Powered By Blogger

Sunday, February 8, 2015

''ရေပိတ်စပါး..နက်ဂတစ်.နဲ့  .ကံကြမ္မာကို ခုခံခြင်း ပြန်တိုက်ခိုက်ခြင်း''


ကိုယ်လုပ်နေတဲ့ အလုပ်သဘာဝကို မြင်သာထင်သာရှိအောင် တစ်ခါတစ်လေ စကားလုံးလေးတွေ ပြောင်းသုံးပြလိုက်လေ့ ရှိပါတယ်...

အဲဒါ့ ဘာကြောင့် ဖြစ်လာရသလဲဆိုရင် ဘာမှဖြင့် မကျိုးစားရသေး အားမထုတ်ရသေးပဲ့  မဖြစ်တော့ ပါဘူး မရတော့ ပါဘူး မဖြစ်နိုင်ပါဘူး ဆိုတဲ့  နဂတစ်ဆန်လွန်းတဲ့  '' ရေပိတ်စပါး '' စကားမျိုး သုံးတာကို ကျနော်တို့ မိဘတွေ (၀ါ) ကုန်သည်သဘောတွေက မကြိုက်ပါဘူး..ခွန်အားကုန်တယ် ကျက်သရေမရှိဘူး မင်္ဂလာမရှိဘူး လို့ တောင် အဆိုခံရပါတယ်...ဘန်းစကားအရ ဘာလေးပြောပြော ''' မဟုတ်သေးဘူးလေ ''' လို့ နဲ့ စကားစလာသူတွေ ''နိုး '' နဲ့ စတာ များလွန်းနေသူတွေကို ''' နက်ဂတစ်သမားတွေ'' လို့  သုံးလေ့ ရှိပါတယ်...အပျက်ဖက်က အရင်ကြည့် တတ်တဲ့ သဘာဝရှိနေသူတွေပေါ့ ...


လုပ်ဖို့  လုပ်ကြည့် ဖို့ ကကိုယ့် ကိစ္စ ကျန်တာကနောက် ဘာမှမလုပ်ရင် ဘာမှဖြစ်မလာဘူး ဆိုတဲ့ စိတ်သဘောမျိုးတွေ ကုန်သည်သဘာဝတွေ တက်ကြွသူတွေမှာ လွှမ်းမိုးနေလေ့ရှိပါတယ်. ဘိန်းစားငိုက် ငိုက်နေတာထက် ဟုတ်ဟုတ်မဟုတ်ဟုတ် တစ်ခုခု လှုပ်ရွပြနေတာမျိုးကို ပိုသဘောကျနေလေ့ ရှိပါတယ်....အဲ့ စိတ်ကနေ ကိုယ်မလိုလားတဲ့  ကံကြမ္မာတစ်ခု ကို အတိတ်ကံပဲတို့  ဘုရားအလိုတော်ပဲတို့  ဆိုပြီး ငုတ်တုတ် လည်စင်းခံတာမျိုးကို သဘောမကျပဲ တစ်ခုခုတော့ ရုန်းကန်ကြည့် ရမှာပဲဆိုတဲ့ သဘောဖြစ်လာပါတယ်....

နေမကောင်းလို့  ဆေးကုတာကို အများစုက မသေအောင် ဆေးကုတာလို့  အလွယ် အရပ်စကား ပြောလေ့ ရှိပါတယ်...မကျမ္မာဘူးလို့ ဆိုလိုတာပါပဲ...ဒါပေမယ့် ဘယ်သတ္တ၀ါမှ မသေတာ မရှိပါဘူး...ဒီတော့  လူကို မသေအောင်ဆေးကုလို့  မရပါဘူး...ဒါဆို ဆေးကုတာ ဘာလုပ်တာလဲဆိုရင် နာရီပိုင်းဖြစ်စေ ရက်ပိုင်းဖြစ်စေ လပိုင်းဖြစ်စေ နှစ်ပေါက်ဖြစ်စေ အသက် ပိုရှည်ရှည်နေလို့ ရအောင်ဆေးကုတာသာဖြစ်ပါတယ်....

