Powered By Blogger

Tuesday, April 28, 2015

သုံးတန်ပေါ်နိစ် ဘက်က တနင်္လာသက်ရောက်..(ပညာသဘောဆိုင်ရာပါ)




သုံးတန်ပေါ်နိစ် ဘက်က တနင်္လာသက်ရောက်..(ပညာသဘောဆိုင်ရာပါ)
-------
အခုပြတာ ယတြာပေးကြပုံ နဲ့  ကံတိုက်ဆိုင်တဲ့ အခါ ကြုံတတ်ပုံကို သုံးတန်ပေါ်နိစ်တိုင်ဘက်ကနေ အပေါ်သုံးလုံး သဘောကို တနင်္လာသက်ရောက်နဲ့ ဥပမာပြတာ....တနင်္လာသက်ရောက်မှာ သုံးတန်ပေါ်နိစ်တိုင်သဘောအရ အ၀င်ကောင်း ဆိုတာနဲ့  အပေါ်သုံးလုံးက ( ၀၁၂) (သို့ ) ( ၇၁၂ )တိုင်.တဲ့  စနေနံ၊တနင်္ဂနွေနံ၊ တနလာင်္နံ တွေပေါ့ ..

အခွဲ..
-----
ဘယ်သူမဆို တနင်္လာသက်ရောက်ဖြတ်ရင်( လစိတ်လည်းအတူတူပဲ) (တနင်္လာနံ) ငွေဝင်လွယ်တယ် ကား.၀င်လွယ်တယ် ပေါ့ လေ (ကြောင်လေးတွေ ငါးလေးတွေ ငွေဟမ်းချိမ်းလေးငွေဆွဲကြိုး ငွေယွန်းထည်လေးလောက် လက်ဆောင်ရတော့  ငွေများများ လိုချင်သူအဖို့  ဒါလောက်လေး နဲ့ ကျိမ်းကြေသွားတယ်လို့ ပြောတယ်) (စနေ) နံဝင်လွယ်တယ် ထီတို့ ဖိနပ်တို့  အထည်မျိုးစုံတို့  လက်ဆောင်ရတာမျိုး ထီပေါက်တာမျိုးကို ဆိုလိုတာ ၊ ငွေအ၀င်လွယ်တဲ့ ကံအရရော စနေနံအ၀င်လွယ်တာရောမို့  တနင်္လာသက်ရောက်ကို ထီပေါက်သလို ငွေများများရတတ်တဲ့ (ချဲပေါက်လို့ ထောသွားတာမျိုး လောင်းကစားတစ်ခုခုကနေ ထောသွားတာမျိုး..) သက်ရောက်လို့ ပြောတာ....ဒါက တနင်္လာနံ နဲ့  စနေနံကို တစ်နံချင်းစီ သီးခြားပြောတာ..လူတနင်္လာသားသမီး လူ စနေသားသမီးတွေလည်း ညအိပ်လအိပ် ၀င်လာတတ်တယ် အဲဒီ့  တနင်္လာသက်ရောက်အတွင်း တနင်္လာနဲ့ စနေသားသမီးတွေနဲ့  ပူးပြီးအလုပ်လုပ်ရင် ဂွတ်တယ်ပေါ့ လေ..နေနေကျကိုယ့် နေရာ ကိုယ့် အိမ် ကနေ တနင်္လာထောင့် ဖက် သီးသန့် အရပ် စနေထောင့် သီးသန့် အရပ် ခရီးထွက်လည်း ရပါတယ်တဲ့ ဒါက ဗေဒင်ကို လျှာရှည်အောင် တော်ကီထုချင်ရင် တနင်္လာနဲ့ စနေနံအကြောင်း တွေကို တစ်နံချင်း ခွဲပြီး ဇာချဲ့ ပြီး ပြောတဲ့ သဘောတွေပါ...



အတွဲ...
-----
အဲဒီ အ၀င် ၂ ချက် ကောင်းဆိုတဲ့  တနလာင်္နံ နဲ့  စနေနံ တိုင်ထိပ်နဲ့  တန်းစီး နံ ၂ ခု ကိုလည်း ပူးလိုက်ရော ယတြာသဘောရော ကံ သဘောရော ထွက်လာတယ်...(စနေနံ အစ တနင်္လာအဆုံး နံ ) ပူးတဲ့ နံက ပုံမှန် အကောင်းသဘောကြုံရတာများပြီး၊ ( တနင်္လာနံ အစ စနေနံအဆုံး ) ပူးတဲ့ နံက ပုံမှန်ကနေ သွေဖီသွားလို့  ပရော်ဘလန်သဘောကြုံရတာများတယ်လို့ ဆိုနိုင်တယ်...

