Powered By Blogger

Saturday, February 7, 2015

'''စပ်စုခရီးစဉ်..''

ခေတ်ဆွေးဆွေး လူဆွေးဆွေးတို့ တွေ သိတဲ့ အတိုင်း စာမေးပွဲနီးမှ မအိပ်ဆေး မြို မအိပ်မနေ ဘိုင်ဟတ်ကျက်ပြီး အတန်းတက် ဘွဲ့ ယူလာရတာဆိုတော့ လေ ဘိုလိုက ဘရုပ်ကင်းပေါ့ .အရေးရောလစ်စနင်းရော သစ်စ အစ်စ အေ ဘုတ်ခဘ၀ပေါ့ ..အပြောလေး တစ်ခုသာ.ဟဲဟဲ..ခြင်္သေ့ အကြီး အမြီး ညပ်နေတာ.အသံကို ထွက်မလာတော့ ဘူးရယ်...အဲ့ ဒါပေါ့ ရင်ဆိုင်တွေ့ တော့ ဖင်ထိုင်မေ့ ကျနော်တို့ ဘာမှမတတ်ပါဘူးခီညာ ...ခစ်ခစ်..အဲ အဲ..ဆိုလိုရင်း အနှစ်ချုပ် သံခိပ် သဘောက အိုင်တီဆိုတာ ကျနော်တို့ အန်းတစ်တွေက အစ် လောက် ထင်နေတာမျိုးလို့ ..ဟဲဟဲ..။

ဒါပေသိ မရှက်ပါဘူး.ကိုယ်က ငါဟူသည်ကား မြန်မာပြည်သား ဖြစ်တော့ သကိုးးသို့ နှယ်ကြောင့်  မြန်မာစာ မြန်မာစကားသာ ကျွမ်းရင်ပြီးပြီ ကျန်တာ နိုးပလုံပလုံပေါ့ ..ဘိုစာတွေ အိုင်တီတွေ မတတ်လဲ ကိုယ့် မြေ ကိုယ်ရေမှာ ထမင်း တစ်လုပ် ထင်းခုတ်စာလို့ ရဘာဒယ် လုပ်နေခဲ့ တာပေါ့ .(အခုတော့  ခုတ်စရာ တောက ငိငိ ကုန်တော့  စကားပုံတောင် အန်းတိတ်ထဲ ကျန်ခဲ့ ပုံရပါသဗျာ့ ..အဲ...ဒါပေ နောက်တစ်ခါ ထပ်သိရရင် မြန်မာစကားပြောတော့ လည်း အွဲ အွဲ ဆိုတဲ့ အရွယ်လွန်စကနေသာ မြန်မာစကား ပြောလာတာ..ခုထိ တစ်ခါတစ်ခါ ကိုယ်ပြောတာ သူများမဆိုထားနဲ့  ကိုယ့် ဟာကိုယ်တောင် အဓိပ္ပါယ်က ဖေါ်မရချင်တာတွေကပါသေးတယ်..စောန ငါဘာပြောမိလိုက်ပါလိမ့် ...ဟဲဟဲ..အဲ  စိတ်ကူးပေါက်လို့ စာလေးဘာလေးများ နဲနဲပါးပါးရေးလိုက်ရင် ပဲတီပင်ပေါက်လက်ရေးနဲ့  အောက်သက် မကျေပုံက သပ်ပုံမှားနေတာ ဘ၀တစ်လျှောက်လုံး ရေးမိသမျှဆိုပါတော့ ..ဟဲဟဲ..။

