'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, February 7, 2015
အကုသိုလ်တစ်ခုကို ဘယ်လောက်စိတ်ပါလက်ပါ...
သေတဲ့ ပုံစံကြည့် ပြီး...လေယာဉ်ပျက်ကျသေတာထက် စာရင် သင်္ဘောနစ်တဲ့ အထဲပါသွားပြီး သေတာကမှ တော်သေးတယ်လို့  တွေးတာ သတင်းချယ်နယ်က လာနေတာကို ထိုင်ကြည့် နေတဲ့ လူရှင်က တွေးတာမျိုး.အဲ့ လို တွေးတာကလည်း သင်္ဘော နစ်တာကမှ ရေလေး ဘာလေး ကူးပြေးချိန်ရလို့ တော်သေး လေယာဉ်ကတော့  ပျက်ကျပြီ ဆိုတာနဲ့ ပွဲသိမ်းပဲ ဘာညာနဲ့  တွေးတာမျိုးက စတာများတာပါပဲ၊ တကယ်က သေခြင်းပုံစံ ၂ ခုစလုံး မဂွတ်တဲ့ သေခြင်းနည်းနဲ့ သေခြင်း တရားဆီကို ဆိုက်ရောက် သွားတာ ချည်းပဲ..ဘယ်လိုနည်းနဲ့ သွားတာက တော်သေးတယ် ဆိုတာ တကယ်တော့  မပြောနိုင်ပါဘူး သေမှ မသေဘူးသေးတာလေ..
တကယ် သေပြီဆိုလည်း ငါ့ သေပုံက ဂွတ်တယ် မဂွတ်ဘူးဆိုတဲ့ အတွေ့ အကြုံကို မသေသေးတဲ့ လူရှင်တွေကို ပြန်လာပြောလို့ မှ မရတာ....တကယ်တော့  မဂွတ်တဲ့ သေနည်းဆိုတာကလည်း အိပ်ယာထဲမှာ အိပ်ပျော်သလို ပုံစံနဲ့ သေသွားတဲ့ ပုံစံတွေကိုကြည့် ပြီး ဟိုသေနည်းက မကောင်းဘူးလို့  ရှင်နေသေးတဲ့ သူတွေက နှိုင်းပြောရတာ...သေပြီးနောက် ကိစ္စက သေသူပဲ အတိအကျ သိနိုင်မယ်..ရှင်သူကတော့  မသိနိုင်ပါဘူး..(နတ်လေချွန်ကတော့  သိပုံရတယ်..သိလို့ ခေါ်ပေးနိုင်တာ နေမှာပေါ့ ..ယုံတာမယုံတာ နောက်ထားလေ..ငိငိ) သေပြီး ဘယ်ရောက်ဆိုတာ သေသူဟာ သူ မသေခင်တုန်းက လုပ်ခဲ့ တဲ့ ကိစ္စတွေကြည့် ပြီး ကျမ်းစာထဲက ယုံကြည်ရလောက်တဲ့ သူက ညွှန်းဆိုတဲ့  ကောင်းမှု့ အကျိုးတွေ မကောင်းမှု့ ဆိုးကျိုးတွေ အကျိုးပြန်လာပုံ သဘော နဲ့ တိုက်ကြည့် ပြီး မှန်းဆ ပြောရတာပဲ ရှိတယ် အခုကွယ်လွန်သွားတဲ့ သူက နောင်တမလွန်ဘ၀မှာ ဘာဖြစ်နေတယ်လို့ အတိအကျ ပြောလာရင်လည်း အဲ့ ပြောတဲ့ သူကို ယုံမှ ယုံမှာ မယုံရင် ယုံမှာမဟုတ်ဖူး...
သေခြင်းကို တောင်ရေး မြောက်ရေးနဲ့ ရေးနေတာ ရေးချင်တဲ့ လမ်းကြောင်းက ကွေ့ သွားတယ်..အများအားဖြင့်  လူ့ လောကမှာ အပြစ်လို့  သတ်မှတ်ထားတဲ့ ကိစ္စတစ်ခုခုကို ကျူးလွန်မိလို့  ပြစ်ဒဏ်တွေ စီရင်ကြပုံ ဝေဖန်ကြပုံတွေထဲက တစ်မျိုးက အပြစ်တစ်ခုကို တစ်ခြား အပြစ်တစ်ခုနဲ့ ချိန်ထိုးပြီး ဒီအပြစ်လေးက ဟိုအပြစ်ကြီးထက် စာရင် အသေးအမွှားလေးပါ ဆိုတာမျိုး ကြားရလေ့ ရှိပြီး ဒါမျိုးနှိုင်းယှဉ်ကြပုံဟာ လူ့ လောကီသဘာဝ အပြင်ရုပ် အသက်အရွယ် အားနဲအားကြီး စသဖြင့်  တိုင်းထွာချိန်ဆတဲ့ သဘောဖက်ကနေကြည့် ပြီး အလွယ်တကူ ဝေဖန် မှတ်ချက် ချလိုက်တာမျိုးများ ပုံရလောက်ပါတယ်..