တနင်္လာနံနဲ့  စနေနံ နံ ၂ခု ရှေ့ နောက် အထိုင်ပြောင်းတာနဲ့  အကောင်းသဘော မကောင်းသဘော ပြောင်းသွားတာဟာ တကယ်တော့  အဲဒီ နံ ၂ ခုရဲ့ အလယ်က (ပြ)ဆိုတဲ့  အထွက်ပြ အ၀င်ပြ အပြောင်းအလဲဖြစ်တတ်တဲ့  (တနင်္ဂနွေနံ ) ကြောင့် ဖြစ်လာတာ....။ တနင်္ဂနွေ နံ ဆိုတာ အခါတိုင်အရ သူရဇ္ဖတိုင် တနင်္ဂနွေနံတိုင်သဘောပေါ့ ...အဲ့ တိုင်မှာ အလယ်တွဲ အမြစ်အညွန့်  မတွန့် စေရ အသွားအမှန်က စနေနံအစ တနင်္လာနံ အဆုံး ပေါ့  ၊ အသွားအမှားက တိုင်စောက်ထိုး တနင်္လာနံ အစ စနေနံအဆုံး ဖြစ်တယ်..

အတည့် ဇောက်ထိုးအကျိုး...
--------
အမှန်အသွားက အလယ်က တနင်္ဂနွေနံ ကို အားကောင်းစေတယ်...(မိသားစုအတွက် အလုပ်စီးပွားအတွက် အိမ်နေရာထိုင်ခင်အတွက်သဘော) ( အမှားအသွားက မူလကောင်းနေတဲ့  အကျိုးတောင် လျော့ သွားတာ ဖြစ်တတ်တာမျိုး..)

ဒါကြောင့်  တနင်္လာသက်ရောက် ရောက်ရင် (တိုက်ခန်း)တွေ ရလွယ်တာ ၀ယ်လိုကောင်းတာတွေ ၀ယ်ရင်ဂွတ်တာတွေဖြစ်လာပြီး..ပိုပြီးမြန်မြန်ဂွတ်အောင် .( နန်းကြီး) သုတ်လှုခိုင်းတာ.(ကနက္ကဒါန်ထီး) တို့  (တံခွန်)တို့ လှုစေတာ (ဘောစိတွေဆို ထပ်ပြီးဘောစိချင်တာနဲ့ တံခွန်တိုင်ကြီးတွေ ထူတာ) တွေ က ကံ အပွင့် ယတြာသဘောဖြစ်လာတယ်...

ပြောင်းပြန်ဖြစ်တဲ့  (ကုတင်)အသစ် တို့ ) ခြင်ထောင်) အသစ်တို့ ဝယ်မိတော့ မှ ကျမ္မာရေး မကောင်းလာတတ်တာ အိမ်ပူလာတာ အလုပ်မှာညစ်စရာတွေများလာတာမျိုးတွေ ဖြစ်လေ့ ရှိလာတတ်တယ်.(တကယ်လည်းဖြစ်တတ်တာတွေ့ ခဲ့ ဘူးတယ်..အထူးသဖြင့်  တနင်္လာသက်ရောက်မှာ (ပြ) ဆိုတဲ့  အထွက်နေရာမှာရောက်နေတဲ့  တနင်္ဂနွေသားသမီးတွေ ဖြစ်တာပိုတွေ့ ရတယ်...သဘောက (တနင်္လာသက်ရောက်မှာ ကုတင်သစ်ခြင်ထောင်သစ် ဖြစ်နိုင်ရင် မ၀ယ်နဲ့  ဆိုတဲ့ သဘောပေါ့ ) .( အမှန်တော့  ကုတင်တို့ ခြင်ထောင်တို့ ဆိုတာ အကျီဝယ်တာနဲ့ မတူပါဘူး ခဏခဏ၀ယ်တဲ့ ပစ္စည်းမျိုးလည်း မဟုတ်ပါဘူး...ဒီတော့  ဒီသက်ရောက်မှာ ခြူခြာရမယ့်  အတိတ်ကံမျိုး ရှိနေလို့ ကို မ၀ယ်သင့် ဆိုတဲ့ ပစ္စည်းကို ၀ယ်ချင်စိတ်ပေါက်လာလို့  ၀ယ်မိတာလို့ ကျနော်က ကံ ပိုင်းကနေ ယူတယ်..)

