'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, October 17, 2015
ကိုယ့် ကိုယ်လူချစ်အောင်ဆိုပဲ
ကိုယ့် ကိုယ်လူချစ်အောင်ဆိုပဲ
---
သများတွေကို မုန့် တွေဝယ်ကျွးလိုက် ပိုက်ဆံလာချေးရင် ပေးလိုက် အကူအညီလာတောင်းသမျှ အိပ်စိုက်ပြီး လုပ်ပေးလိုက်..ကိုယ့် လူချစ်အောင်ဆိုပြီး အမြဲတော့ ပြုံးစေ့ စေ့  လုပ်မနေနဲ့  ယဉ်ယဉ်လေးလို့ ထင်သွားမယ်......ငိငိ
အများအားဖြင့်  ရုံးသားတွေက တောင်းဆိုတာများတယ်..အဓိက က လုပ်ဖေါ်ကိုင်ဖက် ပတ်လည် မတည့် နေတာတွေ လူကြီးတွေနဲ့ အစေးမကပ်သူတွေက တောင်းဆိုတာများတယ်...( မတည့် ရခြင်း အကြောင်းတွေကတော့  စုံပါပေ့ ပဲပေါ့ လေ..)...ဗေဒင်သဘောဆိုတော့  ယတြာအကြောင်းပေးပြောပေးရတော့ တာပေါ့ ..
အဲ့ မှာ မတည့် ခြင်းသဘောမှာ အပိုင်း ၂ပိုင်း ခွဲမြင်နိုင်တယ် ၀မ်းဘိုင်ဝမ်း မတည့် ခြင်းသဘောနဲ့ တစ်ယောက်ထဲ ဆွဲထုတ်လို့ မရတော့ ပဲ ပတ်လည် လိုက်မတည့် ခြင်းသဘော ကွဲသွားတယ် အဲ့ ဒါကြောင့်  ယတြာပေးတဲ့ စတိုင်လဲ ကွဲသွားတယ်...ပြီးတော့  အဲ့ ကိစ္စတွေဟာ ဗေဒင်ဆြာဆီလာတုန်း ကြုံတုန်း မေးသွား ပြောသွား ရင်ဖွင့် သွား ငြီးသွားသဘောဆန်သလို ဘ၀ထမင်းအိုးကို ချက်ချင်းကွဲသွားနိုင်လောက်အောင်လဲ အန္တရာယ်မရှိသေးလို့ ယတြာပေးတဲ့ အခါမှာလဲ တပွဲတိုး( မေးလို့ ဖြေတယ်)သဘောမျိုး ယတြာပေးတတ်ယုံလေးပဲ သဘောထားလေ့ ရှိတယ်
တပွဲတိုးသဘောက ယာယီအဆင်ပြေသွားခြင်းကိုဆိုလိုတာပါ လူမှု့ ဆက်ဆံရေးသဘောက လုပ်ဖေါ်ကိုင်ဖက် အတူတူတွေ မဆိုထားနဲ့  ကိုယ့် စိတ်နဲ့  ကိုယ့် ကိုယ်တောင် တည့် လိုက် မတည့် လိုက်မို့  အမြဲတည့်  အမြဲမတည့် သဘော မရှိဘူးပေါ့ လေ...အမြဲမတည့် ဆိုလာရင်တော့  ၀ဋ်နာကံနာ သံသရာကပါလာတဲ့  ညှိုးသူရန်ဘက် သဘောထဲသာ ထည့် လိုက်တာပိုကောင်းမယ်ပေါ့ 
