'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Monday, June 8, 2015
အုပ်မြစ်..
အုပ်မြစ်..
---
အယူဝါဒသဘောက ကိုယ့် အဖေ အမေ ရဲ့ အပြုအမူတွေ အပေါ်မှာ တော်တော်ကြီးကို တည်တယ်..သူတို့ ဘယ်လောက် ကိုင်းရှိုင်းသလဲ..ကျနော်တို့ ကလေးဘ၀က အယူဝါဒရဲ့  သွန်သင်ချက်တွေဟာ မှားလား မှန်လားတောင် စီစစ်ကြည့် ဖို့  တွေးတောင် မတွေးခဲ့ ဖူးဘူး အမေတို့ အဖေတို့ လုပ်သလိုကို လိုက်ကိုင်းရှိုင်းတယ်.. ပထမခိုင်းလို့ လိုက်ကန်တော့ တယ် နောက် ခိုင်းစရာကို မလိုတော့ ဘူး...
.တစ်စ တစ်စ အဖေအမေ ယုံကြည်တဲ့  အဖေအမေတွေရဲ့  အပြုအမူတွေ ယဉ်ကျေးမှု့ တွေအောက်မှာ နောက်ကလိုက်ပြီး ပျော်ဝင်သွားလိုက်တာ မူလတန်း အလယ်တန်းနဲ့ စတိတ် ကိုလည်းရောက်ရော ဘုရားမြင်ရင်ကို မလေးမစား လုပ်ကို မလုပ်ရဲတော ဘူး..ဘုရားရုပ်ပွားတော်ခေါင်းကို လိုအပ်လို့ ကိုင်တွယ်ရတာတောင် ကန်တော့ နော် ကန်တော့ နော် လို့ စိတ်က အကြိမ်ကြိမ်တောင်းပန်ပြီးမှ ကိုင်ရဲတော့ တယ် ရွှေတွေ ဘာတွေ ချပြီး ပူဇော်တဲ့ အခါမျိုးပေါ့ 
ဘုရားမြင်တာ နဲ့ ဒါ ဘုရားပဲ ကန်တော့ မှာပဲ ဒါပဲ သဘောအထိ ဘာတရားမှ ကျင့် မကြည့် ရသေးပဲနဲ့ ကို ဘုရားကို ဘုရားအဖြစ် စွဲသွားပြီး ..အဖေနဲ့ အမေသာ ခပ်ပေါ့ ပေါ့  (၀ါ) ဖာသိဖာသာ ဆို ကျနော်တို့ လည်း ခပ်ပေါ့ ပေါ့  (၀ါ) ဖာသိဖာသာဖြစ်လေမလား..တွေးစရာ..
အဲ့ ဒီလို ဘုရားကိုဘုရားအဖြစ် စွဲလာတာဟာ အဖေအမေကြောင့် စ ဖြစ်လာတာသာဖြစ်ပြီး အမုန်းတစ်ခုခုမပါခဲ့ ဘူး တစ်ခုခုကို မုန်းပြီး ဘုရားကိုစွဲလာခဲ့ တာမဟုတ်ခဲ့ ပဲ ဘုရားကို မေတ္တာဝါဒီဘုရား ငြိမ်းချမ်းတဲ့ ဘုရား အေးချမ်းတဲ့ ဘုရား သရဲမကြောက်ရတော့ တဲ့  ကန်တော့ လိုက်ရင် ကံကောင်းတတ်တဲ့ ဘုရား အဖြစ်နဲ့ ပဲ ရိုးရိုးလေးစွဲလာတာမျိုးပဲဖြစ်တယ်
အဲ့ ဒီ ဘုရားကို ဘုရားအဖြစ် စွဲသွားတာဟာ ဘယ်လောက်အထိ ခိုင်မယ်ထင်သလဲ...ထင်တာထက်ကို ခိုင်တယ်....
Labels:
အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..