ဒီလိုပါပဲ...တနင်္လာသက်ရောက်မှာ ကိုထွန်းကျော် က ၁နွေနံ ရဲ့  တိုင်စဉ်မှန်လို့  တနင်္လာသက်ရောက်မှာ မဆိုးဘူးလို့  ပြောလို့ ရသလို ကိုကျော်ထွန်း ကြတော့  ၁နွေရဲ့ တိုင်စဉ် ပြောင်းပြန်ဖြစ်သွားလို့  အလယ်က တနင်္ဂနွေနံ ကို သွား အရစ်ခံရတာတော့  မိသားစုအတွက် စိတ်ပူစရာမျိုး၊ အလုပ်အပြောင်းအရွှေ့ ပေါ်လာတာမျိုး.အိမ်ပြင်ရတာမျိုး အစာအိမ်အောင့် တာမျိုးကြုံရတတ်တယ်လို့ ဖြစ်လာတယ်...ဒီတော့  ကိုကျော်ထွန်းဟာ တနင်္ဂနွေသက်ရောက်ဖြတ်ရင် မူလ တနင်္လာသက်ရောက်တန်ခိုးအရ ငွေလည်းရတယ် အိမ်အတွက် စိတ်ပူစရာတစ်ခုခုလည်းကြုံတတ်လို့  တံခွန်လှုထားတာ..ငွေထီးလှုထားတာ ဒိန်ချဉ်ခဏခဏကပ်တာ တွေစတဲ့  တိုင်စဉ်အမှန် နံပညတ်ယတြာတွေကိုကြိုတင်လုပ်ထားလို့ ကောင်းတယ်ဖြစ်လာတယ်..ပြီးတော့  ကိုကျော်ထွန်းဟာ တနင်္လာသက်ရောက်ဖြတ်တော့ မှ ကိုကျော်ထူးနဲ့ သွားတွဲရင် မူလက တည်ငြိမ်နေတဲ့ အလုပ်မှာ အနှောက်အယှက်ဖြစ်တတ်တယ်ဆိုတဲ့ သဘောဖြစ်လာတယ်......

ဒါဟာ သုံးတန်းပေါ်နိစ် ပညာဘက်ကနေ တနင်္လာသက်ရောက်ကို ချဉ်းကပ်ပြတာပါ သုံးတန်ပေါ်နိစ်မှာ တနင်္ဂနွေ သူရဇ္ဖအခါတိုင်သဘောပါ ပါတဲ့ သဘော.......

ကျနော့် တကယ့် အလုပ်မှာတော့  ကိုယ်ကျင်လည်ရာအရပ်သဘော လူတန်းစားသဘောကြောင့်  ဒီသဘောတရားတွေကို ပြောမိတဲ့ အခါ ပြောမိ မပြောမိတဲ့ အခါ မပြောမိပါဘူး....ကိုယ်ကြုံနေရတာ လာတွက်နေတဲ့ သူထက် လာတိုင်ပင်နေသူက ပိုများနေလို့ ပါဘဲ...လိုအပ်တဲ့ အခါ...စိတ်ကူးပေါက်တဲ့ အခါ ကြိုတင်သတိပေးချက်တွေ အဖြစ်တော့ ထည့် ပြောတတ်ပါတယ်..အပြောနဲသွားရတဲ့ အကြောင်းက လာတဲ့ လူတွေက အဟောတွေ ရှေ့ ဖြစ်တွေ နောက်ဖြစ်တွေ ထိုင်နားထောင်ဖို့ ထက် ဘာလုပ်ရင်ကောင်းမလဲနဲ့ ယတြာပညာက ပို အရေးကြီးနေရာရောက်လာတဲ့ သဘော ဗေဒင်ဟောစားသူရော လာမေးသူရော နှစ်ဖက်စလုံးက အချိန်တွေ မပေးနိုင်ကြတော့ တဲ့ သဘောကြောင့် ပါဘဲဗျာ..

