Powered By Blogger

Sunday, February 8, 2015

တစ်ခါက တစ်ဘ၀ အမှတ်တရလေးတွေ...

မြန်မာ ဓလေ့ ဖော်ရွေမှု့ က တစ်ခါတစ်လေ ရင်ပါ ကျပ်တက်လာတဲ့ အထိ ခံရတယ်ဗျ..ဟဲဟဲ...သူများအိမ် ဧည့် သည် သွားလုပ်ရင် စားချင်ချင်မချင်ချင် ကြိုက်မကြိုက် တစ်ခုခု မရှိရှိတာ ချကျွေးဧည့် ခံလေ့ ရှိတယ်လေ...ပြီးတော့  နဲနဲတော့ စားကို စားပြမှ ကျေနပ်သွားလေ့ ရှိတယ်..ဆွေရင်းမျိုးရင်းတွေလို မိသားစုတွေလို ရင်နှီးကျွမ်းဝင်ပါကြောင်းပေါ့ လေ...

ကိုယ့် မိဘ အလုပ်က နယ်ကို ကုန်တွေ တင်ပေး ..လဆန်းတော့  အထက်ဗမာပြည် တစ်ပတ် တစ်မြို့ ဝင်တစ်မြို့ ထွက် တစ်ကားပေါ်တက် တစ်ကားပေါ်ဆင်း နဲ့ အကြွေးလိုက်သိမ်းရတယ်.ဘဏ့် စနစ် မတွင် ကျယ် သေး
တာရယ်..ကိုယ်တိုင်လိုက်တော့  နယ်အခြေအနေသိရတာ ဖေါက်သည်တွေနဲ့ ရင်းနှီးတာတွေ တွက်ပြီး ကိုယ်တိုင် လိုက်ကြတော့ တာမျိုး...


စစချင်းဆို မန်းရွှေပြည်ကို အရင်ရထားနဲ့ ထောင်တက်သွားရတာ...အဲ့ ဒီကမှ ထီလာ မြင်းခြံ ကျောက်ပန်းတောင်း ချောက် ရေနံချောင်း မကွေး တောင်တွင်း အောင်လံ သရက်ပြည် တစ်ကြောကြီးကို ကားကြီး ကားလတ် ကားငယ် ဖွတ်ချက် ကားမျိုးစုံ နဲ့ ဆင်းရတာ..

တစ်ချို့ နေရာမြို့ အိပ်ပေါ့  တစ်ချို့ နေရာတော့  မြို့ ချင်း ကူးပြီး ကားပေါ်အိပ်ရတယ်...ခရီးတစ်ခါထွက်ရင် အသွားအပြန် ၅ ရက်လောက်ကြာတယ်...လူလည်း ညောင်းချိ ၀မ်းတွေချုပ် မျက်နှာဖုံကပ် ဘင်တွေထွက်နဲ့ ပေါ့ ...တစ်ခါတစ်လေ ဒူးတောင် ကွေးရဆန့်ရခက်ပြီး ကွတတဖြစ်တယ်...ကားလိုင်းတစ်ချို့ က ကုန်နဲ့ လူနဲ့ ရောနေလို့  တစ်ခါတစ်လေ ကား ခေါင်မိုးပေါ်က သက်စွံ့ ဆံဖျား လိုက်ရတာ..ကားဖင်မြီးဖျားမှာ ဖင်တစ်ခြမ်း ထိုင်လိုက်ရတာ ..ကားတံခါးဝ ချထားတတ်တဲ့  ကားကြီး တာယာပေါ်က ထိုင်လိုက်ရတာတွေ ပါသေးတယ်....

ညကြီးသန်းခေါင် ကွင်းခေါင်ခေါင်မှာ ကားရှပ်ကျိုးလို့  ကားပြင်နေတုန်း ငွေထုတ်ပိုက်ပြီး လမ်းဘေး ခြုံနား ထိုင်ပေးနေရတာ ကြောက်ကြောက်နဲ့ ပေါ့ ..ဒီဇင်္ဘာလမျိုးဆို အညာဆောင်းနဲ့ တိုးပြီး ညဆို ပါးစပ်က တဂတ်ဂတ် သွားချင်းရိုက်သံက အကျယ်ကြီး.သန်းခေါင်လောက် .ကားနားချိန် ကားပျက်ချိန် လူက ပေတရာလမ်းမှာ ရပ်နေရင် တုန်တက်လာတာ မတ်တတ်ကနေ အလိုလိုရွေ့ သွားတယ်.ဈာန်နဲ့ ကြွသလိုပါပဲ.ကြယ်တွေစုံတဲ့ ညတွေပေါ့ .ပရစ်သံနဲ့  ဆောင်းလေ တဟူးဟူးသံကြားမှာလေ.......

သြော်...အရက် သောက်လွယ်ကြတာလည်း မပြောနဲ့ လေ အညာ ည ကြီး အေးပြီဆိုရင် ဒီလောက အေးတတ်တာ၊ .ဒီလိုတွေကြားက ပုပ္ပားပြေးတက်လိုက်ရတာနဲ့  ပုဂံဝင်ပတ်ရတာနဲ့  မြသလွန်စေတီကြီးပေါ် ပြေးတက်ဖူးလိုက်ရတာနဲ့  ရွှေဆံတော်ဘုရားဝင် ဘိုးဘိုးအောင်နေရာဝင် ဆင်းပွဲထိုး..မင်းကြီးတောင်ပြေး.. ဘုရားစုံပါ လစ်ရင်လစ်သလို အချိန်ရ ရသလို ၀င်ဖူးလိုက်သေးတာ....

