Powered By Blogger

Monday, October 19, 2015

ဆရာကံ တပည့် ကံ... ---


ဆရာကံ တပည့် ကံ...
---
အစက ပေါက်ကရဆရာတွေ အကြောင်းကြားရင် လောကဓံအကြောင်း ဂြိုလ်စီးဂြိုလ်နင်းတွေအကြောင်း လူတွေကို နေစရာနေရာ မရှိအောင် ပြောတဲ့ နေရာမှာ အိုဗာဖြစ်အောင်ပြောတဲ့ ဆရာတွေ အကြောင်း ကြားရ မြင်ရရင် အဲ့ လို ပေါက်ကရဆရာတွေ အိုဗာဆရာတွေကြောင့်  လောကဓံသဘောကို ဂြိုလ်စီးဂြိုလ်နင်းသဘော လိုတာထက်ပိုပြီး အကြောက်ကြီးကြောက်နေတတ်တဲ့  လူတွေ မေးသူတွေ တပည့် တွေကို သရော်ပစ်လိုက်ချင်တယ် ဟားပစ်လိုက်ချင်တယ်  အဲ့ ပေါက်ကရဆရာတွေကိုလဲ အဲ့ တော့ ဘာဖြစ်လဲ မင်းတို့ ပြောတဲ့  စနေဂြိုလ်လဲ ငိငိကွာ ပဲဆိုပြီး ဆဲပစ်လိုက်ချင်တယ်ပေါ့ ဗျာ
...( ဘေးကနေ ဖြစ်နေတာ ..ခ်ခ်...)

နောက်တော့ မဖြစ်တော့ ပါဘူး...ဓမ္မစာတွေဖတ် ( အထူးဖတ်တာ ဇိနတ္တပကာသနီ ဖတ်တာ..) ဖတ်ရင်းကနေ ကံ တွေ အကြောင်း ရိပ်မိလာတယ်...ဘုန်းကြီးဟောလို့  ရိပ်မိတာ မဟုတ်ဖူး ကိုယ့် ဟာကိုယ် အတွေးနဲ့ ရိပ်မိလာတာမျိုး...အဲ့ ထဲမှာ ကျနော်တစ်ခါက ရေးပြဘူးတယ် အခု ဘ၀ဖြစ်နေသမျှတိုင်းမှာ အတိတ်ကံ သတ္တိရဲ့ လောင်းရိပ်တွေ ပါနေတယ်လို့ လေ ပစ္စုတ်ပန်ကံအကြောင်း ဘယ်လောက်ပြောပြော အတိတ်ကံက အချိန် မကျရောက်သေးရင်း ဘုရားနဲ့ ဒဲ့ တွေ့ တောင်  တရားမပေါက်ဘူုး ...တရားမပေါက်ယုံကတော်သေးတယ် ဘုရားကိုသွားပြဿနာရှာမိမှ မြေတောင် အမြိုခံလိုက်ရနိုင်သေးတဲ့  အန္တရယ်ရှိသလိုပဲ....သဘောက ဘုရားနဲ့ ဒဲ့ တွေ့ တိုင်း ကျွတ်တန်းဝင်မယ်ချည်း တွေးထားလို့ မရဘူး အဆင်မသင့် ရင် ဒေ၀ဒတ်စိတ်ဝင်ပြီး မြေမြိုနိုင်တယ်ပေါ့ 

ဒီလိုသဘောပေါ့  အဂုံလိမာလ က အင်္ဂုလိမာလမဖြစ်ခင် လူကောင်းလေးတပည့် ကောင်းလေး  အင်္ဂုလိရဲ့ ဆရာကလဲ ဆရာကောင်းလေး...အခြေအနေတစ်ခုက ကြားဖြတ်ဝင်လာတော့  အင်္ဂုလိလဲ လူဆိုးဖြစ် အင်္ဂုလိရဲ့ ဆရာလဲ ဆရာဆိုးဖြစ်ကရော...အင်္ဂုလိ လူဆိုးဖြစ်ချိန်က ကံဆိုးချိန်ပေါ့ ...နောက်တော့  ဘုရားနဲ့ တွေ့တော့  အင်္ဂုလိ လူကောင်းဖြစ် သံသရာက လွတ်ပေါ့ ..အဲ့ အချိန် ကံကောင်းချိန်ပေါ့  ဘုရားက အင်္ဂုလိအတွက် ဆရာကောင်းပေါ့  အဲ့ မှာ တွေးကြည့် ပါ  အင်္ဂုလိက ဆရာကောင်းတွေ့ ပါရစေဆိုပြီး လိုက်ရှာနေခဲ့ တာမဟုတ်ဖူး သူရှာတာ ပထမဆရာဆိုးညွှန်ကြားတဲ့ လက်ညှိုး......

ကျေးဇူးသဘောသာ ယူတတ်ရင် ဆရာဆိုးတောင် အင်္ဂုလိရဲ့  သံသရာကလွတ်မြောက်ရာ ဓမ္မလမ်း အတွက် ကျေးဇူးရှိတယ် ပထမဆရာသာ ဆရာဆိုးဖြစ်မသွားရင် အင်္ဂုလိလဲ လူဆိုး တပည့် ဆိုးဖြစ်သွားမှာ မဟုတ်ဖူး ဆရာဆိုးက မခိုင်းရင် သူများ လက်ညှိုးတွေလဲ လိုက်ဖြတ်ဖြစ်မှာမဟုတ်ဖူး လက်ညှိုးတွေ မဖြတ်ဖြတ်ရင် ဆရာကောင်းဆိုတဲ့  ဘုရားနဲ့ လဲဆုံစရာအကြောင်း မဖြစ်လာနိုင်ဘူး ဘုရားနဲ့ မဆုံရင် အင်္ဂုလိလဲ အင်္ဂုလိဖြစ်လာမှာ မဟုတ်ဘူး.......( ဒီပြဿနာကြီးမှာ ဘုရားဆိုတဲ့  ဆရာကောင်းရော လက်ညှိုးဖြတ်ခိုင်းတဲ့ ဆရာဆိုးရော ဟာ တကယ်ဆို အရံ သဘောတွေနေရာမှာ အဓိက ဖြစ်နေတာ တပည့် ကောင်း တပည့် ဆိုး လူကောင်း လူဆိုး စောစောက တောပုန်း လူသတ်သမား အခု ရဟန္တာ ဆိုတဲ့  အင်္ဂုလိမာလကံက အဓိက...သူ့ ကံကြောင့် ဖြစ်နေတာမျိုး....)

အင်္ဂုလိမာလရဲ့ ဘ၀လမ်းမှာ အထူးခြားဆုံး အဖြစ်တစ်ခုက (၀ါ) စိတ်တစ်ခုက ဆရာဆိုးရော ဆရာကောင်းကရောက ခိုင်းသမျှကို ဒါလုပ်ဆို လုပ်ထဲ့ လိုက်တာတာချည်းပဲဆိုတဲ့  ဆရာခိုင်းတာ မှန်သမျှ ငြင်းနေပုံမရပဲ အကုန်လုပ်တဲ့ တပည့် စိတ်က  ထူးခြားစိတ်ပေါ့  အဲ့ စိတ်က ဓမ္မလမ်းကို ရောက်သွားဖို့ အကြောင်းတစ်ခု ဖြစ်တယ်..အရာရာသံသယသမားတွေကတော့ ....ခ်ခ်...( သံသယစိတ်မရှိပြန်ရင်လဲ လွတ်မြောက်ရာလမ်းဓမ္မနဲ့ နီးစပ်ချင်မှနီးစပ်မှာ...ငိငိ )

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..