Powered By Blogger

Saturday, February 7, 2015

''ရှေ့ နောက် မညီတတ်တာကိုက လောကသဘောပါလေ..''


အများစုရဲ့ သဘာဝက ခံစားမှု့ သဘောနဲ့ လှုပ်ရှားနေတဲ့ သဘောများတယ်..ဒီတော့ လှုပ်ရှားပုံအများစုကလည်း ရှေ့ စကား နောက် စကားညီညွတ်မှု့က သိပ် မရှိတတ်ကြတော့ ဘူးပေါ့ ...အဲ့ မှာ အပျင်းဖြေတတ်ရင် ကိုယ် အပါအ၀င် လူတွေအတော်များများမှာ ရယ်စရာလေးတွေ အတော်ပေါသား လို့ ..

..ဟဲဟဲ..အခုရက်ထဲတင် တရုပ်တက္ကသိုလ်တွေမှာ အနောက်စံတွေ မလွှမ်းမိုးအောင် လုပ်ရမယ်လို့ ပြောတော့  ဒါလဲဟာသမြောက်တာပဲလို့ ပေါ့ ..အဲ့ မူဝါဒချမှတ်ချင်နေတဲ့  လူတွေကိုယ်တိုင်က သူတို့ ကိုယ်ပေါ်မှာဝတ်ထားတာကိုက လည်ပင်မှာ ကြောင်လျှာသီးးနံကထိုင်ကြီးဆွဲထားတဲ့ ဘိုဝတ်စုံကြီးနဲ့ လေ တရုပ်သိုင်းကားထဲကလို ဘယ်သူမှ ဆံပင်ခေါင်းတစ်ခြမ်းရိပ် ကျက်ဆံမြီးအရှည်ကြီး ဇင်ပိတ်အင်ကျီ ပွပွကြီးနဲ့ လွှတ်တော်လာတက်နေတာမတွေ့ မိပါဘူး..ပြီးတော့ အနောက်က ပွတ်သဘင်အကတို့ ဘဲလေးကပွဲတို့ မှာသူတို့ ကအကျွမ်းဆုံး...အမှန်က ကွန်မြူနစ်ဝါဒနဲ့ သူတို့ ရဲ့ အာဏာကို ထိလာမှာ စိုးလို့ အသေအလ လိုက်ကာနေတာက အဓိက သဘောပါပဲ..ဘာမျိုးချစ်မှ အဓိက ဟုတ်ပုံမရပါဘူး..


လူဆိုတာ စာဖတ်ပြီးတော့ လည်း မုန်းတီးတတ်တယ်၊ မမြင်ဘူးတဲ့ သူတွေ မဆက်ဆံဘူးတဲ့ သူတွေကိုလည်း ကြားစကား နဲ့ လိုက် မုန်းပေးတတ်ပြန်တယ်။ 

အင်္ဂလိပ်လက်အောက်ကျခဲ့ ဘူးတဲ့ ဒေသက အခုခေတ် လူတွေအတော်များများ တိုက်ရိုက်လူတွေ အတော် နဲကုန်ပါပြီ လွတ်လပ်ရေးရပြီး နောက်မွေးလူတွေသာ များတော့ တယ်..ဒါပေမယ့်  ကျနော်တို့ ရဲ့ စိတ်ထဲမှာ အဖြူကောင်တွေကို အနဲနဲ့ အများ တစ်ခါမှ မဆက်ဆံဘူးသေးပဲနဲ့  ကြိုမုန်းတီးနေတတ် ကြို မယုံပေး နေတတ်တဲ့ စိတ်အခြေခံရှိနေတတ်တယ်..ပညာရေးကသင်ပေးလိုက်ပုံကိုက လက်နက်နဲ့ ဗိုလ်ကျတဲ့ နယ်ချဲ့ စနစ်ဆိုတာ မကောင်းကြောင်းထက် လူအင်္ဂလိပ်တွေ မတရားလုပ်သွားတယ်ဆိုတဲ့ ဖက်ကို ဇောင်းပေး သင်ပေးသွားတဲ့ သဘောက လူမုန်းသဘောလေး ၀င်နေတာမျိုးပဲ.။ ဒါပေမယ့်  လူဆိုတာ စိတ်ခံစားမှု့ အလိုအရ လိုချင် တပ်မက်မှု့ တွေကနေ တောင်းဆိုနေတဲ့  ကောင်းကောင်း စားသောက်နေထိုင်သုံးစွဲ လိုက်ချင်သေးတဲ့ အာသာ ရမက်ကိုလည်း မငြင်းဆန်နိုင်ပြန်ဘူး..ဒီတော့  အမုန်းတရားနဲ့ အာသာရမက်ကြားမှာ ကိုယ့် ဟာကိုယ် မြွေဖမ်းနေသလိုဖြစ်နေတာက ရယ်စရာကောင်းလိုက်တာ ဖြစ်လာတာပေါ့ ..ဟီးးး