ကြွေးသိမ်းခရီးဆိုတာ အများအားဖြင့်  ဈေးဆိုင်တွေမှာတင် အလုပ်ပြီးတာ များတယ်...အိမ်လိုက်ရတယ် သိပ်မရှိပါဘူး...ဒါပေမယ့် မန်းဌာနေကြတော့  အိမ်လိုက်ပေးရတယ်..သူတို့ က အိမ်ကို သိပ်ပြချင်တာလေ..ဟီးး..အနွယ်တော် ဘယ်နှယ်စွန်ဖျား တော်မှန်း မမှတ်မိတော့ ပါဘူး..အဲ့ မှာတော့ ညအိပ်ပေါ့ ..မအိပ်ခင် မင်းကွန်းဖက် ကူးလိုက်သေးတယ်..မင်းကွန်းချောင်မှာ လောကီပညာစွမ်းတဲ ဘဘုန်းကြီးကျောင်းက ရှိသေးတယ်..မင်းကွန်း ဓမ္မနာဒကျောင်းကို တော်တော်ကျော်ပြီး သွားရသေးတယ်.....အဲ့ မှာ တစ်ခါတစ်လေညအိပ် ပြီးမှ ပြန်တာ..

မန်းမြို့ မှာ.ဖေါက်သည်ဆိုင် ၅ဆိုင်လောက်ရှိတော့  တစ်ဆိုင်ပြီးတစ်ဆိုင်ဝင်လိုက်ထွက်လိုက် ချကျွေးတာ ကောက်တီးလိုက်နဲ့ ပေါ့ ....မတီးချင်တဲ့ အခါ မတီးပေါ့ လေ...အဲ့ မြို့ ကပြဿနာမရှိသေးဘူး...ပြဿနာက မြင်းခြံကနေ စဆင်းလာတဲ့  လမ်းက မြို့ တွေ က ဆိုင်တွေကျမှပြဿနာ ဖြစ်တော့ တာ..သူတို့ ဆိုင်တွေက တစ်ဈေးထဲမှာ ဆိုင်ချင်းက သိပ်မကွာကြဘူး..အဲ့ တော့ တစ်ဆိုင်က အစားအသောက်တွေကျွေးတာကို စားပြလိုက်ရင် နောက်တစ်ဆိုင်ကလှမ်းမြင်နေရတယ်...အဲ့ တော့  ဟိုဆိုင်ရောက်တော့  ထပ်ကျွေး
ပြန်ရောဗျာ...အဲ..ဗိုက်ပြည့် နေပါပြီ ပြောလည်းမရဘူး စကားနာက ထိုးတော့ တာ..အဲ့ ဒါနဲ့ ကြိတ်မှိတ်မြိုချစားပေးရတယ်....သူတို့ က ဆိုတာ ရှိသေးတယ် ရန်ကုန်ကလာတာမို့ တကူးတက လုပ်ထားရတာတဲ့  ကျေးဇူးရှင်တွေမို့ တဲ့ ....ငိငိ...

အညာစာဆိုတာလေ...ဟီးး...ပွဲချင်းပြီး တွေ များတယ်လေ...လက်ဘက်ရည်ဆိုရင်လေ တစ်ခွက်ကို သုံးခွက်လောက် ပွားလို့ ရတယ်ဗျာ..မုန့် ကလည်းချိုရဲပေါ့ ...ပြီးတော့  လက်ဘက်ရည်တွေ များနေလို့ ပါ ပြောတော့  အညာဖွာလူဒါတဲ့  အုန်းသီဖတ်တွေ ဒလဗျစ်နဲ့ ချိုရဲအေးတွေ...ဗိုက်ထဲ တင် မကဘူး...ရင်ခေါင်းအထိကို အပူတွေရော အအေးတွေ ရော ပြည့် နေတဲ့ အထိပဲ...လူလည်း ပါးစပ်ထဲ အီလယ်အီလယ်နဲ့  သူတို့ ကျွေးတာ စိတ်ကျေနပ်အောင်စားပြပြီး ကွမ်းသာ လှိမ့် ဝါးနေရတော့ တယ်...

တစ်ချို့ နေရာကြတော့ မတတ်နိုင်တော့ တာနဲ့  ဈေးအိမ်သာထဲပြေး လက်ညှိုးထိုး အန်ပစ် ရပါသဗျာ..ရင်ကျပ်က အစားစုံတော့ ပြန်ထလာပြီလေ...ဟီးးး....အဲ့ ဒီလို ချစ်လို့ ဧည့် ခံတာ မစားရင် မကျေနပ်ဘူး နှုတ်ခမ်းစူချင်တဲ့  မြန်မာ့ ဖေါ်ရွေးမှု့ ဓလေ့ တွေပါဗျာ.အဲ...ဒါတောင် တစ်ချို့  နေရာမှာ ဒံပေါက်တွေ မုန့် တီတွေ ရှမ်းခေါက်ဆွဲတွေ ဆိုင်သုံးဆိုင်က တစ်နာရီအတွင်း စပယ်ရှယ် ဆိုပြီး အပြိုင် ကျွေးလွှတ်လိုက်တာပါသေးဗျာ.စားပိုးနင့် ချိန် ကားခုန်ချိန်နဲ့  မသေတာကံကောင်း ...ဟီးဟီး..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..