Powered By Blogger

Sunday, February 8, 2015

.(တစ်ခါက ပုတီးဝေဒနာ..)



ဟိုး အရင်ကတစ်ခါ ပြောပြဖူးတယ်..စာအုပ်ဖတ်ပြီး လိုက်လုပ်တာ အတော်ဒုက္ခတွေကြီးသွားတဲ့ အကြောင်းပေါ့ ...ပုတီးစိတ်တာလေ.၉၀၀န်းကျင် နှစ်တွေမှာ ဂမ္ဘီရတွေ စန်းပြန်ထလာတော့  စာအုပ်တွေ နည်းတွေ တန်းစီပြီး ထွက်လာတော့ တာပေါ့ ..
.အဲ့ ထဲမှာ ပုတီးစိတ် နည်းပေါင်း သောင်းခြောက်ထောင်တွေရော အကျိုးကျေးဇူး ပေါင်း ၈ သောင်း၎ထောင်မကတွေရော အများကြီး ပါလာတော့ တာပါပဲ...ဆရာတွေက အဲ့ ဒါတွေ ရေးတာမှာ လွှတ်အရေးကောင်းကြတာများတော့  စိတ်ပြီးရင် ဘာကြီးဖြစ်တော့ မလိုလိုနဲ့  သွားရည်ယိုစရာ ကောင်းမှကောင်းပဲ...ကိုယ့် အသက်ကိုက တန်ခိုးရူးချင်လို့ ကလည်းကောင်းလေ..ရူးခွင့် ကလည်းကံကောင်းထောက်မစွာ ကိုယ်ထင်ရာ ကိုယ်လျှောက်လုပ်ခွင့် အချိန်မျိုးရထားတယ်လေ...

ဒါနဲ့ စာအုပ်ထဲမှာ ဒိဝါတပတိ ဂါထာကို ၁၀၈လုံးပုတီးနဲ့  မနက်၆ ည ၆ အတွင်း ပုတီး ၄၅ ပတ်.ဘယ်ထောင့် မှာ ဘယ်နှစ်ရက်စိတ် တထိုင်ထဲစိတ် အဓိဌာန်ဝင်ရင် ဘာညာ ဆိုတာလေး ဖတ်မိတယ်...အရေးအသားက ကောင်းလွန်းလို့  အဲ့ ဒါလေး စိတ်ကြည့် မယ်ပေါ့ လေ...ဂါထာက စိတ်က ရွတ်နေကျဂါထာပဲ အသစ်မှ ထပ်မကျက်ရတော့ ဟန်ကျတယ်ပေါ့ ..ဂါထာတွေလျောက် ကျက်ရမှာ ပျင်းမှပျင်းကိုး...တစ်သက်လုံး အတွက် သုံးပုဒ်ပဲ ကျက်ထားလိုက်တာ..ဒါပဲ တစ်သက်လုံး ထုံနေအောင်စိတ်က ရွတ်နေတာများတယ်... ဒီသုံးပုဒ်လေးတောင် အစက တစ်ကြောင်းစီ ခွဲကျက်ယူခဲ့ ရတာ.အတော် ကျက်ယူရတယ် ပြန်ပြန်မေ့သွားသေးလေ....ပါဠိ နဲ့ လမိုင်းမကပ်ပုံများ အဲ့ လို....


အဲ့ ဒါနဲ့  ပိတောက်သားပုတီးဆွဲပြီး မနက်စောစော မထစဖူးအိပ်ယာထပြီး ရွှေတိဂုံ ကုန်းတော်ပေါ် ချီတက်သွားတော့ တာပေါ့ ....ဒါဘဲ အပီ စိတ်ပလိုက်မယ်ပေါ့ လေကုန်းတော်ပေါ် ရောက်တော့  စာအုပ်ထဲက နတ်လမ်းညွှန်မြေပုံအတိုင်း သူညွှန်တဲ့ ထောင့် သွား နေရာချပြင်ပြီးမှ ထိုင် ကစ်တော့ တာပေါ့.

...ဒိဝါတပတိအာဒိစ္စော ရတ္တိမာဘာတိစန္ဒိမာ...ဘာညာ..တာဒိသံတေဇ..၀န္ဒာမိအာဒရံ .တစ်လုံးချ...ဒိဝါ...ဘာညာ..အဲ့ လိုတွေ မှန်မှန်စိတ်နေလိုက်တာ...အပတ်ရေ ၁၀ပတ်လောက် ကျော်လာတော့  နေက အတော် တက်စပြုလာပြီ ခါးလည်း နဲနဲတောင့် စပြုလာ တံတွေး ကခြောက်လာစပြုလာပြီ..လက်ချောင်းလေးတွေကလည်း ညောင်းစပြုလာပါရောဗျာ.
.တော်သေးတာက ဘေးမှာ ရေဗူးသေးသေးပါတော့  အာခေါင် ရေနဲနဲဆွတ်လို့ ရသေးတယ်...

