အချိန်ကိုရင်း၍.....
------
ငွေကို အရင်းထားး အသက်မွေးတဲ့ သဘောထက် ပညာကိုရင်းပြီး အသက်မွေးတဲ့ သဘောမှာ ပေးဆပ်ရတဲ့ အချိန်သဘောမှာမတူကြဘူး. ပညာရင်းသမားက အချိန်တွေပိုပေးရလေ့ ရှိတယ်...အကြောင်းက ပညာရင်းသမားဟာ ပထမဆုံးပြန်ရတဲ့ အကျိုးက ပညာကောင်းတယ်ဆိုတဲ့ အမည်ကောင်းလက်မှတ်ပဲ ဒီအမည်ကောင်းလက်မှတ်ကို ရတော့ မှ နောက်ကနေ ဘ၀ရပ်တည်ဖို့ ငွေကြေးတွေ လိုက်လာတော့ တာမျိုးပဲ အနီးစပ်ဆုံးကတော့  သမားတော်ကြီးတွေသာ ကြည့် ပါတော့ ပဲ...။
ဒီလိုင်းကို ကျွံသွားရာက အပျော်သဘောကနေ အသက်မွေးအဖြစ် ခြေစုံပစ်တော့ မယ်လို့  စိတ်ဒုံးဒုံးချလိုက်ပြီး လိုအပ်တာတွေကို စပြီး ပလန်ချတဲ့ အခါ ဆိုင်းဘုတ်က မပါမဖြစ်ပေါ့ ...။ ခပ်သေးသေးလေးရေး ကိုယ်တိုင်တူတွေ သံတွေကိုင် ဆန်းရှိတ်ပေါ်ကတောင်းကျိုက်တက်..တဒုံးဒုံးနဲ့ ကိုယ်တိုင်သံရိုက်နေချိန်မှာ.အိမ်နားပတ်ဝန်းကျင်တွေက ဟာသ လာလုပ်ကြတော့ တယ်...တကယ်ဆောတော့ မယ်ပေါ့  ဟားဟားဟားဟား..တဲ့ ...မခံချင်စိတ် ထောင်းကနဲ ထွက်လာပေမယ့် ကိုယ်ရွေးခြယ်လိုက်တဲ့ လမ်း ကိုယ်တိုင်မရောက်ရောက်အောင်လျှောက်မယ်ဆိုတဲ့  စိတ်ကြောင့်  လည်ချောင်းဝရောက်လာတဲ့  ဒေါသစိတ်ကို တံတွေးတွေအဖြစ်အသွင်ပြောင်းပြီး မြိုချလိုက်ရင်း.....ဟဲဟဲံ...ဒီလိုပေါ့ ဖြစ်မလားလို့  ကြံကြည့် တာလေ..လို့ သာ ပြန်နောက်ရင်း ရယ်ကျဲကျဲနဲ့ သာ...ကိုယ့် အလုပ်ကိုယ်ဆက်လုပ်....
အပျော်သဘာမှာလူစည်သလောက် အခပေးဆိုလာတဲ့ အခါ တစ်လလောက် မှာ ကြောင်တမြီး ကြွက်တကောင်မှ မလာ..ဆိုင်းဘုတ်ပိစိလေးကြည့် ကြည့် ပြီး လမ်းထဲက ဖြတ်သွားဖြတ်လာတွေက ရီသွားကြ..တစ်ချို့ က ဆိုင်းဘုတ်ကို လာ အသံထွက်ဖတ် ဟာသလုပ်ကြ...အဟားးးး.....့ ...ရှက်သလား မောင်ရင်...အင်း..ရှက်တာပေါ့ ...ဒါပေမယ့်  စမိခဲ့ ပြီ....နောက်ဆုတ်လိုက်ရင် ငါ ဒီအရပ်မှာ လူဖြစ်မှာမဟုတ်တော့ ဘူး လို့ တွေးပြီး အချိန်တစ်ခုတော့စောင့် ရမှာပေါ့ လေနဲ့  မိဘထမင်းအိုးသာလှန်ဖွင့် စားနေခဲ့ ရတယ်...ထိုင်စားနေလို့ ရတဲ့ မိဘတွေ ရှိနေသေးတာကတော့  ကံဇာတ်ဆရာရဲ့  အတိတ်ကံပေးသဘော သက်ညှာခွင့် လေးတစ်ခုပဲဆိုတာတော့ အသိအမှတ်ပြုခဲ့ ရတယ်.
တစ်ယောက်တော့ လာပြီ...ဟားးး...ငွေအရေးမကြီးဘူး တစ်စိမ်းတစ်ယောက်ဖြစ်နေတာနဲ့ တင် လုံလောက်ပြီ ဆိုပြီး ၀မ်းသာချက်က ဘာနဲ့ မှ မတိုင်းတတ်အောင်ပဲ
ဒီလိုနဲ့ တစ်ပတ်ကို တစ်ယောက်စ နှစ်ယောက်စ..ကနေ တစ်လကို ၇ယောက်၈ယောက်...၊...ကိုယ်နဲ့ ခေတ်ပြိုင်တွေ စီးပွားသမားရင့် မာကြီးတွေဖြစ်ကြ ကဲကြပျော်ကြ တက်ကြွနေကြချိန် ကိုယ်မှာတော့  ကိုယ်ရည်ရွယ်ရာ ကိုယ်ရွေးတဲ့ လမ်းကနေ ဘေးမထွက်သွားရအောင် လိုချင်လောဘ ကဲချင်စိတ်တွေ အရွယ်ရဲ ပျော်ရွင်မှု့ တွေ ပိုင်ဆိုင်လိုစိတ်တွေကို တံတွေးအဖြစ်မြိုချ နားပိတ်ထားပါ ကန်းချင်ယောင်ဆောင်ထားပါ အချင်ယောင် ဒူချင်ယောင်တုံးချင်ယောင်ဆောင်ထားပါ
သူများအထင်ကြီးတာ သူများအထင်သေးတာ သူတို့ ကိစ္စ ကိုယ့် လမ်းကိုယ်လျှောက် ကိုယ့် ခရီး ကိုယ်သွား တစ်နေ့ တော့ ရောက်ရမယ်လို့  စိတ်ဇွဲကို ကြားကန် ကိုယ့် စိတ်ကိုယ် အနိုင်နိုင်ထူရင်းးးး...
ဒီနေ့ တောင် လှောင်ရယ်ခဲ့ သူ ဖြစ်မှာမဟုတ်ဘူးဆိုတဲ့ ဝေဖန်သူတွေ ဘာထကြောင်တာလဲလို့ အာမနာပစကားဆိုခဲ့ သူတွေ ၀န်းကျင်ကလူတွေ..ကိုယ့် ဆီမှာ ဥဒဟို..၀င်စို့ ထွက်စို့ လာစို့ သွားစို့ ......ကူညီပါဦးဆြာတဲ့ ..ဟုတ်ကဲ့ ပါဗျားးး.....ချင်းချင်းတွေပဲဟာ...လို့ ..ပေးခဲ့ ရတဲ့  အချိန်တွေ စွန့် လွှတ်ခဲ့ ရတဲ့  ဆန္ဒတွေ မေ့ ပစ်လိုက်ရင်း....။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..