သူနဲ့ ကွဲချင်လို့ တဲ့ ...ငိငိ...ငင့် ..
------------
အဲ့ အမျိုးသမီး ပြန်သာသွားရော သူတို့ ကိစ္စက လင်မယားလား အတွဲရီးစားလား ဘာမှန်း အတိအကျ မသိလိုက်ဘူး..ဒဲ့ မေးရမှာလဲ အားကနာနေတာနဲ့  အဟီးးး...
အဖြစ်က အဲ့ အမျိုးသမီး ပြောပုံက သူနဲ့ တွဲနေတဲ့ တနင်္ဂနွေသားကို အပြီး ဖြတ်ချင်လို့  ဆိုပြီးလာတာ..သူက ၁၂လပိုင်း ၈၀မွေး ၅ကြွင်း ကြာသာပတေး လစိတ်က ဟူးလစိတ် ရှေ့ မှာ စနေလစိတ်..အခုက သောကြာသက်ရောက် အသက် ၃၅ မွေးလကျော်ရင်
အသက် ၃၆ တနင်္ဂနွေမရဏသက်ရောက်ဝင်တော့ မှာ....
သူဖြတ်ချင်တယ်ဆိုတဲ့ တနင်္ဂနွေသားက ၁၀လပိုင်း ၆၉ ဆိုတော့  ၁ကြွင်း ဘင်္ဂဖွား အသက် ၄၆ ကြာသာတေးသက်ရောက် မကြာခင် အသက် ၄၇ ရာဟု မရဏ သက်ရောက် ၀င်တော့ မှာ ရက်ပိုင်းလိုတော့ တယ်...ဒီတော့  ၂ ယောက် သက်ရောက်သဘောတွေအရ သူ့ ဟာသူတောင် ကွဲဖို့ လွယ်နေတဲ့  သက်ရောက်တွေဖြတ်တော့ မှာဆိုတာ မြင်သာနေလို့ ကွဲဖို့ ယတြာတောင် တကူးတက ပေးစရာမလိုတော့ ဘူးပေါ့ 
ကွဲဖို့ ယတြာဆိုလို့  ကွဲဖို့ ယတြာ ဘယ်တုန်းကမှ လုပ်မပေးခဲ့ ဘူးဗျ...(၀ဋ်လည်တတ်တယ်လေ...ဟီးဟီး..ငိငိ)...ကွဲလုလုတွေကို ပေါင်းဖို့ ချည်း လုပ်ကြည့် ခဲ့ တာတွေပဲများတာ...ဒါနဲ့  သူ့ ကိစ္စ ဘဲကြီးက အဲ့ အမျိုးသမီးဖက်က အမျိုးတွေကို လိုက်ပြောမယ် အရှက်ခွဲမယ်လို့ ခြိမ်းခြာက်နေတာကို စိုးရိမ်တယ် ရန်ရှာမှာလဲစိုးတယ် ဖြတ်မှာက လူကြီးစုံရာနဲ့  ဖြတ်မှာ အဲ့ အတွက် ယတြာလို့ ဆိုလာတယ်...
ကျနော်က အဲ့ အမျိုးသမီးဗေဒင်လာတွက်ချိန် ဗုဒ္ဓတိုင် အလိုအရ ကွဲမှာက ကွဲကိန်းကို ၂ ယောက်စလုံးထပ်တော့ မှာ ဖြစ်လို့  မကွဲမှာတော့ မပူရပါဘူး..ဒါပေမယ့်  ကိန်းသဘောအရ တစ်လလောက်တော့  ဖိုက်ရလိမ့် မယ် အဲ့ အတွက် စိတ်ရှည်ပေးဖို့ တော့ လိုတယ် လို့ အရင်ပြောပြီး....ကိုယ့် ကိုယ် ရန်ရှာလို့ မရအောင်တော့ စွယ်တော်ရွက်လှုတာ ရေစိမ်ချိုးတာ လူမှာဆောင်တာတွေ ညွှန်လိုက်ပြီး ဘဲဥပြုတ်တစ်လုံးကို အခွံခွာဆားဖြူးပြီး
ကိစ္စပြီးတဲ့ အထိ ဘုရားကို ခဏခဏကပ် အဲ့ တနင်္ဂနွေသားကိစ္စ စာရင်းရှင်တဲ့ အခါ အဆင်ပြေပါစေ ဘာညာပြောချင်တာပြောကပ်လို့ ယတြာပေးလိုက်တယ်ပေါ့ လေ...