ဒါကြောင့်  ကျနော်က တစ်ချို့ တွေ ဆေးကုပေးနေတဲ့ လူမမာ သေမှာစိုလို့  အပူသောကကြွနေရင် ကျနော်က ''' ဘယ်သူမှ မသေအောင်ဆေးကုလို့ မရဘူး...အသက်ပိုရှည်အောင်သာ ဆေးကုလို့ ရတယ် ဒီတော့  အသက်ရှည်အောင် ဆေးကုပေးနေရမှာ ကိုယ့် ကိစ္စ ..ဒါ လူ့ တာဝန်ပဲ....ကုနေရင်း သေတာ မသေတာ ပြန်ကောင်းတာမကောင်းတာ သူ့ ကံနဲ့ ပဲ ဆိုင်တယ် ကိုယ်နဲ့ မဆိုင်ဘူး ကိုယ်နဲ့ ဆိုင်တာ ကိုယ်စွမ်းနိုင်သလောက် ဆေးကုပေးဖို့ ..ဒါပဲ '''' လို့  ပြောလိုက်မှ ဖတ်ကနဲ့  သဘာဝတရားကိုမြင်သွားပြီး အပူတွေ လျော့ သွားကြလေ့ ရှိပါတယ်...စကားလုံးချိန်းလိုက်တာပေါ့ ...

ဗေဒင်ယတြာ လုပ်နေတယ်ဆိုတာလည်း ဆေးကုပေးနေတဲ့ သဘောပါပဲ..ဆေးဆရာက အကောင်းဆုံးလို့ သူထင်တဲ့ ဆေးတွေနဲ့ လူမမာကိုဆေးကုပေးနေသလို ဗေဒင်ဆြာကလည်း သူ့ သိထား တတ်ထားသမျှ ဗေဒင်ယတြာပညာနဲ့  သူ့ ကို မှီလာတဲ့ ဗေဒင်မေးသူရဲ့  ကံတွေကို ယတြာပညာနဲ့  ကူညီ ပံ့ ပိုး ပေးလိုက်တာပါပဲ.....နောက်ပိုင်းကိစ္စ ဗေဒင်မေးသူရဲ့ ကံပါပဲ.....

ဆရာဝန်ဆိုးက လူနာ အပေါ် စေတနာ မမှန်ပဲ တလွဲတွေလျှောက်လုပ်တာ ဖေါင်းဖြစ်တာ ရှိနိုင်သလို လောကီပညာ ဆရာဆိုးက သူ့ ကိုမှီလာသူအပေါ် မတော်လောဘနဲ့ ပေါက်ကရတွေ လျှောက်လုပ်တာလည်း ရှိနိုင်မှာပါ...အကြောင်းက ဆရာဝန်ရော ဗေဒင်ဆရာရော လောကီဘုံသား ပုထုဇဉ်တွေမို့ ပါပဲ...

လူ့ သဘာဝဟာ ရောဂါဖြစ်လာရင် ငုတ်တုတ်အသေခံသွားလေ့ မရှိပဲ ဆေးတစ်ခုခုတော့ ကုသနေပြီး ရောဂါကိုပြန်လည်ခုခံနေတတ်သလို....

လူ့ သဘာဝဟာ ကံဆိုးလှချည့် ဆိုပြီးတော့ လည်း ကံကြမ္မာကို လည်စင်းခံမနေပါဘူး တစ်ခုခု အားကိုးရာ ရှာပြီးတုန့် ပြန်ပါတယ်...ဘုရားအားကိုးသူက ဘုရား ၊ ၃၇မင်းအားကိုးသူက ၃၇ မင်း ၊ တားရော့ အားကိုးသူက တားရော့ ၊ နက္ခတ်အားကိုးသူက နက္ခတ်၊ ဗေဒင်ယတြာအားကိုးသူက ဗေဒင်ယတြာ အားကိုးတာပါပဲ...အချုပ်က ''' ကံကြမ္မာကို ခုခံခြင်း ပြန်တိုက်ခိုက်ခြင်း ''' သဘောပါပဲ...ဗေဒင်ယတြာ အလုပ်က ဒါပါပဲ '''ငုတ်တုတ်လည်စင်းပြီး အသေတော့ မခံနိုင်ပါဘူး..တစ်ခုခုတော့ ပြန်တုန့် ပြန်မှ '' ဆိုတဲ့ ''' လူသားရဲ့ ဗီဇ'' သဘောကို ပြတဲ့ သဘောလို့ လည်း. မြင်နိုင်ပါတယ်....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..