'' ညှိုးသူရန်ဘက်..''
-------
အမျိုးတွေပါ ဆိုပြီးတော့ လက်ခံလိုက်ပေမယ့်  မတူမတန်သလို ဆက်ဆံလိုက်ပုံက နန်းတော်ထဲ ရောက်လေရာရာမှာ ကိုယ်ကချည်း ဦးညွှတ်နေခဲ့ ရတဲ့ လူတွေချည်းဖြစ်နေအောင် တမင် စီစဉ်အကွက်ချ လုပ်ထားတာနဲ့  ကြုံလိုက်ရတယ်.၊ .အဲ့ ဒီ့ အထိ ဒီလူတွေဟာ ငါ့ ဘကြီး ဦးကြီး ဒေါ်ကြီး အစ်ကိုကြီးအစ်မကြီးတွေပါပဲလို့  ..ရိုးရိုးသားသားပဲ ထင်မိခဲ့ သေးတယ် ..အိမ်အပြန်မှာ အမှတ်တမဲ့ နဲ့  မိတော့ တာက ကိုယ်ခဏ နားနေမိခဲ့ တဲ့ နေရာကို အဆင်နိမ့် သွေး ဇာတ်နိမ့် သွေးတွေ ''သနတယ်'' ဆိုပြီး ရိုးရိုးရေနဲ့ တောင်မဟုတ်ပဲ နို့ ရေနဲ့ ဆေးကျောသန့် ရှင်းပစ်လိုက်သတဲ့ ...
မင်းသား အမုန်းသွေး ပွက်ပွက်ဆူခဲ့ လေပြီပေါ့ 
အဲ့ ဒီအချိန် ဖြစ်လာမယ့်  အမျက်ဒေါသဆိုတာ ကမ္ဘာကိုတောင်ပြာကျလောင်မြိုက်သွားစေလောက်တဲ့  အမျက်ပေါ့ .အမျိုး မစပ်ချင်ရင် ငြင်းပယ်ဖို့  တစ်ခြားနည်းတွေ မရှိတော့ ဘူးတဲ့ လား...ထပ်ဆင့် အမျက် ရန်ညှိုး သိုဖွဲ့ ချင်စရာ ကောင်းချက်က လာခဲ့ ဖို့ ခွင့် တောင်းတာကို ဟန်ဆောင် လက်ခံလိုက်ပြီးတော့ မှ နန်းတော်ရောက်မှ သူ့ အောက်ငယ်သူ မရှိ သူ့ ထက်ကြီးသူတွေချည်းဖြစ်နေအောင်စီစဉ်ထားပြီးမှ ဦးချိုး အညွှန့် နှိမ်ပြီး တွေ့ သမျှလူ ဦးတော်လုပ် မော်ဖူးစေ နဲ့ ကန်တော့ ခဲ့ လိုက်ရသေးသတဲ့ ..လူလူချင်း အဆင့် တောင် မသတ်မှတ်ချင်ပုံက မင်းသား နားနေအိပ်စက်ခဲ့ တဲ့ နေရာကို နူဝဲကျိုးကန်း ဖက်တန်းစား ဇာတ်နိမ့် တွေအလား နို့ ရေနဲ့ တောင် ဆေးကြောပစ်လိုက်သေးတယ်...
မင်းသားအညှိုး အမုန်းကမ္ဘာမကြေခဲ့ ပြီ...
ဒါပေသည့်  နန်းနွယ်မြင့် ဂုဏ်ရည်သွေးပါတဲ့  မင်းသားပဲလေ ..ဥာဏ်ရည်မြင့် ပါ သေးသည့် ပေါ့ ..လင်းတလောက်တော့  နှံပြီစုတ်လဲ လှပါသေးသည်ပေါ့  ..သည်တော့  ကမ္ဘာကိုတောင် နေဆယ်စင်း လောင်မီးကျ ငရဲကလူ ပြာပူမကြောက် လောင်မီးမိုးတွေတောင် ထွက်ရွာပစ်လိုက်စေချင်တဲ့  အထိ ဖြစ်နေတဲ့  ဒေါသမီး အာဃာတလောင်မီးတွေ ၊ အမျိုးတွေပါလို့ လိမ်လည် မုသားခင်း ကောက်ကွေ့ ပြီး ဆက်ဆံလိုက်ပြပြီး ကာမှ ''မတူမတန်လေ'' လို့ အစော်ကားခံလိုက်ရလို့ ဖြစ်လာတဲ့  ညှိုးသူရန်ဘက်မီးကို ချက်ချင်း ဘယ်မီးထရှို့ ပါ့ မလဲ...အချိန်ယူရမည်ပေါ့ ..
'' ဟိတ်..'' '' ငါသည်ပင်လည်း ငါ့ ငယ်ဂုဏ် ငါ့ အမျိုးဂုဏ် ငါ့ ဇာတိဂုဏ် ငါ့ လူ့ ဂုဏ်ရှိတယ်ဟေ့ ..'' .'' ဟိတ်.'' .ငါသည်ပင်လည်း မင်းသားမှ မင်းသားပါတဲ့ ဟေ့ '' ..လို့  ကြွေးကြော်ဖို့ ..ရုံးကြွလာတဲ့  စိတ်သဏ္ဍာန်က ဒေါသမာန်ကို ထိပ်မှာပန်...ကလဲ့ စားချေရန် အစီမံတွေ နဲ့  မင်းသားရဲ့  အညှိုးပန်းတွေ ပွင့် စေဖို့  မရဏမင်း ဖြစ်စေတဲ့ အက္ခေါပဏီဲ တပ်မဟာတွေဖွဲ့  တပ်တောင်တာ ဗိုလ်အစုစု နဲ့  အချိန်ယူ လူစုခဲ့  ငရဲရေဆန် ဒုက္ခပန်းတွေပန်ရ မျိုးတုန်းအောင် တိုက်ဖို အတွက် အားတွေမွေးခဲ့ ပြီပေါ့ လေ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..