ပြီးတော့  အရှက်ခွဲမယ်ဘာညာ ခြိမ်းခြောက်တာ မကြောက်ဖို့ က ဘေးလူဆိုတာ သူများကိစ္စကို အင်တာတိန့် မန့် လောက်သဘောထားတာ လာအတင်းချသမျှ ထမင်းစားကောင်းအောင် ထိုင်နားထောင်ပေးမယ် ချွန်တွန်းလုပ်ပေးမယ် ဒါပဲ..ပြီးရင် မေ့ သွားပြီး ကိုယ့် အလုပပ်ကိုယ်ဆက်လုပ်နေတာ အဲ့ တော့  ဘေးက ဘာပြောပြော ဂရုမစိုက်နဲ့  ပစ်ထားလိုက်..ပြီးတော့  အဲ့ တနင်္ဂနွေသားက သူ နိုင်လောက်တဲ့ သူသာ ၀ူးဝူးဝါးဝါး ဗိုလ်ကျရဲတာ တကယ်တန်း သူ့ ကို ပြန်ဖြဲတဲ့ လူနဲ့ တွေ့ ရင် ကျွတ်ကျဲသွားတာ
ဒီတော့  သူ့ ကို ပြန်ဖြဲလိုက် လိုက်အပ်ရင် ဆဲလိုက် သူ့ ထက်၂ ဆ ၃ဆ ပြန်ဖြဲလိုက်ရင် ပွဲပြီးတယ် လို့ ပြောပေးလိုက်တာပေါ့ ...
အဲမှာ အဲ အမျိုးသမီးက အားတွေတက်သွားပြီး ( ခ်ခ် ) ထပ်ပြောလာတာက ပစ္စည်းတစ်ချို့  သူယူမယ်လို့ြောတယ် အဲ့ ဒါခွဲပေးဖို့ ...ဆိုလာတော့  ( အဲ့ မှာ မျက်စိလည်တာ..ပစ္စည်းခန်းတွေပါနေတော့  အတွဲလား လင်မယားလား ဘာမှန်းကို မသိတော့ ဘူး..ငိငိ )....ကျနော်က ခင်ဗျားက ၈၀ဖွား ဖြစ်နေတယ်..အခုက အဲ့ တနင်္ဂနွေသားမှာ ကွဲကိန်းလေးပေါ်လာလို့ သာ ကွဲချင်ရင် နင်းခိုင်းနေတဲ့ သဘောပဲ ရှိတာ တကယ်က တနင်္ဂနွေသားနဲ့  နွယ်မိ ပတ်သက်မိပြီဆိုရင် ၈၀ ဖွား ခင်ဗျားက စပြီး လွယ်လွယ်နဲ့  ခွဲလို့ မရနိင်ဘူး....အဲ့ တော့  သူ့ ဖက်က ပစ္စည်းတစ်ချို့  လိုချင်တယ်လို့ အသံထွက်လာရင်တောင် ခင်ဗျား အတွက် ကံသာ
လာပြီ ဆိုတဲ့ သဘောာရှိတယ် အပြီးကွဲပြီဆိုရင်တောင် အဲ့ တနင်္ဂနွေသားရဲ့  ၀ဋ်ကျွတ်ပြီလို့  ဆိုလို့ ရတယ် အဲ့ တော့  ကိုယ်လိုရာဆန္ဒဖြစ်ဖို့  ပစ္စည်းကိစ္စမှာ ကိုယ်က နဲနဲ ချကျွေးလိုက်ဖို့ လိုတယ်လို့ ပြောလိုက်တော့  အဲ့ အမျိုးသမီး သဘောပေါက်သွားတယ်.အဲ့ တော့ မှ သူကပြောတာ ကွဲဖို့ ကြိုးစားနေတာကြာပြီတဲ့ ...အခုမှ နီးစပ်လာလို့ တဲ့ ...
ဒါနဲ့ နဲနဲတော့ သတိပေးလိုက်ရသေးတယ် ကွဲမလို့ လုပ်နေရင်းက ဟိုလိုလို ဒီလိုလိုနဲ့ ပြန်နွယ်နေရင် နောက်တော်တော်နဲ့  ကွဲလို့ ရမှမဟုတ်ဖူးနော် ..ပြီးတော့ ဒီတနင်္ဂနွေလက်က လွတ်ပြီဆိုပြီး နောက်တနင်္ဂနွေလက်ထဲတော့ ထပ်မရောက်စေနဲ့ ပေါ့ ဗျာ...၈၀ ဖွားဆိုတာ အပျော်တွဲ ဟေးလားဝါးလားတွဲတော့ အဆင်ပြနေတတ်သလောက် အတည်လို့ စိတ်ထဲလည်း မှတ်လိုက်ရော ကွိုင်တွေတန်းစီလာတော့ တာမျိုးဗျာ...ရီးစားထားရင် ဂွတ်ပြီး အိမ်ထောင်ရေးလုပ်ပြီဆို အဖုအထစ်တွေ တစ်ပုံကြီးကြုံရတာမျိုးလို့  ထပ်တွန့် ပေးလိုက်တော့  ဟုတ်တယ် ဟုတ်တယ်..ဘာနေ့ သားဆို အဆင်ပြေမလဲ ဆြာတဲ့ ...ငင့် ...:P 😁 အဟီးးး.....