ဒါနဲ့ ဖင်နဲနဲပြင်ပြီး ဆက်ကစ်...နောက်ထပ် ၅ပတ်ကျော် လောက်ရောက်တော့  လက်က ပိုညောင်းလာတယ်..ထမင်းစားချိန်နားလဲ ကပ်လာပြီ...ဖင်တွေလည်း အသားကုန် ပူလာပြီ..အာခေါင်က ပိုခြောက်လာပြီး အရေထဲ ဆီးပါ သွားချင်စိတ် ပေါက်လာနေပြီလေ...အာရုံက ဂဏှာမငြိမ်တော့ ဘူး မြီးညှောင့် ရိုးက နာလာတော့ လူက တလှုပ်လှုပ် တရွရွက ဖြစ်ချင်လာတယ်..ကျောကပါ ညောင်းလာတော့ ရင်ပြင်တော်ပေါ်လှဲပစ်လိုက်ချင်စိတ်တွေဖြစ်လာပါရောဗျာ...ဘော်ဒီက ဒီလောက် ၄နာရီလောက် တစ်ဆက်တည်းထိုင် ပုတီးစိတ်နေတာမျိုး အကျင့် မရှိလို့ နဲ့ တူပါရဲ့  ဟိုကနာ ဒီကညောင်း ခြေကကျင် လူက ငိုက်လာ ပုတီးက ဂလောက် ဆိုပြီး လွတ်ကျချင်သေး....ဆိုတော့ စိတ်တွေ တိုလာပါရောလေ....

..၁၁ နာရီကျော်လောက်မှာ ပုတီးက အပတ်၂၀ မပြည်ချင်သေးဘူး...စိတ်က ဘယ်လို ဖြစ်သွားလဲဆိုတော့  မြန်မြန်ပြီးချင်စိတ်က ၀င်လာတယ် အဲ့ ဒီမှာ ပုတီးလုံး ဆွဲတာ ဆန္ဒကစောနေတာနဲ့ ဂါထာက မပြီးသေးဘူး လက်က ပုတီးလုံး နောက်တစ်လုံးကို လှမ်းဆွဲနေပြီ...

အဲ့ မှာ စိတ်မှတ်တွေ ကယောင်ခြောက်ခြားတွေဖြစ်...ပုတီးလုံးဆွဲပြီးသလား မဆွဲရသေးဘူးလား ၀ါးတားတားတွေဖြစ်လာ..အဲ့ တော့  ပုတီး တစ်ဝက်အကျိုးကြီးကို အစက ပြန်ဆွဲတွေ ဖြစ်ကုန်ရောဗျာ....အာရုံလဲတည်လို့  တည်ငြိမ်အောင်ထားလို့ မရတော့ ပါဘူး....

အဲ့ ဒီမှာ...၁၂ နာရီ ထိုးခါနီးတော့ ဗိုက်က ဆာလာချက်က ပတ်တုတ်ကမရတော့ ဘူးဖြစ်လာတာနဲ့  ကိုယ့် ဟာကိုယ်ပဲ ရပ်ပစ်လိုက်ရတယ်....ပထမရက်တင် တစ်နေကုန် ၄၅ ပတ် က တန်းလန်းကြီးနဲ့  ပွဲသိမ်းသွားပါရောဗျား......
.
အရေးကောင်းတဲ့ စာရေးဆရာပါ စိတ်ထဲက မေတ္တာပို့ တော့ တာပေါ့  သူ အရင် ခေါ် စိတ်ခိုင်း ရမှာ.နဲနဲငိုက်တာ နဲ့  ဖင်လှုပ်တာ နဲ့  နောက်ကနေ တုတ်နဲ့  အရိုက်ပဲတွေ ဘာတွေပေါ့  ဟီးးး....

( အဲ့ အတွေ့ အကြုံကနေ ရလိုက်တာက စိတ်က ပိုအရေးကြီးတာရယ်...လူ့ ဘော်ဒီရဲ့  ပုံမှန် ခံနိုင်ရည်အား သဘာဝနဲ့  အလေ့ အကျင်များရင် ဘယ်လောက်အထိ ခံနိုင်တယ် အာရုံမလွင့် ဘူးဆိုတဲ့  အချိန်သဘော စ စိတ်စိတ်ချင်းမှာ အာရုံ မမိသေး မီးနစ်နဲနဲစွန်းမှ ပုတီးထဲ စိတ် လမိုင်းကပ်လာတာ စသဖြင့် တွေ ရိပ်မိလိုက်ရတာက အကျိုးပေါ့ ...နောက်တော့  တစ်ချို့ ကိစ္စတွေဟာ ပွဲမ၀င်ခင်ကြိုတင် စမ်းသတ်ကြည့် သင့် တယ်လို့ ပါသဘောရလာတာ ယုတ္တိရှိမရှိကို အရင်စဉ်းစားဖို့ လိုတယ်တွေပါ တွေးမိသွားတော့ တာပါပဲဗျာ..လွယ်ပါဘူး စာအုပ်ဖတ် စမ်းရတာ..ဟဲဟဲ)

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..