အမြင်ခြင်း မတူလဲ ပေါင်းလို့ ရပါတယ်လို့ အလွယ်သာပြောတာ..ဘယ်လို ကိစ္စတွေမှာ မတူတာလဲဆိုတာက ထည့် စဉ်းစား ရသေးတယ်..ကိစ္စက တူနေပြီး အမြင်ခြင်းက အကြီးအကျယ် ကွဲလွဲနေပြီဆို အဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မပေါင်းတော့ တာ ပိုကောင်းမယ်..ဟန်ဆောင်ပြီး ဆက်ပေါင်းနေရင် တစ်ကွေ့ မှာ ငြိကိုငြိတော့ မှာ..တစ်ချိန်မှာ .ငြိမယ်လို့ ပြောမယ့် သာပြောရတာ ဟန်ဆောင်ပေါင်းနေလဲ ကြာကြာပေါင်းမရပါဘူး....
ဆိုပါတော့  ဘ၀မှာ ငွေရှိဖို့ သာ အရေးအကြီးဆုံး ကျန်တာ ဒီလောက် မဟုတ်ဖူးအေးဆေးပါ ဆိုတဲ့  အမြင်မျိုးကို ကိုင်ထားတဲ့ သူနဲ့ ....
ငွေက မရှိမရှားဆိုရပါပြီ ကိုယ်ကျင့် သီလသာ ပထမနေရာဆိုတဲ့ အမြင်ကို ဆုတ်ကိုင်ထားသူနဲ့  ကြာကြာတွဲလို့ မရဘူး..တစ်ကွေ့ မှာ ငြိမှာပဲဆိုတဲ့ သဘောမျိုး..
အကြောင်းက ငွေပထမသမားက ငွေအတွက် ကျန်တဲ့ ကိစ္စတွေကို မီးစင်ကြည့် ကပေးမယ် ကြိုးလျှော့ ပေးတတ်မယ် အလိုက်အထိုက်လေးလိုက်နေပေးပေမယ့် ...
ကိုယ်ကျင့် သီလသမားက သူ့ ကိုယ်ကျင့် သီလကို ထိပါးလာမယ်ဆို သူ ကိုင်ထားတဲ့သူကျင့် သုံးနေတဲ့  ကိုယ့် ကျင့် သီလကို ကြိုးလျှော့ မပေးလွယ်ဘူး မီးစင်ကြည့် မကပေးတတ်ဘူး...အလိုက်အထိုက် လိုက်မလုပ်လွယ်ဘူး...
သဘောက အမြင်မတူတာဟာ ထင်တာထက် ကျယ်ပြန့် တယ်..ကမ္ဘာတစ်ခွင်လုံးဗရုပ်သုတ်ခ ဖြစ်နေတာ အမြင်မတူတာက စတာချည်းပဲဆိုတာ လွယ်လွယ်လေး မြင်နိုင်တယ်ဆိုတာပါပဲ....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..