Powered By Blogger

Sunday, February 8, 2015

'' ကျနော်နဲ့ အိမ်တွင်းအုန်း ''






























အိမ်မှာ မအေ့ လက်ထက်ကတည်းက ရိုးရာလည်း ကန်တော့ တယ်၊ အိမ်တွင်းအုန်းလည်း ဆွဲခဲ့ တယ်၊ ယုံတယ်လည်း မဟုတ်ဖူး မယုံဖူးလည်း မဟုတ်ဖူး ဖာသိဖာသာပဲ ၊ မအေယုံတဲ့ ဟာ ဘာမှ ၀င်မရစ်ဘူး ရိုးရာကန်တော့ ရင် အားရပါးရ၀ါးတီးးဖွင့် လိုက်တယ် အုန်းသီးဝင်ခြစ်ပေးလိုက်တာပဲ အဖေကလည်း ဘာမှ မပြောပါဘူး သားတွေနဲ့ အတူတူ ရောဝါးပဲ အရပ်ထဲပါ ဝေသေးတယ် အဲ့ ဒါတွေ ကန်တော့ နေလို့  ကုန်တဲ့ ပိုက်ဆံဟာတန်းဆွမ်းသီလရှင်ဆန် တစ်လ  လောင်းစာ လောက်တောင် မကုန် ဘူးလေ.....အားလုံး   အိုကေ....
မိဘတွေ မရှိကြတော့ တဲ့ အခါကြတော့  ကိုယ်က သဂျီး နေရာ အလိုလိုနေရင်း ရလာတယ် ကိုယ်ကြိုက်တာ ကိုယ်လုပ်လို့ ရလာတယ်..အဲ့  အချိန်မှာ အိမ်တွင်း အုန်းဆွဲရင်ပဲ ချက်ချင်း အပယ်လား မြေမြိုတော့ မတတ် အသံတွေ ကျယ်လာပြီး ''အိမ်တွင်းအုန်း ဖြုတ်ချရေးစီမံချက် စစ်ဆင်ရေးကြီး'' များ ဆင်နွှဲတော့ မှာလား ထင်ရမလောက် အချိန်နဲ့ ကြုံလာတယ်။ 


မအေလုပ်ခဲ့ တဲ့ အိမ်တွင်းအုန်းဆွဲတာကို တစ်အိမ်သားလုံးထဲမှာမှ ထူးပြီး ဖီလင်လာတဲ့ မိသားစုဝင်တွေ တစ်ချို့ ကရှိနေတယ်..သူတို့ တွေယုံကြည်နေတာကို ကိုယ်က အပြင်က လေသံ နားထောင်ပြီး ဘာလို့  မိစ္ဆာဒိဌိအယူတွေ ဆိုပြီး ဖနောက်နဲ့ ပေါက်ပြီး သွားရော့ လဟယ် လို့  သဂျီး အာဏာသုံး ရန်ထဖြစ် မောင်နှစ်မချင်း စိတ်ဝမ်းအကွဲခံပြိး အိမ်တွင်းအုန်းကို ကန်ချစရာ လိုမလဲ .....

အိမ်တွင်းအုန်းဆွဲတာ ချက်ချင်း စီးပွားပျက်နိုင်သလား မိသားစု ထမင်းအိုးကွဲနိုင်သလာ အိမ်တွင်းအုန်းဆွဲ ဓလေ့ ကိုယုံတဲ့ လူကို ချက်ချင်း မြေမြိုသွားနိုင်သလား တွက်လိုက်တယ်.နိုး..မဖြစ်နိုင်ဘူး..မယုံဘူးဆိုတဲ့ လူတွေကကရော ငါးပါးသီလမျိုးကိုတောင် ဘယ်လောက်လုံနေလို့ လဲ.?.လောဘဒေါသတွေ ဘယ်လောက် ခေါင်းပါးနေလို့ လဲ..?...ကိုယ့် ဟာကိုယ် အဖြေထုတ်လိုက်တယ်...ကိုယ့် မိသားစုဝင်တစ်ချို့  ယုံတဲ့ အိမ်တွင်းအုန်းဆွဲဖို့  ဘယ်သူမှ ခွင့် တောင်းနေစရာ မလိုဘူး...


.အိုကေ ဆွဲချင်စိတ်ရှိ ရင် ဆက်ဆွဲကြပစေ..မောင်နှစ်မတွေပျော်ပါစေ....တကူးတက ၀ယ်မစားဖြစ်တဲ့  အရသာသိပ်ရှိပြီး သိပ်မွှေးတဲ့  မုန့် ဆန်းတို့ ကောက်ညှင်းပေါင်း ချိုချဉ် ဘဲဥပြုတ်ဖီးကြမ်း ငှက်ပျောတွေတောင် စားရသေးတယ်...အိုကေ..မိသားစုအတွင်း .ငြိမ်းချမ်းရေးပဲ..လောကထဲမှာ အိမ်တွင်း အုန်းဆွဲတာထက် ပိုပြီးမြေမြိုနိုင်တဲ့ ကိစ္စတွေ တစ်ပုံကြီးရှိသေးတာပဲ....

ကိုယ့် အခန်း သီးသန့် နဲ့ သာနေရင် အိမ်တွင်းအုန်းဆွဲဖြစ်ဖို့ ရိုးရာကန်တော့ ဖြစ်ဖို့ နေနေသာသာ ပျင်းကြောဆွဲနေတာနဲ့ ဘုရားစင်တောင် ပန်းချီကားလေး တစ်ချပ်လောက်ပဲ ရှိမယ့် သဘောရှိတယ် ယုံကြည်မှု့ ဆိုတာ စိတ်ထဲက ကိစ္စ ပဲ ကိုယ် ဘာကိုယုံသလဲ မယုံဘူးလည်း အမှန်အတိုင်း ကိုယ်ညာမပြောလိမ်မပြောပဲနဲ့  ဘယ်သူသိတာမှတ်လို့  ရင်ထဲမှာ ဘုရားရှိနေရင်ပြီးတာပဲဆိုတဲ့ ဆင်ခြေနဲ့ ပေါ့ .....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..