ရယ်စရာကောင်းတယ်..
-----------
ကိုယ့် ကိုယ်ကိုယ် ရယ်စရာကောင်းတယ်လို့ ပြောတာပါ...ခိခိ..ဒါပေမယ့်  အလုပ်ဖြစ်နေလို့  ရယ်ချင်ပေမယ့်  ဒီနေ့ အထိ အခု ပြောတဲ့ နည်းတွေကို တပွဲတိုးအဖြစ် သုံးနေဆဲပါပဲဗျာ....ဘယ်သူ့ ကံကြောင့် အလုပ်ဖြစ်နေသလဲ သဘာဝကောကျရဲ့ လားနဲ့  ဘာကြောင့် အလုပ်ဖြစ်နေတတ်သလဲ စသဖြင့်  စသဖြင့် နောက်ထပ်လေးလေး နက်နက် တွေးစရာတွေ မေးခွန်း ထုတ်စရာတွေ တန်းစီပြီး ရှိပေမယ့်  မေးခွန်း မထုတ်ရဲ ဘူး ဆက်မတွေးရဲဘူး..တပွဲတိုးလေး အလုပ်ဖြစ်ပြီးရောနဲ့  မေးချင်စရာ မေးခွန်းတွေ တစ်ချို့  အတွေးတွေကို ပြန်သိမ်း မသိချင်ယောင်ဆောင် လောကရဲ့  လောကီ အလိုရမက်တွေကြားထဲ ဆက်လက်ကျင်လည်နေဆဲပဲပေါ့ လေ...
ရယ်စရာကောင်းတယ်ဆိုတဲ့ အဖြစ်တွေထဲက တစ်ခုပေါ့ ...ကျနော့ ဆီမှာ အကောင်ကြီးတွေထဲက ပေါက်ဖွားလာပြီး အကောင်ကြီးတွေနဲ့  ခွင်ရိုက်စားနေတဲ့  အမျိုးသမီး တစ်ယောက်ရှိပါတယ်...သူက အလုပ်အကိုင် ပြောင်းလိုတဲ့  ရာထူးတက်လိုတဲ့ ဝန်ထမ်းတွေ အပြောင်းအရွှေ့ ကိစ္စတွေကို သူတို့ အထက်က အကောင်ကြီးတွေကို ကြားပွဲစားအဖြစ် လိုက်ပြောပေး ဖုံးဆက်ပေးတဲ့ အလုပ်ကိုလုပ်ပါတယ်..သူ့ အမျိုးအကောင်ကြီးရဲ့ ဘက်ကရောင်း အရှိန်အ၀ါကိုသုံးပြီးတော့ ပေါ့ .( ခွင်တွေ) ငိငိ .
အဲ့ ကိစ္စမှာ ကျနော့် ဆီ သူလာတာက အဲလိုကြားကနေလုပ်ပေးတဲ့ အခါ အဆင် ပိုပြေသွားအောင် တပွဲတိုးယတြာ လာလာယူလေ့ ရှိပါတယ်....တစ်ခါကအဖြစ်တစ်ခုမှာ .. ပြောင်းလိုတဲ့  ၀န်ထမ်းအမည်က ကို နေကောင်း နဲ့  မ ပန်းဝေ ဆိုပါတော့ ...သူ ဖုံးဆက်ပေးရမှာက အပြောင်းအရွှေ့ မှာ လက်မှတ်ထိုးပေးမယ့်  ဦး သောက်ထွီ ဆိုပါတော့ ...
အဲ့ မှာ ကြားပွဲစားအမျိုးသမီးကို ကျနော်ယတြာပေးလိုက်တာက....အဲ့  အကောင်ကြီး ဦးသောက်ထွီ ဆီကို ဖုံးကွန်တက် လုပ်မယ့်  မနက်ပိုင်းမှာ ဦးသောက်ထွီ ကို ရည်စူးပြီး သရက်သီးသနပ်လေး က တစ်ပန်းကန်..ကိုယ် ကူညီရမယ့်  ကိုနေကောင်း အတွက်က ဒိန်ချဉ်တစ်ခွက်..မပန်းဝေအတွက်က ဖယုံယို တစ်ပန်းကန် ဘုရားကို တစ်ပြိုင်နက်ထဲကပ် ကိစ္စတွေအောင်မြင်ပါစေလို့ ဆုတောင်းပြီးမှ ဖုံးဆက်ပါ...အကယ်၍ ဖုံးဆက်တဲ့ အခါ အဲ့ နေ့ မှာ အဲ့  အကောင်ကြီး ဦး သောက်ထွီ နဲ့  လွဲနေရင် နောက်နေ့ ဖုံးပြန်ဆက်တဲ့ အခါ နောက်တစ်ကြိမ် ဘုရားကို အသစ်ထပ်ကပ်ပြီးမှ ဖုံးထပ်ဆက်ပါ လို့ ယတြာပေးခဲ့ တယ်...
အဲ့ လို ယတြာပေးနေရင်းက ကျနော့်  စိတ်ထဲမှာ ဖြစ်လာတာက ( ဟီးဟိ...ဘုရားတော့  ငါပေးတဲ့ ယတြာနဲ့ ဝမ်းတော်လားတော့မှာပဲ....အဟိ ငိငိ )....ဆိုပြီး..
..( ကိုယ်ပေးတဲ့ ယတြာကိုယ့် ဟာကိုယ် စိတ်ထဲက ကြိတ်ရယ်မိနေတာကို ကိုယ့် ကိုယ်ကိုယ် ရယ်စရာကောင်းတယ်လို့  ပြောတာပါဗျားးး)...ဒါပေမယ့်  ရယ်စရာကောင်းတယ်သာ ပြောတာပါ...အဲ့ ယတြာတွေနဲ့  အလုပ်ဖြစ်နေပုံက အလုပ်ဖြစ်နေတဲ့  အကြိမ်ပေါင်းကများနေခဲ့ တာမို့ 
အဲ့ လိုယတြာ တပွဲတိုးတွေ ပေးခဲ့ တာလဲ ကြာခဲ့ ပြီဖြစ်လို့ ...ဆက်ပြီး ပေးမိနေဆဲပါပဲလို့ ပေါ့ ဗျာ....ဘာဘဲဖြစ်ဖြစ် ပေါ့ ပေါ့ ပါးပါး စားရိပ်သက်သက်သာသာနဲ့  ကိုယ်နဲ့ ကံဆုံလာတဲ့  ကြုံလာတဲ့  သူတကာ အခက်အခဲတွေ အဆင်ပြေသွားလဲ ပြီးတာပါပဲဆိုတဲ့ စိတ်က ရှိနေတော့ ..
.
.အဲ့ ဒါကိုဆိုလိုတာက....တစ်ချို့ အတွေးတွေကထွက်လာတဲ့  တစ်ချို့ မေးချင်စရာ မေးခွန်းတွေ ကိုယ့် ကိုယ်ကိုယ်တောင် ပြန်မမေးရဲပါဘူးလို့ .....ဟီးဟီး...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..