မကြာသေးခင်ကမှ ချယ်နယ်တစ်ခု က ပြတဲ့  တောရိုင်းဓလေ့  မှတ်တမ်း ဒေါ့ ကူမန်ထရီလေးထဲမှာ ( ဖိုင်းယားဘတ် ) ဆိုတဲ့ ( မီးလျံငှက်လေး) တွေ ရဲ့  ဘ၀ရှင်သန်မှု့ စတိုင်လေးတွေကို စိတ်ဝင်တစား ကြည့် လိုက်ရပါတယ်...
အဲဒီ ငှက်လေးတွေ ဟာ ကြက်တူရွေး အကြီးစား အရွယ်လောက် ကိုယ်လုံးရှိပြီး သူက နဲနဲအလျား ရှည်မျောမျော ပို နိုင်ပါတယ်..အတောင်တွေ ကိုယ်ထည် အမွှေးရောင်တွေက လက်ပြီး တောက်တောက်ပပနဲ့  သိပ်လှတဲ့  အခရိုင်းလစ် အနီရောင်ဖက်များ ပြီး ထူးခြားချက်က ငှက်မြီး စုစု ရဲ့  နောက်မှာ သီးခြားရှည် ထွက်နေတဲ့ ငှက်မြီးပြား နှစ်ခု နှစ်ခွ သွယ်သွယ် ရှည်ရှည် လေးက တစ်ပေလောက် နီးပါး ပါပါတယ်..ဒီတော့  ငှက်ကလေးတွေ လေထဲ ၀ဲပျံ ကစားတဲ့ အခါ အနီရောင် ပိုးပုဝါစကြိုးမျှင် အနီလေး နှစ်ပင် လေထဲလွင့် နေသလို သိပ်ကို လှလွန်းလှပါတယ်..
သားပေါက်ရင် တွင်းအောင်း အုတဲ့  ငှက်လေးတွေ ဖြစ်ပြီး တစ်ရာသီကို ဥသားပေါက်လေး နှစ်ကောင်လောက် အုတတ်တယ်..ပင်လယ်ကမ်းစပ်နား နီးတဲ့ ကျူတော ကိုင်းတော တွေ ကြားမှာ နေတတ်ပြီး ပိုးနှံကောင်တွေ ပုရစ်တွေ တွင်းပိုးလေးတွေ ဘောက်ဖတ်တွေ ဟာ သူတို့ အစာပေါ့ ဗျာ....
မီးလျံငှက် ( Fire Bird ) လို့  ခေါ်ကြပုံက ဒီ ငှက်ကလေးတွေ ရဲ့  ထူးခြားတဲ့ အစာ ရှာနည်းကြောင့် ပါပဲ.....
ကိုင်းတောတွေ ရိုးပြတ်တွေ ကျူတောတွေ ဟာ နွေဦးရာသီ ရောက်လာတဲ့ အခါ ရွှေဝါရောင်သန်းလာပြီး သွေ့ ခြောက် လာတတ်တယ်...၊ အဲဒီလို သွေ့ ခြောက်လာတဲ့  ကိုင်းတောခြောက်တွေ ရိုးပြတ်ကွင်းခြောက်တွေ နားကို ဒီ မီးလျံငှက်ကလေးတွေ က အုပ်လိုက် ရောက်လာကြပြီး ရိုးခြောက်တွေ ကျူကိုင်းခြောက်တွေ နွေဦး အပူရှိန်ကြောင့်  တောမီးလောင်မယ့် အချိန်ကိုစောင့် နေတတ်ကြပါတယ်...
ရိုးပြတ် တောမီးတွေ တဖြောက်ဖြောက် တဂျွတ်ဂျွတ် နဲ့  မီးလောင်လာတဲ့ အခါ အဲ့ ဒီ့  ရိုးပြတ် ကိုင်းခြောက်တွေထဲက တွင်းပိုးလေးတွေ ..ပိုးနှံကောင်တွေ ဓားခုတ်ကောင်တွေ ပုရစ်တွေဟာ အရှိန် တငြီးငြီး လောင်လိုက်လာတဲ့ မီး အပူရှိန်ကြောင့်  လေထဲကို ထ ထ ခုန်ပျံလာကြပြီး မီးဘေးလွတ်ရာကို ရှောင်ဖို့  ကြိုးစားကြတော့ လေတယ်...
