ဗေဒင်ကို ချဉ်းကပ်တဲ့ စတိုင်
-----------
၅ကြွင်း အင်္ဂါတစ်ယောက်ရဲ့  ဘ၀ခရီးရှည်ကြီး ဖြတ်သန်းမှု့ ပုံရိပ်ကို ကံကောင်းထောက်မလို လူရှင်တစ်ယောက် အဖြစ် ကိုယ့် အိမ်ကနေ ထိုင်အကဲခပ်ခွင့် ရတာဟာ
၁၉၊ ၆၊ ၁၉၄၅ အင်္ဂါနေ့ မွေးသူ ဒီမိုစု ပေါ့ ဗျာ..
၅ကြွင်းတွေ ရဲ့ တနင်္ဂနွေ မရဏနံ အကောင်းအဆိုးသဘောတွေ အတိတ်ကံ ပစ္စုတ်ပန်ကံ သဘောတွေကို ဘ၀ရဲ့ အလျော်အစားတွေ ပျော်စရာတွေ ကြေကွဲစရာတွေ အတွင်းလူတွေရဲ့ ရန်သဘောတွေ အပြင်လူတွေရဲ့ မိတ်သဘောတွေကို တကယ့် ကိုထင်ထင်ရှားရှားကြီးတွေ့ နေရတဲ့  သဘောရှိလို့ ပညာယူဖို့ တိုးဖို့ အတွက် တကယ့် သက်ရှိစံနမူနာကြီးသဘောပေါ့ ဗျာ..
မိသားစုနဲ့ ပတ်သက်လာရင် အိမ်နဲ့ ပတ်သက်လာရင် ..ကိုယ့် မူရင်းဇာတိနိုင်ငံနဲ့ ပတ်သက်လာရင် ကိုယ့် ရဲ့ မျိုးနွယ်စုတွေနဲ့ ပတ်သက်လာရင်.ပေးဆပ်ရတာ ပိုင်ဆိုင်ရတာတွေ မိသားစုသဘောတွေ သူငယ်ချင်းသဘောတွေ အတွင်းလူက အပြင်လူ အပြင်လူက အတွင်းသဘောတွေ .သူ့ တို့ စားရတတ်တဲ့ ရောဂ်ါဘယသဘောတွေ .စသဖြင့် ပေါ့ 
ဒါဟာ ဟောကိန်းထုတ်ဖို့ မဟုတ်ပဲ နောက် အလုပ်သဘောအရ ကိုယ်ကြုံရနိုင်တဲ့  ၅ကြွင်းတွေကို ဘာတွေဟာ သံသရာက ၀ဋ်သဘောတွေ ဘယ်ဟာတွေက ပစ္စုတ်ပန်အားထုတ်မှု့ တွေ ဘာတွေကိုပေးဆပ်ရနိုင်တယ် ဘာတွေ ပြန်အက်ရှင်လာနိုင်တယ် စသဖြင့်  လမ်းကြောင်းတွေ ချပြလို့ ရတယ်ပေါ့ လေ...
ဒါဟာ ကျနော့် ရဲ့ ဗေဒင်ကို ကိုယ့် ဘ၀ခရီးစဉ်ဖြတ်သန်းမှု့ မှာ လက်တွေ့ ကျကျ သုံးစွဲပြီး ဖြတ်သန်းသွားနိုင်အောင် အဓိကအဖြစ် ချဉ်းကပ်တဲ့ စတိုင်ပါပဲဗျာ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..