Powered By Blogger

Tuesday, April 28, 2015

မီးထွန်းပိုက်ဆံ..



ဒုတိယ ဒီဇိုင်း..
-----------
နဘယံ ပါထည့် တယ် ။ နဘယံက န ငယ်ကို ကြယ်ထိပ်မှာ နငယ်နကင်းပိတ်သဘောကနေ   မြတ်ဘုရားရဲ့  န၀ဂုဏ်တော်ကို အာရုံပြုပြီး တစ်ကြောင်းဆွဲ နည်းနဲ့  ဗောဓိညောင်ရွက် ဆန်ဆန်ဖြစ်အောင် ဆွဲထားပါတယ်...

ငွေအ၀င်အထွက်မှန်သွားတဲ့ သတ္တိမှာတော့ အတူတူပါပဲ...ဒီဇိုင်းပဲကွာသွားယုံပါပဲ


မီးထွန်းပိုက်ဆံ..
------
ကိုယ်တိုင်ကြံဆ ကိုယ်တိုင် စမ်းသတ်ပြီး ကိုယ်တိုင်တီထွင် သုံးခဲ့  သုံးနေစဲ မီးထွန်းပိုက်ဆံပါ...။ လက်ရှိ လည်ပတ်နေဆဲ မည်သည့်  တန်ဘိုးပိုက်ဆံနဲ့ မဆို လုပ်လို့ ရပါတယ်၊ ( ထူးခြားတစ်ချက်က နိုင်ငံမတူရင် ရောက်နေတဲ့ နိုင်ငံရဲ့ ဒေသသုံးပိုက်ဆံ (သို့ ) ဒေါ်လာပေါ်မှာပုံဆွဲလည်းရပါတယ်..ခဲတံ ဆော့ ပင် စသဖြင့်  တစ်ခုခု နဲ့ ဆွဲယုံပါပဲ.. ပိုက်ဆံကိုတော့  စမူစာပုံ (၀ါ) ပိရမစ်ပုံ (၀ါ) သုံးထောင့် ချွန်တြိဂံပုံခေါက်ပါတယ် ( အကယ်၍ တစ်ချို့ နိုင်ငံသုံးပိုက်ဆံတွေဟာ စက္ကူမဟုတ်ပဲ ပလပ်စတစ်ဖြစ်နေရင် မခေါက်တော့ ပဲ အပျံ့ လိုက်ပေါ်ဆွဲလဲ ရတာပါပဲ )

ပုံကလည်း မခက်ပါဘူး တြိဂံ ၂ ခု ကို အပြန်အလှန် စောက်ထိုး ထပ်လိုက်သလိုမျိုး  ၆ ထောင့် ကြယ် တစ်ခု အနေတော်ဆွဲလိုက်ပါတယ် ကြယ်ဘောင်တွေမှာ စ ။ ဓ ၊။ ဗ ။ ၀ ။ ဆိုတဲ့  မြန်မာ့ ရိုးရာ အစဉ်အလာ  စမဂါထာ  ၄ ကြောင်းက အစ အက္ခရာ ၄ လေးလုံး ကို ရံ လိုက်ပါတယ်...ကြယ်အလယ်မှာ ငွေလာဘ်ကို ကိုယ်စားပြုတဲ့  ၂ ဂဏန်းကိုထည့် လိုက်ပါတယ် အဲ့ ၂ ကို မြန်မာလိုအပြင် အင်္ဂလိပ်လို 2 ထည့် လည်းရတာပါပဲ...



ပြီးရင် ဘုရားစင်မှာတင် (သို့ ) ခုံအမြင်တစ်နေရာမှတင် ပြီး အဲ့ မီးထွန်းပိုက်ဆံပေါ်ကနေ  ဖယောင်းတိုင်ခံစရာအဖြစ် ကြွေပန်းကန်ပြား (သို့ ) စတီးပန်းကန်ပြား စသဖြင့် တစ်ခုခုတင်ပြီး ဖယောင်းတိုင်ထွန်းထားလိုက်စေတာပါပဲ...