အမျိုးထဲမှာ တိုးရစ်တွေနဲ့ လုံးထွေနေတဲ့ ကားသမား ဘဲကြီးရှိတယ်.ပညာသမားကလည်း ဖြစ်တော့ ဘိုစာရော ဂျပန်စာပါတတ်တယ်ပေါ့ အဲ့ တော့  ကားသမား ဖြစ်ပေမယ့် အင်္ဂလိပ်နဲ့ ဂျပန်စကား တော်ကီရတော့ ပို အလုပ်ဖြစ်နေတာပေါ့ လေ...အဲ့ ဘဲကြီးက ပုံမှန်ဆို ယဉ်ကျေးပါတယ် ကျနော်နဲ့ ခင်ဗျားနဲ့ အစ်ကိုကြီးက ညီလေးကတွေ နဲ့ ညက်နေတာပဲ.။ 

အဲ့  နိုင်ငံခြားသားတွေကို ဘယ်ပို့ ညာပို့ ရလို့  ထူးခြားဖြစ်စဉ်လေးတွေပြန်ဖေါက်သည်ချရင် စကားလုံးက သူတို့ ကို ကိုယ်စားပြူရင် '' ငါ'' ဒီကောင်တွေကို ဘယ်ပို့ တုန်းက ဘယ်လို ဒီကောင်တွေအဖွဲ့ က မိုက်တယ် ငါ့ ကို ရာတန်တစ်ရွက်အပိုပေးသွားတာ ဘာညာတွေနဲ တငါထဲငါ ငါချင်းမိုးမွှန်ကုန်ပြီး အရိုင်းဆန်သွားပါရောဗျာ..မျက်နှာကိုက ပုံမှန်မဟုတ်တော့ ဘူး အမာဖက်ရောက်သွားပြီး ကိုယ်ကပဲ အဖြူကောင်တွေကို အပေါ်စီးကနေ ဆက်ဆံ လွှတ်လိုက်သလိုလိုပေါ့ .အမှန်က အဲ့ ဒီ့ အချိန်မှာ သူက အငှားအလုပ်သမားကားသမား ဟိုအဖြူကောင်တွေက အလုပ်ရှင် ..ဟီး ..ကျနော်ကတော့ စိတ်ထဲက သူ့ ရဲ့ အဖြူကောင်တွေနဲ့ ပတ်သက်လာရင် အမုန်းတရားကြွတက်လာတဲ့ မျက်နှာကြည့် ပြီး ကျိတ်ရယ်နေမိတော့ တယ် ၊ ရယ်ဆို အဲ့ အဖြူကောင်တွေ အလာကျဲသွားရင် မတ်တတ်က ချက်ချက်းဘုံးဘုံးလဲ သေတော့ မတတ်ဖြစ်လို့ တိုးရစ်သြော်ဒါတွေ မြန်မြန်ရအောင် ယတြာပေါင်းစုံပတ်ခြေနေတော့ တာကိုး...။ ပိုရယ်ရတာ ရှိသေးတယ် မမေးပဲနဲ့ ဂျပန်စကားတွေရွတ်ပြလို့ ရွတ်ပြ ဂျပန် သင်ပုန်းကြီးဖတ်စာ ကကြီး ခကွေးတွေရေးပြလို့ ပြနဲ့ အဲ့ အချိန်မှာတော့  ဂျပန်ငပုတွေ ဘာညာတွေ မေ့နေပုံရတယ်..ဟီး.။

အမှန်တော့  ကမ္ဘာတစ်ခွင် ဒီလို သဘောတရားရှိတာချည်းများတာပါပဲ.. လူဆိုတာကိုက ဘာကာလာ ဘာအယူဖြစ်ဖြစ် အခြေခံစိတ်က အာသာရမက်ခံစားလိုမှု့ သဘောတွေမှာတော့ အတူတူချည်းဆိုတော့ လေ....အဲ့ တော့  ရှေ့ နောက် မညီညွတ်တာတွေ အများကြီးတွေ့ ရတော့ တာပေါ့  အဲ့ ဒါကိုက ကိုယ့် ဟာကိုယ် လောကကို တစ်ယောက်ထဲ ထိုင်ကြည့် စိတ်ထဲကနေ ထိုင်ဟားနေလို့ ရတယ်လို့  ၊ တစ်ခါတစ်လေ ကိုယ့် ကိုယ်ကိုပါ ကိုယ်ပြောတာတွေမှာ ရှေ့ စကား နောက်စကား ယုတ္တိလွတ်နေတာတွေ တစ်ပုံကြီး ပါးစပ်တော်ကီနဲ့  တကယ်လုပ်တာက တလွဲဆိုတာတွေပါပြန်ကြည့် ပြီး ရယ်စရာလုပ်နေလို့ ရတယ်ပေါ့ လေ..ဟဲဟဲ....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..