ယေဘူယျအားဖြင့် ဒီလိုနှိုင်းယှဉ်ကြည့် ကြ ခံစားကြည့် ကြတဲ့ သဘောကို လွဲချော်မှု့ လို့ တော့ လည်းမပြောနိုင်ပါဘူး..လူဆိုတာ ရုပ်ဝတ္ထု သက်သက်တွေမဟုတ်ပဲ သိမှု့ ခံစားမှု့ နာမ်သဘောတွေပါ ပါဝင်ဖွဲ့ စည်းထားတဲ့ သဘောရှိနေလို့ ပါပဲ...
ဒီတော့  လူလူချင်း ချမှတ်ကျင့် သုံးတဲ့  သဘောတရားတွေအပြင်.အတွင်းနာမ်သဘောအဖြစ် အပြစ် (သို့ ) အကုသိုလ်တစ်ခုကို ဘယ်လောက် စိတ်ပါလက်ပါ ကျူးလွန်သလဲ ဆိုတာက ပြန်လာမယ့်  အပြစ်ဒဏ်(၀ါ) ဆိုးကျိုးအဖက် ရဲ့ အတိုင်းအတာအလျော့ အပါးကို သဘာဝဓမ္မက စီရင်လိမ့် ဆိုတာဖြစ်လာတယ်..
ဒီသဘောက လူလူချင်း စည်းမျဉ်းမဟုတ်ပဲ လူနဲ့ သဘာဝဓမ္မကြားက မမြင်ရတဲ့ စည်းသဘောလို့ ဆိုတယ်၊ သဘောက ကိုယ့် ပြုသမျှအတိုင်း ကိုယ့် ဆီကိုပြန်လာမယ်တို့  ကိုယ်စိုက်တဲ့ အတိုင်းကိုယ်ရိပ်သိမ်းရလိမ့် မယ်တို့ ဆိုတာတွေ ဖြစ်တည်လာတဲ့ သဘောလို့ မြင်ကြည့် လို့ ရလောက်မှာပါ..ထပ်တွေးရရင်
အပြစ်ဆိုတဲ့  အရာတစ်ခုခုကို အကြောင်းလုပ်မိလို့  ပြန်လာမယ့် အကျိုးဟာ..လူလူချင်း စည်းမျဉ်းသဘောတင်မက သဘာဝဓမ္မကပါ ချမှတ်လိမ့် မယ်ပေါ့ လေ..
ဒါကြောင့်  မိဘကို သတ်မိရင် လူလူချင်းစည်းမျဉ်းအရ ဂိတ်ဆုံးအပြစ်ဒဏ်က တစ်ခြားလူတွေကို သတ်မိရင် ပြန်အပေးခံရသလို သေဒဏ်ပေါ့ ..သေတော့  ငရဲဆက်ကျသွားတယ်ဆိုတာ သဘာဝဓမ္မကပါ ပါဝင်လာတဲ့ သဘောပေါ့ ..လူ့ ဘ၀မှာ အပြစ်ခံရလို့  အပြစ်တွေကျေသွားပြီ ပြီးပြီ အပြစ်ကင်းပြီလို့ ယူလို့ မရဘူးသဘောပေါ့ 
ကြားဖူးဖတ်ဖူးခဲ့ တဲ့  ပုံဝတ္ထုထဲမှာ အမြည်းလုပ်ဖို ဆိုပြီး မူးမူးနဲ့  သူ့ အိမ်ခြေရင် တင်းကုတ်က သူ ပိုင် ခိုင်းနွားကြီးရဲ့  လျှာကို အရှင် လတ်လတ် ဆွဲဖြတ်ပြီး ချက်...ပြီးတော့  ကျက်ပြီးဆိုပြီး မူးမူးနဲ့ တစ်ဖတ်ကောက်ဝါးတာ ချက်ချင်း အပူလောင်ကျွမ်းပြီး ကိုယ့် လျှာပါ အရင်းကပြတ်ကျသွားပြီး အဲ့ ဝေဒနာနဲ့ ပဲ ရောဂါသည်ကြီးဖြစ်သွား...မစားနိုင်မသောက်နိုင် အနာရင်း စကား မပြောနိုင် နွားလိုအော် မချိမဆန့် ခံရပြီး အဲ့ ဝေဒနာဆိုးနဲ့  သေတော့ ငရဲ တန်းဆင်းသွားတယ်ဆိုတာမျိုးတွေ ဖြစ်လာတာ....လူ့ အသိအောက်နိမ့်တဲ့ အပယ်လေးဘုံသား လို့ ဆိုတဲ့  နွားလျှာကို အရှင်လပ်လပ်ကြီးဖြတ် မီးဖုတ် အမြည်းလုပ်စားတာ...လူသတ်တာလောက် ကိစ္စမရှိလောက်ပါဘူးလို့ ပြောမရတော့ ဘူးသဘောပေါ့ ....
Labels:
အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..