ကျမ်းကိုး...
---------
အဲ့ ဒါနဲ့  အဲ့ အဖွားက သူ့ ချွေးမ အသက် ၄၃နှစ်က ခုမှ သက်ဦးမြေးလေးယူပေးလို့  ၀မ်းသာပြီး တော်ပါသေးရဲ့ တဲ့  ကျမတို့ မျိုးဆက်လေးကျန်မှ ကျန်ပါ့ မလားလို့ စိတ်ပူနေတာ သားရော ချွေးမလေးရောက တစ်ဦးတည်းသော သားတွေ သမီးတွေ ဆြာလေးရဲ့  ''' လို့  မြေးဦးလေး ခွဲမွေးမယ့် ရက်ကို ဂျူ့ ဒိတ်နဲ့ ချိန်ရင်း တွက်ရင်းပြောလာတော့  ကျနော်က နောက်တော့ တာပေါ့ 
...''''အမလေး အဖွားရာ...ကျနော်တို့ ဘုရားများ သူ့ မျိုးဆက်ကျန်မှာ စိုးလို့ တရားတွေ ဟောဟောပြီး သူ့ လူ့ ဘ၀က သူ့ သားရော သူ့ ညီရောသူ့  ကြင်ရာတော်ရော သူ့ မိဘတွေရော.. သူ့ အမျိုးတွေရော အကုန်ခေါ်ချသွားတာ ၃၁ ဘုံထဲ သတ္တ၀ါ တစ်ခုခုပြန်ဖြစ်မှာတောင် စိုးနေတာ..သူ့ တရားတွေရဲ့ နောက်ဆုံးပစ်မှတ် လမ်းစဉ်ပဲကြည့် ....တစ်ကမ္ဘာလုံးက လူတွေ ၃၁ဘုံ ထဲ လည်နေတာကနေ အပြီးထွက်သွားဖို့ အဓိကပစ်မှတ်ထား ဟောသွားတဲ့ ဟာ မျိုးဆက်ကျန်မှာတွေ မကျန်မှာတွေ အရေးမကြီးပါဘူး အဖွားရာ မကျန်ရင် ပိုတောင်ကောင်းသေး..''' လို့ ပြောလိုက်တော့  ရီပါလေရောဗျားးးး....ဟီးဟီးးး.
အဲ..အားလုံးပြီးတော့ ပြန်ခါနီး ငြီးပြန်ရော '''ကျွတ် ကျွတ် တဲ့  ဒူးခေါင်းက နာနေတာကြာပြီ အသက်ကြီးလာတော့ ထမကောင်း ထိုင်မကောင်း တဲ့  ဆေးသောက်ရ လူးရနဲ့ တစ်ကိုယ်လုံးလည်း ဆေးစော်ချည်းနံနေပြီ.''' .တဲ့ ...အင်းးး..ပြန်ခါနီးလေး နောက်လိုက်ဦးမှ ဆိုပြီး...ဟားး..ကျနော်တို့ ဘုရားလည်း ရောဂါထူတယ်ကြီးဒေါ်ကြီးရဲ့ .ဟဲဟဲ ဟဲဟဲ..လို့ စကားစလိုက်တော့  ကြီးဒေါ်ကြီး မျက်လုံးပြူးသွားရောဗျာ့ ...အဲ့ တော့ မှ စကားဆက်ရတာ..
.ဟုတ်တယ်..ဘုရားရဲ့ ဝဋ်ကြွေးတော် ၁၂ ပါးထဲမှာပါတယ်လေ ဟိုသံသရာတုန်းက ငါးသည် ငါးခေါင်းထုတာကို အကုသိုလ်ဝင်ယူလိုက်လို့  အခုနောက်ဆုံးဘ၀ရောက်တော့  ခေါင်းခဏခဏကိုက်တဲ့ ရောဂါရှိလာတယ်တဲ့ ဗျ...ပြီးတော့  လက်ဝှေ့ သမားဖြစ်တုန်းကတဲ့  ပြိုင်ဘက်ကို ရိုးရိုးအနိုင်ယူတာမျိုးမဟုတ်ပဲ ပြိုင်ဘက်ရဲ့ ခါးကိုပါ စေတနာပါပါနဲ့ ဒူးပေါ်တင်ချိုးတဲ့ ဝဋ်ကျွေးကြောင့် တဲ့  အခုနောက်ဆုံးဘ၀မှာ ခါး ခဏခဏနာတယ်တဲ့ ..ပြီးတော့  ဘုရားလည်း ၀မ်းချုပ်တတ်လို့  သမားတော်ဇီဝက က ကြာပန်းပေါ်အမှုံ့ ဖြူးရှူရတဲ့ ဝမ်းပြော့ ဆေးကို လုပ်ပေးရတယ်လေ.အဲ့ တော့ ဆေးသောက်တာဆေးလူးတာတွေလဲ နေ့ တိုင်း ထမင်းစားသလိုပဲ သဘောထားလိုက်ဗျာ......ဟဲဟဲ..လို့ ဆိုလိုက်တော့ ...ထပ်ပြီး ရီပါလေရောဗျားးး...ဟီဟီးး....ကျမ်းစာတွေထဲက ဇာတကတွေ ဖတ်တယ်ဆိုတာ ဂလို....အဟီးးး..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..