Powered By Blogger

Friday, February 6, 2015

'' အရက်ကိစ္စ ''

ပြန်စဉ်းစားရင် ရယ်စရာတော့ ကောင်းသား..ဆယ်တန်းလောက်အထိက အရက် စစ်စစ် မသောက်ဖူးသေးဘူး အဲ .မသောက်ရဲသေးဘူးက ပိုမှန်မယ်..ရမ် အနံ့ က ဖုံးမရဘူးလေ..ပြီးတော့ လည်း အဲ့ တုန်းက ခေတ်စားတာက ဘောလုံးလို့ ခေါ်ခဲ့ ကြတဲ့  ဒဗလျူမြိုတာရယ် ကော်မက်သာဇင်ဆိုတဲ့  ကွန်မော့ တာ နဲ့  မန်ကျီးဖျော်ရည်ကို တဆေးဖေါက်ထားပြီး ဒိုင်လျိုလေးရောင်တဲ့  စိမ်ရည်တွေပဲ ရှိသေးတော့  ဒါတွေသာ လက်တည့် စမ်းခဲ့ ရတာ...ဆေးလိုင်းနဲ့  စိမ်ရည်လိုင်းက မတူဘူး..ဒဗလျူဆိုတဲ့ ဘောလုံးက စိတ်ကြွဆေးပဲ သူက ထုံပြီး မြောက်နေတာ ရန်ဖြစ်လို့ ကောင်းတယ်..လူတကိုယ်လုံးထုံနေလို့  ရင်ဘတ်တွေ ခေါင်းတွေ ပုခုံးတွေ ကိုလက်သီးပြင်းပြင်းနဲ့ ထိုးရင်တောင် မနာဘူး..ဒီဆေးက ရှေ့ တန်းသုံးလို့ ဆိုတာပါပဲ.စစ်ဆေးရုံကနေ ထွက်လာတာတဲ့  မိုင်းထိတဲ့ ခြေတွေလက်တွေ အရေးပေါ်ဖြတ်တောက်ရတဲ့ အခါ ဒီဆေးကြောင့်  ထုံနေလို့  နာကျင်တဲ့ ဝေဒနာ မခံစားရပဲ အစိမ်းသားကြီးတွေ လွှနဲ့ တိုက်ဖြတ်တော့ သုံးတာတဲ့  ကျနော်တို့ လက်ထဲရောက်တော့ မူးယစ်ဆေးဖြစ်သွားရော...အဲ့ ဆေးတစ်ပြားက အရက် ၄ ပက်စာလောက်မူးပြီး တကိုယ်လုံး ထုံနေတတ်တယ် ကျနော်တို့ ကတော့  တစ်ခြမ်းစီ မြိုတာပါပဲ....



ကျောင်းချိန် ကို ချိန်ပြီး မြိုကြတာလေ....ကွန်ပေါ်လာတော့  ဒီကောင်က ဘိန်းလေ ငြိမ်ဆင်း သွားတော့  သွေးဆူချင်တဲ့  ကျနော်တို့ က သိပ်မကြိုက်ကြဘူး..အရင်က လွတ်လပ်တဲ့ ချောင်းဆိုးပျောက်ဆေးရည်က အဲ့ တော့ မှ မူးယစ်နွယ်တွေ ဖြစ်ကုန်ရော သူ့ နောက်မှလာတာ ဖင်စီဒိုင်းပုလင်းပုလေးတွေ.ဒါလည်း ကွန်အစားထိုး အငြိမ်ပဲ....စိမ်ရည်က အရက်လို အနံ့ မပြင်းပေမယ့်  ဘီယာလိုပဲ တအိအိ ရစ်မူးလာတာ စပါတ်ကလင် ပုလင်းအရွယ်လေးတွေ သုံးပုလင်းလောက်ဆို တစ်ပက်စာလောက်မူးတော့  ဆယ်တန်း အရွယ်များအတော်ပဲပေါ့ ..ကဲလို့ ကောင်းတယ်..မန်ကျီးဖျော်ရည်လိုလို ရောင်းတော့  ကိုယ်နဲ့  ကျောင်းပြေးဖက် ကောင်မလေးတွေပါ ရောမော့ ကြတော့ တာပါပဲ....ပြီးတော အတူတူ ကျောင်း ပြေးကြတော့ တာပါပဲ