ဝမ်းဘိုင်ဝမ်းသဘောကတော့  ကိုယ်နဲ့ ငြိနေတဲ့ သူရဲ့ အမည်ကိုယတြာလုပ်တာပါပဲ...ဒါက ဟိုနေ့ ကရေးပြီးသားသဘော...စန်းစန်းတင့် က လာပြဿနာရှာနေလို့ ဆိုရင် နှင်းဆီပန်းလှုပါ နို့ ကိုဆားစတိခပ်ပြီး ဘုရားကပ်ပါ...စန်းစန်းတင့် နဲ့  အဆင်ပြေပါစေ ဘာညာပေါ့ ..ကိုယ်က တနင်္လာသား ကိုယ့် ကို ရစ်နေတာကအင်္ဂါသားဆိုရင် ကန်စွန်းညွန့် လှုပါ ကြာဆန်ဆီချက်လှုပါ အင်္ဂါသားနဲ့  ညက်ပါစေ ရန်မရှာပါစေနဲ့ ဘာညာ ပေါ့ ...ဒီလိုတပွဲတိုး ယတြာမျိုးက သုံးလေးငါးရက်တော့ ဆက်တိုက်လုပ်မှ အဆင်ပြေတာများတယ် အဲ့ တော့  နေ့ စဉ်မနက်ပိုင်း တစ်ပတ်လောက်တော့ လှုသွားပါလို့ မှာရလေ့ ရှိတယ်
ပတ်လည်ငြိနေတဲ့  ပုံပေါ်လာရင်တော့  ပစ်မှတ်က အဲ့ မေးတဲ့ သူကိုပဲ ပြန်ပစ်မှတ်ထားယတြာလုပ်ခိုင်းရတော့ တယ်..လူတွေအများကြီးဖွဲ့ စည်းထားတဲ့ အလုပ်မှာ မတည့် သမျှ လူပေါက်စေ့ နေ့ သင့် နံသင့် တွေ အမည်တွေကို လိုက်ကောက်ပြီး ယတြာပေးလို့ မဖြစ်နိုင်ဘူး
အဓိပ္ပါယ်လဲမရှိဘူး.......ဒီတော့  သူ့ ကိုသာ ယတြာပြန်လုပ်ရတယ်...
ဆိုပါတော့  အင်္ဂါသားသမီးက သူ့ ကိုလူချစ် လူခင် ပေါစေချင်တယ် (၀ါ) သူ့ ကိုပဲ ရုံးမှာ ၀ိုင်းဖိုက်နေတယ်လို့ ငြီးလာတော့  ၁။ ဓါတ်မိတ်ပစ္စည်း သရက် ကို သုံးခိုင်းလိုက်တယ်...သရက်ရွက် ၁ ရွက် လှုထားစေတာ၊ သရက်ယို /သရက်သီးဖျော်ရေ ဘုရားကပ်တာ သရက်သားလေးဆောင်တာ သရက်သား သရက်ရွက်နဲ့ ရေစိမ်ချိုးသွားတာ ကိုယ်တိုင်ကလည်းသရက်ယိုထုတ်လေးဆောင်ထားပြီး စတိ စတိ စားပေးတာတွေက အင်္ဂါသားသမီးကို လူတွေ ချစ်လာအောင် ပြန်လုပ်လိုက်တဲ့  ပီယဓါတ်ဆင်လိုက်တဲ့  တပွဲတိုးယတြာ...
ဒါ့ အပြင်တစ်ခါတစ်ရံ ဆပွတ် နံကိုလဲ တစ်ပတ်လောက် သုံးစေတယ်...ဆိုပါတော့  စောစောက အင်္ဂါသားအတွက်သုံးတဲ့  သရက်နေရာမှာ အင်္ဂါသားသမီးရဲ့  ဆပွတ်နံ တနင်္ဂနွေနံ အုန်းညွန့်  အုန်းသီးအဓိက အစားအစားတွေ ပြောင်းပေးလိုက်တာပါပဲ....အဲ့  ယတြာတွေကို တစ်ခါတစ်လေ တစ်မျိုးထဲ တစ်ခါတစ်လေ ၂ မျိုးရောသုံးချင်သုံးချလိုက်စေတယ်...ဒါက ဗေဒင်လမိုင်းမှာ ဘယ်သူ့ ကို ဘယ်လို ယတြာသုံးရမလဲဆိုတာ ကြိုတွေးထားတာမျိုးမရှိပဲ ကြုံလာတော့ မှ သူ့ အလိုလို စိတ်ထဲက ဖြစ်လာတဲ့ အတိုင်းယတြာပေးတာမျိုးပါ..
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..