ဒါပေမယ့် ဗျာ..လူဆိုသည်မှာစပ်စုတတ်သော သတ္တ၀ါလို့ လည်းခေါ်ပါ၏ ဆိုသလိုပါပဲ ကမ္ဘာကြီးဟာ ရွာသာကြီး တစ်ခုလိုဖြစ်လာနေတော့  အိုင်တီ အစ်နေလို့ မရတော့ ဘူးလေ တစ်ချို့ များ အိုင်တီနဲ့ လုပ်စားနေတာ ဆရာကြီးတောင်ဖြစ်နေပြီလေ..ဒါနဲ့ တောင်စပ်စု မြောက်စပ်စု စပ်စုရတော့ တာပေါ့ ...ဒါမှ ရောရိရောရာ ငါလဲပါ ၀င်ကညော့ လို့ ရမှာကိုးလေနော့် ..။ ဒါနဲ့ ပဲ ဖွာရွာထဲဝင်စပ်စု တောင်ရေး မြောက်ရေး တွေလုပ်နေခဲ့ တာပေါ့ ဗျာ...ဒါမှ အရပ်ထဲမှာ ပြန်ကြွားလို့ ရတာကိုးဘာလေး ပြောလိုက်ပြောလိုက် ကျနော်သိပြီးပြီ..ဖွဘုတ်ထဲမှာပါတယ်...အင်တာနက်မှာ တွေ့ လိုက်တယ်..ဟဲဟဲ...။

ဖွာရွာထဲ လူလာဖြစ်တာ အခါလည်သားကျော်လာလို့ စမ်းပြီးပြေးတတ်စ အရွယ်ရောက်လာတော့  ရွာနီး ချုပ်စပ်တွေ လျှောက်လည်တတ်လာတော့ တာပေါ့ ..အဲ မပြောမပြီး မတီးမမြည်ဆိုသလို
သဘာပတိကြီးကို  ကြားဖြတ် တင်ပြရရရင် အဲ ကြားဖြတ်ပြောရရင် ခေတ်နည်းပညာတွေ လိုက်စပ်စုရတာ ပိုက်ပိုက်တွေ တော်တော် ကုန်တယ်နော်..မချောင်ဘူးရယ်..ဟီးး...ဒါနဲ့  နောက် ရွာကြီး တစ်ရွာ ရှိသေးကြောင်း ပျော်စရာ ကောင်းကြောင်း ဆရာကြီးတွေ စုနေတဲ့ ရွာကြီးတွေဖြစ်ကြောင်း စည်းကမ်း ကာလနာတွေ အဲ စည်းတွေ ကမ်းတွေကြီးကြပါကြောင့်  မစ်စတာဘရိမ်းတွေလည်းဖြစ်ကြောင်း အလွန် တော် အလွန် တတ်သူတွေလည်းဖြစ်ပါကြောင်း ဂလိုဘယ်ရွာကြီးအနှံ့ မှလူတွေ စုနေကြောင်း ၊ အစုံ ရပါကြောင်း.စုံတာမှ တော်တော့် ကို စုံပါကြောင်း(အဟိ)။..အားပါး..ကြားရ ဖတ်ရတာ  သိပ် စပ်စုချင်စရာ ကောင်းတဲ့  ရွာကြီးပါလားဝေးးး..ပေါ့ .နို့ ဒါနဲ့  အဲ့ ရွာကြီးရဲ့ အမည်ကဘာတဲ့ တုန်းလို့ စပ်စုလိုက်တော့  ဘလော့ ရွာ..တဲ့ .အဲ့ မှာ နေတဲ့ သူတွေကို ဘလော်ဂါတွေဆိုလား ဘာလား ခေါ်တယ်တဲ့ ..ဟေ...အဲ့ ရွာက ရွာသူရွာသားတွေက  ငါတို့ ဖွရွာထဲကလူတွေနဲ့ တူလားဆိုတော့  နိုး..မတူဘူးတဲ့  ငင်.အာ့ ဆို နတ်တွေနဲ့ တူလားငင် ဆိုတော့  ချတ်သရီး စာကြီးပေကြီးသမားတွေလို့ ပြောတာဟ..တဲ့  သြော်...အားကျစရာ..'' ဘုတ်.''၊ ဒီတော့ ဗျာ..တိုတိုပြောရရင် အဲ့ ရွာကြီးထဲ စပ်စုခရီးစဉ်ဆွဲပြီး သွားလည်ကြည့် မိတော့ တာပေါ့ ဗျားးး..ဒါလေးပြောချင်တာပါ..ဟီးး။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..