'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, July 26, 2016
ကောဇာမဟာဘုတ် မရဏနံ + သုံးတန်ပေါ်နိစ္စ. --
ကောဇာမဟာဘုတ် မရဏနံ + သုံးတန်ပေါ်နိစ္စ.
--
ကျနော်ဗေဒင်တွက်ရင် သုံးတန်ပေါ်နိစ္စပညာကို ထည့် ထည့် တွေးတယ်ဆိုတဲ့ အကြောင်းပါ ၊ အထူးသဖြင့်  ကောဇာမဟာဘုတ်က မရဏနံဟာ သုံးတန်ပေါ်နိစ္စပညာက တိုင်စဉ်မှာ ဘယ်နေရာက နံကို လာကပ်နေသလဲကို တစ်ချက် အကဲခတ်လိုက်တတ်တယ်ပေါ့ ဗျာ...သဘောက ကောဇာမဟာဘုတ်က မရဏအိမ်က နံ ရဲ့  ဆိုးကျိုးကို လျှော့ မတွက်ဖူးသဘောပါ အဲ့ အတွက် ကိုယ်တိုင်ရဲ့ ဘ၀ဖြတ်သန်းမှု့ ကရော အများတွေရဲ့ ဘ၀တွေကပါ ကောက်ချက် ချယူခဲ့ တာပါ ။
ဆိုပါတော့  ဒီ ၂၀၁၆ ရဲ့ ကောဇာမဟာဘုတ်ဟာ ၆ ကြွင်းနှစ်ဖြစ်တယ် ဒီတော့  ဒီနှစ်ဟာ တနင်္လာ နံနဲ့  ပတ်သက်သမျှ ပရိယာယ်တွေ အားမကောင်း တစ်ခြား နံတွေထက် ဆိုးကျိုး ထိလွယ်တယ်က ပထမ အခြေခံ အချက် ...
တနင်္လာသားသမီးတိုင်းကို မဆိုလို အသက် ၂၁ ၊ ၂၉၊ ၃၇၊ ၄၅ ၊ ၅၃ စသဖြင့်  ကြာသာပတေး သက်ရောက် ဖြတ်နေတဲ့  တနင်္လာ သားသမီးတွေဟာ သုံးတန်ပေါ်နိစ္စပညာက တိုင်စဉ်မှာ ပြ ဆိုတဲ့ နေရာမှာ ရောက်နေတယ် ပြ ဟာ အ၀င်အထွက် မတည်ငြိမ် ကစားတတ်တဲ့ နေရာဖြစ်တယ် ၊ သုံးတန်ပေါ်နိစ္စပညာတိုင်စဉ်အရ မူလ တိုင်ကို ခွင်လွှဲထူရင် တိုင်စဉ်အတူတူသာ ရတယ် ဒီတော့  ခွင် လွှဲမှာလည်း ပြ အိမ်မှာ တနင်္လာနံ ရှိနေတယ် အဲ့ ဒီ ခွင်လွှဲတိုင်က တနင်္လာနံဟာ ကောဇာမဟာဘုတ်က မရဏအိမ်က တနင်္လာနံ သဘော ဖြစ်တယ် ဒီတော့  အသက် ၂၁ ၊ ၂၉၊ ၃၇၊ ၄၅၊ ၅၃၊ စသဖြင့်  ကြာသာပတေးသက်ရောက် ဖြတ်နေတဲ့ တနင်္လာ သားသမီးတွေကို ကောဇာမဟာဘုတ်က မရဏတနင်္လာနံက လာ မြင်နေတယ် (၀ါ) ရုတ်တရက် ဘ၀အလှည့် အပြောင်း အကျပ်အတည်း မကောင်းမှု့ တစ်ခုခုနဲ့ ကြုံနိုင်တယ် ဆိုတာ အဖြေတစ်ခုထွက်တယ်
( ကိုယ်နှုတ်စိတ်သုံးပါး အရင်နှစ်တွေလို အမှားမခံဘူး) ။ ကောဇာမဟာဘုတ်က ၅ ကြွင်းနှစ်တို့  သုညကြွင်းနှစ်တို့  စသဖြင့်  ၆ကြွင်းနှစ်မဟုတ်တဲ့  တစ်ခြား ကောဇာမဟာဘုတ် ဖြစ်နေချိန် ကြာသာပတေးသက်ရောက်ဖြတ်နေတဲ့ တနင်္လာသားသမီးတွေ ရဲ့ ကံကြမ္မာမျိုးနဲ့ မတူဘူး ။ ကောင်းကောင်းနေတာတောင် မထင်မှတ်ပဲ အဆိုးသဘောတွေ ကြုံတတ်တယ် အမှားပြုမိရင် ပြင်ရခက်တယ်ပေါ့ လေ.. ကြာသာပတေးသက်ရောက် ဖြတ်နေတဲ့  တနင်္လာတွေအတွက် ကောဇာသက္ကရာဇ်အရ ၆ ကြွင်းနှစ်ဖြစ်နေရင် ရုတ်တရက် အန္တရာယ်တွေ ကျရောက်လာတတ်တယ် ရုပ် စိတ်အကျပ်အတည်းတွေ ကျမ္မာရေးတွေ ပုံမှန်ထက် ဆိုးနေတတ်တာ စသဖြင့် ပေါ့ လေ...ဒါကို ကံသုံးပါးထိမ်းဖို့  သတိပေးရတယ်ပေါ့ လေ
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..