
.ရေလိုအေးလို့ ပန်းလိုချမ်းမြေ့ ပါစေ
-----------------------
ဂရုထဲမှာဆို ဒါ တင်တာ ဒါနဲ့ ဆို သုံးခါမြောက်လောက်ရှိပြီပေါ့ ...အရင်ကတင်ထားတာ မသိလိုက်သူတွေအတွက် ပြန်ပြောပြတာပါ...ကျနော်က အိမ်တွင်းပြီး ကောင်းမှု့ သဘောတွေကို အချိန်ရရင်ရသလို တွေးတောကြံဆနေလေ့ ရှိပါတယ်
အဲ့ ကနေ အိမ်မှာ နေ့ စဉ် ဘုရားရေသပ္ပါယ်တဲ့  အကြံအစီလေးကို ရလာပြီး လက်တွေ့ လုပ်လာတာ နှစ်တွေကြာခဲ့ ပြီ..အပြင်ဘုရားမှာ ရေသပ္ပါယ်တဲ့  ဓလေ့ ကို ကိုယ့် အိမ်ထဲယူထည့် လိုက်တဲ့ သဘောပေါ့ ..မိုးလင်းရင်လုပ်စရာရှိတာလုပ်ပြီး ဘုရားရေသပ္ပါယ်လိုက်လေ့ ရှိတယ်..ရေလိုအေးလို့ ပန်းလိုချမ်းမြေ့ ပါစေ သဘော..အေးချမ်းမှု့ နမိတ်ပုံယူပြီးတော့ ပေါ့ ..ကံကောင်းတာက မိဘတွေလက်ထက်က ဘုရားစင်က ကျယ်တော့  အစဉ်ပြေသွားတယ်..
.ခုတော့  တစ်အိမ်လုံးပါပဲ သူတို့ ကျောင်းတွေအလုပ်တွေ မသွားခင်ဘုရားရေသပ္ပါယ်သွားကြတယ်..ကောင်းမှု့ တစ်ခုပေါ့ လေ..ဖလားထဲရေပြည့် လာတော့  ပန်းပင်သွားရေလောင်းလိုက်တာပေါ့ လေ...
ရုပ်ပွားတော်ကလဲ မခက်ပါဘူး စတိုးဆိုင်က မြဘုရားတစ်ဆူ ၀ယ်ပင့်  ကလပ်ပေါ်တင် ဖလားထဲထည့် ထားတာ....အများကြီးပါပဲ ကြံစီတတ်ရင် ကိုယ့် အိမ်ထဲတင်ပြီးတဲ့ ကောင်းမှု့ တွေ (၀ါ) ယတြာတွေ...ဒီလို အကြံအစီတွေသဘောက အများသူငါ ငွေကုန်သက်သက်သာသာနဲ့ 
အဆင်ပြေစေဖို့ ဆိုတဲ့ စိတ်အခြေခံကနေ ဖြစ်ဖြစ်လာတာ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..