ပြသတ္တိ..
-----
ပြီးတော့  သက်ရောက် ၈ ခွင်စလုံးမှာ အပေါ်က သုံးနံစလုံး အလယ်က (ပြ) ဆိုတဲ့  ( အ၀င်အထွက်လှုပ်ရှားနေတတ်တဲ့  ) နံရဲ့  သတ္တိ အကောင်းသဘော မကောင်းသဘော တွေ အကုန်ရှိနေတာကို ကွက်ကျော်မြင်လိုက်ဖို့ ပါပဲ.....အ၀င်အထွက် လှုပ်ရှားသတ္တိဆိုတာ ၀င်လာရင် နံတူပြန်ထွက်တတ်...အထွက်ပြပြီးရင် လည်းနံတူပြန်ဝင်လာတတ်တဲ့ သဘော....အများအားဖြင့် တော့  အရင်ထွက်သွားလေ့ ရှိတယ်...။

ဥပမာ...သောကြာသက်ရောက်ဟာ လောကဓံ ၈ပါးဘက်က ဆိုရင် ခရီးသွားနှစ် ပျော်စရာများတဲ့ နှစ်သဘော ၃ကြွင်းမွေးက လွဲရင် အကောင်းသဘောများတဲ့ နှစ်သဘောပေါ့ ...ဒါကို သုံးတန်ပေါ်နိစ်ဖက်က အားဖြည့် ကြည့် ရင် သောကြာသက်ရောက်ဆိုတာ ..( ၃၄၅) တိုင်ပေါ့ ...အလယ် ၄ ဟူးနံ ပေါ့ ...အိမ်ကို လာနေမကျတဲ့  ဗုဒ္ဒဟူးသားညအိပ်လာရင် ဗုဒ္ဒဟူးနံ ရွှေ ထွက်သွားတတ်တယ် လို့ ဟောကိန်းထုတ်တယ်...(ထွက်ကို ထွက်မယ် မဟုတ်ဖူးနော် ထွက်တတ်တယ် သောကြာသက်ရောက်မှာ ရွှေစွပ်ရင် သတိထားစွပ်လို့ ပြောတာ ကျပျောက်ပြီး တစ်ချို့  ပြန်တွေ့ တတ်သေးတယ်) ရွှေဝယ်ရင် အိမ်မှာ ဗုဒ္ဒဟူးသားရှိရင် ကျမ္မာရေးနဲနဲသတိထား ဆိုတာ ပြ နေရာက အ၀င်အထွက်သတ္တိကို ကြိုတင်သတိပေးချက်သဘောတရာအဖြစ် ဟောတာပါ.....အများအားဖြင့်  ရွှေရှိရင် ရွှေအရင်ထွက်တတ်(ကျပျောက်တတ်) လေ့ ရှိတာ သောကြာသက်ရောက်က (ပြ)ရဲ့ သဘောပါ ...

ကိုယ်တိုင်ကတော့  ဒီသဘောတရားတွေကို သာမန်ထက်ပိုပြီး အလွန်အမင်း ကြောင့် ကြစိုက်မနေတတ်ပါဖူး...ဒါကလည်း ဘာပစ္စည်းဟာ ပညတ် အသွားက ဘယ်လိုရှိတယ် ဒီပစ္စည်း ၀င်ချိန်ထွက်ချိန်ရဲ့ အခါတိုင်က ဘာ...ဆိုတာ ဖတ်ကနဲ စိတ်က သိသိနေလို့  ၀င်လိုက်ထွက်လိုက် ဖြစ်နေတတ်တဲ့  ပစ္စည်းတွေဟာ ဘ၀အတွက် ရေးကြီးခွင်ကျယ်ပစ္စည်းလား စာမဖွဲ့ လောက်တဲ့ သာမန်ပါးပါးလေးလား ဖြတ်ကနဲဆုံးဖြတ်နိုင်တဲ့  သဘောရှိနေလို့ ပါ....သဘောကတော့ ဗျာ...သုံးတန်ပေါ်နိစ်ကလည်း..တစ်တိုင်ထဲ နဲ့ ကို ဟောကိန်းတွေ အများကြီး နဲ့ အလှုပ်တွေရှုတ်နေတဲ့ သဘောပေါ့ ဗျာ.......အဲ..ကျန်တဲ့ သက်ရောက်တွေလည်း သေသေခြာခြာ လေ့လာစောင့် ကြည့် လေ မြင်လာရလေနေမှာပါဗျားးး...။


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..