အတော်စုံတကာစိသွားတာက ဘာစတီရောက်မှ စုံတော့ တာ အဲ့ တော့ မှ အရက်စစ်စစ်ကို ပထမနှစ်မှာမှ စသောက်မိတော့ တာ...တလွဲမာနများ အခုနေကြည့် ရင်ရယ်စရာ...နိ သောက်နိုင်မှ ယောက်ျား ပီသသလိုလို..ကိုယ့် ဟာကိုယ်ပဲ အရက် အိပ်စပတ်ကြီးလိုလို နဲ့  ပဲခံသောက်တာ....ရေတို့ ရေခဲတို့  ဆော်ဒါတို့ ရောရင် ပိုခါး ပိုဗိုက်ကယ်တယ်ဆိုပြီး နိမော့ တော့  စ စ ချင်း အ၀င်က ဆိုးမှဆိုး...နောက်တော့  အသက်အောင့် ပြီး ဖြည်းဖြည်းမြိုချ ..ပြီးတော့  ပါးစပ်ကသာ ဟားးး ကနဲ လေပူတွေထုတ် ..ပြီးတော့ ရှေ့ ပန်ကန်ထဲက ကန်စွန်းရွက်ကျော် တစ်ဖတ် ကောက်ဝါးပေါ့ လေ...

အဲ့ ကစလိုက်တာ..၂ ပက်ဆို ဘယ်လောက်ကြာအောင် ခံတာ ၄ ပက်ဆိုရင် ဘယ်လောက်အကြာမှာ အရှိန်တက် ပြီး ဘယ်လောက်ကြာအောင် ခံတာတွေ သိလာတယ်..နောက်တစ်ဆင့် တက်လာတာက အစားအသောက်နဲ့ အရက်လစ်မစ်ချိန်တော့ တာ..၀က်စတူး နဲ့ တွဲရင် ၄ပက်အစား ၂ ပက်သာတီးတော့ တာ....၀က်အဆီကြောင့်  အရက်မူးနေတာ ပိုမြန်လာပြီး အမူးပိုကြာနေတတ်တာ..ချိစ်နဲ့ တွဲရင် ဒိုင်းဆို ထိုးမူးတက်လာတာမျိုးတွေ..စသဖြင့် ပေါ့ ...အမူးလွန်သွားလို့  မဖြစ်စဖူး အိမ်ပြန်မအိပ်ရဲတော့ တာနဲ့  သူငယ်ချင်းအဆောင်လိုက်အိပ်လိုက်ရတာမျိုးတွေ ဖြစ်လာပါရောလေ...

နောက်တော့  အရက်ကို ကြောက်လာတယ်..မျိုးရိုးသွေးကိုက အရက်ကြိုက်ပုံရသလို ခါးတူးနေတဲ့ အရက် အရသာကိုပါ ကိုယ့် လျှာက ကြိုက်နေတတ်တာကို သတိထားမိလာလို့ စွဲသွားမှာ စိုးတာနဲ့  ကင်းအောင်နေလိုက်တော့ တယ်...ဒါတောင် ကျောင်းပြီးလို့ အလုပ်တွေ လုပ်တော့မှ ကင်းတာပါ...ကံကောင်းလို့ သာ ဂျလေဘီ စစ်စစ်ကြီး ဖြစ်မသွားတာလို့ ဆိုနိုင်မယ်..

ဘာလို့ ဆိုတော့  သူ့ ဟာသူတွေ ဖြစ်ချိန်တန်ဖြစ်ပြီး ပြီးချိန်တန်ပြီးခဲ့ တာချည်းပဲ မိဘတွေ ဘာသာရေးတွေ ဘာညာ ကတိခံ ကွန်ထရိုးတွေ ဘာမှမရှိခဲ့ ဘူးလေ...ကိုယ်တိုင်ကလည်း ကတိပေးရတာကို မကြိုက် တတ်ခဲ့ လို့  ကတိပေးရမယ့် ကိစ္စတွေ တတ်နိုင်သမျှ ရှောင်တာပါပဲ လူ့ ဘော်ဒီရော အတွေးရော လွတ်လပ်နိုင်သလောက် လွတ်လပ်ပြီး အထူးသဖြင့်  စိတ်အတွေးက ဖရီးဖြစ်နေလေကြိုက်လေဆိုတော့ လေ..။..။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..