မီးလျံ ငှက်ကလေးတွေဟာ ဒီလို ကောင်းကင် တော်တော် အမြင့် ရောက်အောင် ခုန်ပျံ တက်လာတဲ့  ပိုးနှံကောင်လေးတွေကို အလျံတငြီးငြီး တောက်လောင်နေတဲ့  မီးတောက် မီးလျံ မီးစွယ် မီးညွန့် တွေ နဲ့ အပူ ဒဏ်တွေ ကြား က တဟူးဟူး တိုက်ခတ်နေတဲ့ လေပူတွေထဲမှာ ပွတ်ကာ သီကာ လူးကာ လိမ့် ကာ ပျံဝဲပြီး လိုက် ဖမ်းစား မြူးတူးကြတော့ တယ်...
မီးလျံငှက်လေးတွေ ရဲ့  ထူးခြား သဘာဝ စွမ်းရည်က မီးခိုးမွန်တဲ့  ဒဏ်ကို ခံနိုင်ကြသလို သူတို့  ရဲ့  အနီရောင်များတဲ့  ငှက်မွှေးတောင်တွေဟာ လည်း မီး ဟတ်နေတဲ့  အပူရှိန်ဒဏ် ကို ခံနိုင်ရည် ရှိနေကြတာပဲဖြစ်တယ်..
ရိုးပြတ် မီးတောက်တွေ မီးလျံတွေကြားမှာ မြင့် ချီ နိမ့် ချီ ပြေးလွှားပျံသန်း ရင် ပိုကောင်တွေ ဖမ်းစားနေရင်းက တစ်ခါတစ်လေ မီးတောက်ကနေ အမြင့် ကို ထိုးတက်လာတဲ့  မီးစွယ် ကို ကိုယ်တစ်ပတ်လှည့် ရှောင်တိမ်းရင်း မြေပြင်က ခုန်တက်လာတဲ့  ပိုးနှံကောင်ကို ပါ မလွတ်ရအောင် လေထဲမှာ လှိမ့် ပြီး ဖမ်းစားသွားတာကို မြင် လိုက် ရတာဟာ မြင်ကွင်းထဲက ဖယ် မရလောက်အောင် သိပ်ကို ရင်သပ်ရှု့ မောစရာ ကောင်းလှပါတယ်...
ခပ်လှမ်းလှမ်းက ကြည့် နေရတာဟာ မီးလျံငှက်လေးတွေဟာ အရှိန် ငြီးငြီး တောင်လောင်နေတဲ့  မီးတောက် မီးလျံ မီးညွန့် မီးစွယ် မီးပုံ တွေ ကြားက နေ ငှက်လေးတွေ ရုတ်တရက် ဟိုက သည်က ထိုးတက် ထ ထ ပျံ တက် လာကြသလိုမျိုး ကို ဖြစ်နေတာပေါ့ လေ...
ဒီလိုမြင်ကွင်းကြောင့် ပဲ မီးလျံငှက် ( Fire Bird ) ငှက်လို့  ခေါ်ကြတာပဲဖြစ်တယ်နဲ့ တူပါတယ်.....တင်စားပြောရရင် အကြိမ်ကြိမ် မီးပုံထဲထိုးဝင်သွားလိုက် အခါခါ မီးလျံကြားထဲကနေ ပြန်ပြန် ရှင်သန်လာလိုက်နဲ့  မီးလျံကြားမှာ မသေတော့ တဲ့ ပုံမျိုးလေးပါပဲ..''' ဒါကြောင့်  ဘယ်လောက်ပဲ ပြင်းထန်တဲ့ ကံကြမ္မာဆိုးလောကဓံတွေနဲ့ ရင်ဆိုင် တွေ့ ကြုံရပါစေ မီးလျံငှက် ( Fire Bird ) ကလေးတွေလိုပဲ အကြိကြိမ်အခါခါ ရုန်းကန်ရှန်သန်နိုင်ရမယ် ဆိုတဲ့ စိတ်ဇွဲသတ္တိတွေကို ကိုယ်စားပြုတဲ့ သင်္ကေတ ဖြစ်လာတော့ တာပါပဲ...''
