------------
လာတွက်တဲ့ တစ်ယောက်က မေးလာတယ် ဆြာတစ်ယောက်က သစ်အယ်သားနဲ့  သံလျက်ပုံလေး ထုဆောင်ခိုင်းထားလို့ ရွှေချ ဆောင်ထားတယ် ကောင်းလား ဘာဖြစ်နိုင်လဲတဲ့ ..ကျနော်က..
ကောင်းလား မကောင်းလား ကိုယ်ဆောင်ထားတာပဲ ကိုယ်သိမှာပေါ့ ဗျာ..ကျနော်မဆောင်ဘူးလို့  ဘယ်လိုနေမယ်တော့ မသိလို့  ဖြေလိုက်တော့  ဆရာသမားက ဇွတ်ထပ်မေးလာတာက
မှုတ်ဖူးလေ ဆောင်ထားတာ မကြာသေးလို့  ကြာကြာဆောင်ရင်ဘာဖြစ်နိုင်လဲလို့ ပါ လို့ ထပ် တွန့် လာပြန်ရော...အဲ့ တော့  ဗေဒင်ဆြာ သွေးက ကြွလာတယ်...ဗေဒင်ဆြာသွေးဆိုတာ
ဘာမေးမေး နောင်ခါလာနောင်ခါဈေး မှားမှား မှန်မှန် အဖြေတစ်ခုခုတော့  ကြံဖန်ပြီး ပြန်ဖြေလိုက်တာမျိုးကို ဗေဒင်ဆြာသွေးလို့ ပြောတာ ဗေဒင်ဆြာ မဖြေနိုင်တဲ့ မေးခွန်းမရှိဘူး ဖြေတာ မှားတာ မှန်တာပဲရှိတယ်...ငိငိ..ခ်
အဲ့ တော့  ကျနော်က သံလျက်အဆောင်သမားကို ပြောချလိုက်တာပေါ့ ..အင်း...ဘုရင်ဖြစ်ရင်ဖြစ် မဖြစ်ရင် ခင်ဗျားမှာ အလကားနေရင်း ရန်ဘက်တွေ ပေါလာလိမ့် မယ်ဗျ...လို့ ဖြေလိုက်တော့ ...ဟမ်..တဲ့ ..အဟီးးးး..ငိငိ
ပြီးမှ ဘာလို့ လဲတဲ့ ...အဲ့ တော့ ကျနော်က စဉ်းစားတာများလွယ်လွယ်လေး ခင်ဗျား တွေးကြည့်  သံလျက် ဆိုတာ ငြိမ်းချမ်းရေးလက်နက်လာ လူသတ်လက်နက်လား အဲ့ ကနေ စတွေးလိုက်တာနဲ့  ပညတ်သွားရာဓါတ်သက်ပါသဘောထဲ ကြာလာရင် ဓါတ်ခိုင်လာတဲ့ သဘော
လှမ်းကြည့် ရင် အကျိုးဆက်ဘာဆိုတာ လွယ်လွယ်လေးတွေးလို့ ရပါတယ်ဗျာ....လို့ ဆိုလိုက်တော့ .....ဒါဆိုမဆောင်တော့ ဘူးတဲ့ .....ဟီးဟီး...အဲ့ ဒါပဲ..တစ်ချို့  မေးသူတွေဆိုတာ ယုတ္တိရှိအောင်ပြောတော့  ယုံသွားပြန်ရောဗျာ....အဖြစ်က....အဲ့ ဒါနဲ့ ပဲ ဗေဒင်ရယ် အဆောင်တွေရယ်နဲ့ ရွာတွေလယ်...ငိငိ
( ဒါတောင် အဲ့ အဆောင်ကို ဘာအတွက် ဆောင်ရတာလဲ လို့ တောင်မေးခွန်းပြန်မထုတ်ရသေးဘူး...အဟီးးး)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..