အဲ့ ဖယောင်းတိုင်မှာ တစ်တိုင်ချင်းထွန်းလည်းရပါတယ် အချိန် နဲ့ အရေအတွက် အကန့် အသတ်မရှိဘူး.( အိမ်မှာလူတစ်ယောက်မှမရှိရင်တော့  မီးရေထင်းရေးကြောင့်  မထွန်းထားခဲ့ ပါနဲ့ ပေါ့ မှုတ်ခဲ့ ပါပေါ့ )....တစ်ချို့ က ဆိုင်မှ နေရာရှိရင်ရောဆိုတဲ့ အခါ ဆိုင်မှာထွန်းပေးထားလဲရတယ်ပေါ့  ဖယောင်းတိုင်အသေးလေးတွေ ခဏခဏထွန်းပါပေါ့ )....

ဒီမီးထွန်းပိုက်ဆံရဲ့ ထူးခြားချက်က ရွတ်စရာ ဖတ်စရာ ရှောင်စရာကိစ္စတွေမရှိဘူး ပုတီးမပါဘူး ငွေဝင်စေဖို့ သက်သက်သာထွန်းပေးလိုက်တဲ့ သဘောသာဖြစ်လို့  လွတ်လပ်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ် ..ချမ်းသာဖို့ ထီပေါက်ဖို့ တွေ့ အတွက် မရည်ရွယ်ဘူး ပုံမှန်ဝင်ငွေမှန်နေဖို့  လည်ပတ်နေဖို့  ဘ်ုင်ပြတ်သွားလောက်အောင် အခြေအနေ မဆိုးဘို့ ပါပဲ..

စမ်းသတ်စောင့် ကြည့့်ချက်အရ မီးထွန်းပိုက်ဆံ တစ်ရွက်ရဲ့ အစွမ်းဟာ တစ်လ နှစ်လလောက်အထိ အားကောင်းပါတယ် ကြာသွားရင် အာားလျော့ လာတတ်ပါတယ် အဲ့ အခါ အဟောင်းကို လှုပစ်လိုက်တာ အလှုခံပုံးထဲထည့် လိုက်တာ စွန့် ထားလိုက်တာမျိုတွေ လုပ်ပြီးအသစ်ပြန်ဆွဲ တင်ထွန်းလိုက်ရပါတယ် အဲ့ အခါငွေဝင်ပုံ ငွေအ၀င်အထွက် အလုပ်လုပ်ပုံ  ပြန်သွက်လာပါတယ်...

ဖယောင်းတိုင်တစ်တိုင်ချင်းထွန်းဖို့  အစဉ်မပြေသူတွေအတွက်တော့  ဆုတောင်းပွဲတွေမှာ သုံးလေ့ ရှိတဲ့ ခေတ်ပေါ်သုံး ဖန်ခွက်ဖယောင်းတိုင်လေးတွေကို ရေခွက်တစ်ခုခံပြီးထွန်းပါတယ် ရေခွက်ခံရတာက ဖန်ခွက်မကွဲအောင်နဲ့ မီးရေ အတွက်ပါ...ထွန်းထားတုံး အပြင်သွားခါနီးရင် မှုတ်ပစ်ခဲ့ နိုင်ပြီး ပြန်လာရင် သတိရရင် ပြတ်ထွန်းယုံပါပဲ...

တပွဲတိုးသဘောထက်  လချီ နှစ်ချီ ပုံမှန်လည်ပတ်နေဖို့  လိုတဲ့ အခါ ငွေဝင်ဝင်လာဖို့  ဘိုင်ပြတ်ပြတ်မသွားဖို့  အတွက် ရည်ရွယ်တဲ့  နည်းပညာပါပဲ...

မီးထွန်းပိုက်ဆံရဲ့  အခြေခံက ပိရမစ်ရဲ့  ဂမ္ဘီရဆန်တဲ့ သဘော ကြိဂံ ၂ ခု ပေါင်းစပ်ထားသလို ဖြစ်တဲ့  ၆ထောင့် ကြယ်ရဲ့  ဂမ္ဘီရဆန်တဲ့ သတ္တိ (တစ်ကမ္ဘာလုံးမှာ နိုင်ငံတော်အလံမှာ ၆ထောင့် ကြယ်ပါတာ အစ္စရေးသာတွေ့ ရ)နဲ့  စမ ဂါထာရဲ့  အစွမ်းတွေ နဲ့  '' ဓါတ်တူနံတူဆေးကိုယူ နံတူ...'' စသဖြင့် စာက သဘောကို ပေါင်းစပ်လိုက်တာပါပဲ



No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..