သဘာဝကြီးကတော့ အံ့ သြ ကုန်နိုင်ဘွယ်ရာပါဘဲ...အလျံငြီးငြီး တောက်လောင်နေတဲ့  မီးလျံတွေ ကြားမှာ အစာ တစ်လုပ် ရှာ စား ဖန်တီး တတ်တာကို ပဲ ချီးကျူး ရမလား...၀န်းကျင်ပတ်လည်မှာ အရာမှန်သမျှကိုလောက်မြိုက်စားသောက်လာတဲ့  မီးလျံတွေ ကြားကနေ ကိုယ့် အသက်ဘေးက လွတ်အောင် ထွက်ပြေးနေရတဲ့ ပိုးနှံကောင်လေးတွေ ကို သက်သက် စောင့် ဖမ်းစား တတ်တာကိုပဲ ရက်စက်ပါပေ့ ကွယ် လို့ ထင်ရမလား...သဘာဝကြီး ရဲ့  ချိန်ခွင်ညှာ သဘောလို့ ပဲ မှတ်ရမလား လေပေါ့ လေ.....
.စိတ်ကူး လွင့် မျော တွေးလိုရာ တွေးပေါ့ လေ...
သတ္တလောကရဲ့  တောတွင်း အရိုင်း ကြီးနိုင်ငယ်ညှင်း ဥပဒေသ အတိုင်း မီးလျံငှက်လေးတွေမှာလည်း သူတို့ က ပြန် သတိထားနေရတဲ့  အကောင်ကြီးကတော့  ဟိုး အမြင့် ကနေ စောင့် ကြည့် နေတဲ့  သိမ်းစွန် ငှက်ကြီးတွေပဲ ဖြစ်ပြန်ပါတယ်...လစ်ရင် လစ်သလို မီးလျံငှက်လေးတွေကို ထိုးသုတ်ဖမ်းစား ဖို့  သူတို့ ကလည်း ပြန်ကြိုးစားတတ်ပြန်ပါတယ်.....
ရွှေအို ရောင်သန်းနေတဲ့ နေညို ချိန် နေကျစ ဆည်းဆာ နောက်ခံ ဖြစ်လို့  သိပ်ကိုလှနေတဲ့  ပင်လယ်ပြင်ကြီးနား မှာ လေတွေ တဟူးဟူး နဲ့  တိုက်ခတ်နေလို့  တဖေါက်ဖေါက် တဖြောက်ဖြောက် နဲ့  မီးပေါက်သံပေးလို့  တောက်လောင်နေတဲ့  ကျူတောခြောက် တွေထဲမှာ မီးလျံ ကခြေသည်မလေး တွေ လှုပ်ရှား ကခုန်နေတဲ့  ကပွဲတစ်ခုလို ကွင်းပြင် ကျယ်ကြီးထဲ မှာ နိမ့် လိုက် မြင့် လိုက် ပျံသန်း ဆော့ ကစား ရင်း တစ်ခါတစ်ရံ ကိုယ်လုံး သွယ်သွယ်လေး လေထဲ တစ်ပတ်လှည့်  ပျံသန်းမြူးတူးနေလိုက်သေးတဲ့  မီးလျံငှက်လေးတွေ ကို ကြည့် ရတာဟာ ကြည့် လို့  သိပ်ကောင်းတာတော့ အမှန်ပါဘဲ .....
ဘာဘဲဖြစ်ဖြစ် မီးလျံငှက် ( Fire Bird) ဆိုတာ ဟာ မီးဒဏ်ကို မကြောက် အချိန်မရွေး လောင်မြိုက်ပြာကျ သွားနိုင်တဲ့  မီးတောက် မီးလျံတွေကြားမှာ ပျောမွေ့ ရှင်သန် ကျက်စား နေတတ်သလို ပါဘဲ....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..