Powered By Blogger

Monday, February 9, 2015

''သာဓုလေးတောင်ခေါ်မသွားနိုင်ပါသော...''

အရပ်ပုံပြင် ဇာတ်ပုံပြင်လို့ ပဲဆိုကြပါစို့ ရဲ့ နော်..အဖြစ်အပျက် က တစ်သက်လုံး အရပ်ကော်ဆဲဆိုးမိုက် လူ့ အော့ ကြော်လန်ရင်း အရက်ကို စွဲစွဲမြဲမြဲ သောက်လာတဲ့  သောက်သောက် စားစား ရွှေမန်းသား..အဲ..ရွှေမင်းသားဆိုတဲ့  ကိုပိတ်တာ ဆိုသဟာဆိုတာလည်းတဲ့ သွေးနဲ့ ကိုယ်သားနဲ့ ကိုယ်ဆိုတော့  ဘယ်လောက်ပဲ လူမိုက်ကြီး လူ့ ပြိတ္တာကြီးဘွဲ့ ပဲခံယူထားထား တစ်နေ့ တော့  သေဖိုအချိန်ရောက်လာရောတဲ့ ...ဒါနဲ့ သေငယ်ဇောနဲ့  အိပ်ယာထက် ပက်လက်လေးဖြစ်နေတဲ့ အချိန်တွေဖြစ်လာတော့  သူ့ အိမ်သားတွေက တစ်သက်လုံး အရက်သောက် အရပ်ကော်ဆဲ ဆိုးမိုက် အော့ ကြောလန်ခဲ့ သူဖြစ်ပေမယ့်  ကိုယ့် အိမ်သားပဲလေ ဆိုပြီး နောင်ဘ၀ကို ကုသိုလ်လေးနဲနဲပါးပါး ပဲဖြစ်ဖြစ် ပါသွားပါစေတော့  ငရဲကျလဲ သက်သာတဲ့ လွတ်ရက်စောတဲ့  ငရဲလောက်ဖြစ်ပါစေတော့ ဆိုပြီး ဆြာတော်တွေ့ ပင် သင်္ဃန်းတွေ ဘာတွေကပ် ရေစက်တွေဘာတွေချ မေတ္တာသုတ်တို့ ဘာတို့ အဲ့  ဒီ့ သေအဲ့ ဆဲဆဲ လူမိုက်ကြီးဘေးမှာ ၀ိုင်းသီတင်း သုံးပြီး ရွတ်ဖတ် ပေး တော်မူကြပါသတဲ့ ..


တရားဆုံးတော့  အိမ်သားတွေက '' ကိုပိတ်တာ ကိုပိတ်တာ ခင်မျာ့ အတွက် ဆြာတော်တွေက ကုသုလ်တွေ လုပ်ပေးနေတယ် အမျှဝေပေးမယ်နော် သာဓုခေါ်လိုက်နော်ကြားလား.'' .ဆိုပြီး ဟစိဟစိနဲ့ ဖြစ်နေတဲ့ လူမိုက်ကြီးရဲ့ ကိုယ်လုံးလေးကို အသာလေး လှုပ်ပြောသတဲ့ ...အဲ့ တော့  မျက်လုံးလေးမှိတ်ပြီး မေးထိုးစပြုချင်နေတဲ့ ကိုပိတ်တာလည်း သူ့ ကိုခေါ်သံကြားလို့  မျက်လုံးလေး အားယူဖွင့် ရင်းက  ချိနဲ့ နေတဲ့ အရိုးပေါ်အရေတင်လက်ချောင်းလေးတွေက လှုပ်လာ ဘေးနှစ်ဖက်လျှောက်စမ်း..မျက်လုံးကို အားယူဖြဲပြီးတော့  ဘေးဘီကြည့် ဟိုရှာဒီရှာလုပ်သတဲ့  ဘေးက အိမ်သားတွေက ''ဘာရှာနေလဲကိုပိတ်တာ အိမ်သားတွေရှိတယ်လေ လူစုံပါတယ်.နောက်ဆံငင်မနေနဲ့ နော် စိတ်ချသွား ဘာမှမပူနဲ့ နော် ''' ဘာညာနဲ့ ပြောပေမယ့်  ကိုပိတ်တာ မျက်လုံးက အရှာမရပ်တဲ့ အပြင် ပါးစပ်နှုတ်ခမ်းလေးက ပြတ် ပြတ်နဲ့ အသံတိုးတိုးလေးက ထွက်လာသေးသတဲ့ ...

အဲ့ လို စကားပြောချင်သလိုလိုအမူအယာပြလိုက်တာကို သူငယ်ချင်းရဲ့ နောက်ဆုံးအချိန်ကိုလာစောင့် ပေးနေတဲ့  ကိုပိတ်တာရဲ့ ဘော်ဒါကြီးက မြင်လိုက်တော့ ဖြတ်ကနဲဆို အထာပေါက်သွားပြီ. ''အေး..ဟဲ့ ..ငါသိပြီ..ငါ့ ကောင်ကြီးလိုတာရစေ့ ရမယ်'' ဆိုပြီး အိမ်ပြင်ဖက်ထွက်သွား ကမန်းကတမ်းပြန်လာတော့  လက်ထဲမှာက အရက်ပုလင်း တစ်ပိုင်းပါလာသတဲ့ ..အဲ့ အရက်တွေကို ဖန်ခွက်ထဲနဲနဲငှဲ့ ထည့် ပြီး မြင်းခေါင်းစတီးဇွန်းလေး နဲ့  ကိုပိတ်တာရဲ့ နှုတ်ခမ်းဖျားလေးကနေ ပါးစပ်ထဲခပ်ဖြည်းဖြည်းလေး သွန်ချပေးလိုက်ရောတဲ့ ..ဘေးက ဆြာတော်တွေရော အိမ်သားတွေရော စပ်စုချင်တဲ့ အရပ်က လူတွေကရော ဘာများ လုပ်ပါလိမ့် ဆိုပြီး ၀ိုင်းကြည့် ပြီးနေတာပေါ့ လေ ..

တစ်ဇွန်း နှစ်ဇွန်း လောက်မှာပဲ ကိုပိတ်တာကြီးရဲ့ မျက်နှာမှာ သွေးရောင်တွေလျှံးတက်လာပြီး မျက်နှာလေးပါ ပြုံးယောင်ယောင်လေး ဖြစ်လာရင်း လေးဇွန်းလောက်လည်းကျရော အရက်စိုနေတဲ့ နှုတ်ခမ်းလေးကို လျှာနဲ့ သပ် ပြတ် ပြတ်ဆိုပြီး စုတ်လိုက်ရင်း.'' အွန့် '' ဆို ဘေးဖက် ဇက်ကျိုးပြီး အသက်ထွက်သွားပါရောတဲ့ ဗျာ....အဲ့ တော့  အနားက ပတ်လည်ဝိုင်းနေတဲ့  လူတွေက သဘောပေါက်သွားပြီး ''သြော.ဒီလိုကိုး ..ဖြစ်မှဖြစ်ရလေ ကိုပိတ်တာရယ် ဒါစောင့် နေလို့ သာဓုလေးတောင် ခေါ်မသွားနိုင်တာကိုးး..''' လို့ အာမေဋိတ်တွေ ဖြစ်ရင် သြချ ကျန်ရစ်ကုန်ကြပါရောတဲ့ ဗျာ...


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..