တွေ ကရာတွေ လျှောက်အော်လိုက်တာ မဟာဗန်တု ယအုဗုံးမှန် မဟာဗန်တု ယအုဗုံးမှန် ''''အထိ အစုံပဲ လျှောက်အော်ခဲ့ တာ...သမိုင်းထဲက လူစွမ်းကောင်းအမည်က ကျနော်တို့ ကလေးပါးစပ်ထဲရောက်မှ ဟာသဖြစ်သွားတယ် ဘယ်ကစလာတဲ့ ငပြောင်စကားလဲတော့ မသိဘူး..
မြန်မာသမိုင်းစဉ်တွေ သင်ခဲ့ ရ အသင်ခံရတိုင်း ကိုယ့် လူတွေ (၀ါ) ကိုယ့် လူကြီးတွေ က ဘယ်တော့ မှ အမှား မလုပ်ခဲ့ သလိုလို လာကျူးကျော်သူတွေ သူများတွေမှာချည်း တာဝန်ရှိသလိုလိုချည်း ပုံဖေါ်ပြီး သင်ပေးခဲ့ တာချည်း လိုလို အသင်ခံခဲ့ ရတယ်...နီတိတွေတောင်မှ ဘုရင်ဆိုတာနဲ့  ဘုရားလောင်းနီးနီး စိတ်နဲ့ ပြစ်မှားရင်တောင်မှပဲ မြေမြိုတော့ မလိုလို မထိရဲ မဝေဖန်ရဲ မသုံးသပ်ရဲအောင် ပုံဖေါ်ပေးခဲ့ တယ်. ငယ်တုန်းက လူစွမ်းကောင်းကြီးလို့ သာသိခဲ့ တဲ့ ဘုရင်တစ်ချို့ ဆို အရက်သမား ကြက်သမား ကာမဂုဏ် သရဲမင်းရဲစီးနေသူတွေဆိုတာ ကြီးမှ ကိုယ့် ဟာကိုယ်လေ့ လာမှ သိလာရတဲ့ အချက်အလက်တွေ..
.နှစ်ပေါင်းများစွာကတည်းက ကျူးကျော်သူတွေ အင်္ဂလိပ်တွေမှာချည်း အပြစ်ရှိသလိုလို သင်ခံခဲ့ ရာကနေ ခေတ်သစ် စစ်လက်နက်ပညာရပ်တွေ အားနဲ နိမ့်ကျနေရင်လည်း ဘယ်လောက်ပဲ အသက်နဲ့ လဲပြီး တိုင်းပြည်ကို ချစ်တယ်ဆိုဆို ဂျပန်တွေလို တိုင်းပြည်အတွက်ဆို အသက်စွန့် ရဲပါတယ် ဆိုပြီး အသေခံပြီးတော့ ပဲ လေယာဉ်ပျံနဲ့  ရန်သူ့ တိုက်သင်္ဘောခေါင်းတိုင်ထဲ ထိုးဆင်းပြသွားသွား နောက်ဆုံးမှာ အနုမြူဗုံးနည်းပညာသာသူက ဗုံး ၂ လုံးထဲ ကစ်သွားတာ ပြာတောင်မနဲရှာယူရတယ် မဲမဲအကွက်တွေပါကျန်ခဲ့ တာ...ခေတ်သစ်စစ်လက်နက် နည်းပညာနောက်ကျသွားရင်လည်း စစ်ရှုံးသွားတတ်တာပါပဲ..
.တကယ့် အရေးဆို ကိုယ့် လူစွမ်းကောင်းတွေ လူနဲ့ ပဲ အာနဲ့ ပဲ ပါးစပ်နဲ့ ပဲ နောက်ကျနေတဲ့ လက်နက်တွေနဲ့ ပဲ စွမ်းကောင်းနေလို့  တိုင်းပြည်ကို လုံသွားအောင် ကာကွယ်လို့ မရဘူး လက်နက်တွေ နည်းပညာတွေ မစွမ်းလို့ ကတော့  မဟာဗန္ဓု ယအုဗုံးမှန် ဆိုတာမျိုးလို ကားကနဲဖြစ်သွားမယ်ဆိုတာ ဆရာကြီးဦးအောင်သင်း က ခေတ်သစ်နည်းပညာတွေရဲ့ အကြောင်းကို စ ထောက်ပြမှ အဲ့ ဒီလို အမြင်ထောင့် ပြောင်းကြည့် ရကောင်းမှန်းသိလာရတော့ တယ်....ကိုယ့် ကိုယ်ကို ပိုတွက် ပိုအထင်ကြီးနေအောင် ပညာရေးကစပြီး လှည့် စားပေးထားလိုက်ပြီး တိုင်းပြည်ထက် အာဏာကိုသာ ဆုတ်ထားချင်တဲ့ အုပ်သူတွေကတော့ သူတို့ ဖုံးဖိဖွက်ထားတာ ပေါ်ကုန်မှာစိုးလို့  မင်းကြီးကို သရော်မော်ကား လုပ်ရမလားဆိုပြီး ဆရာကြီးလည်း အာဏာရှင်တွေရဲ့ အညှိုးကိုခံလိုက်ရတယ်...
လောကသဘောက တစ်ချို့ အခြေအနေတွေဟာ တစ်ယောက်ချင်း အတွက် သီးခြားအမြင်ထောင့် သဘောက ကြည့် လို့ ရပေမယ့်  ဥပမာ စာမတတ်လည်း အလုပ်လုပ်ရင်ထမင်းဖိုးဟင်းဖိုး ရနိုင်သေးပေမယ့် ...လူ့ အဖွဲ့ အစည်းတစ်ခုလုံးအတွက်ဆိုရင် တစ်ချို့ အခြေအနေတွေက တော့  ကမ္ဘာလုံးဆိုင်ရာ အမြင်ထောင့် ကနေ ပြောင်းကြည့် မှ အလုပ်ဖြစ်တာ။ ခေတ်က ပိုပိုသာလွန်တဲ့ ပညာတွေပါလာမှ ဆိုတာဟာ.ဆရာဝန်တောင် တစ်ဘွဲ့ ထဲနဲ့ တန်းဝင်တဲ့ လူလုပ်ဖို့ မလွယ်တော့ ပါဘူးလို့ တွေးလာကြတဲ့ ခေတ်လိုဖြစ်လာနေတာ ။နောက်တစ်ဘွဲ့ အတွက် ပြည်တွင်းမှာ ဖတ်ရမလား အပြင်ထွက် ဖတ်ရမလား ဆိုတာပါ ကျောင်းပြီးခါနီးရင် စအုံးစားနေကြာတောတွေဟာ ကြုံဖူးမှ နီးစပ်မှ....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..