Powered By Blogger

Monday, April 27, 2015

''အလိုက်ကောင်းလို့ သာ ''...(ဓါတ်ပုံတစ်ပုံ သတင်းတစ်ပုဒ်မှ တစ်ဆင့် တွေးတောစရာတွေ....)

'


'အလိုက်ကောင်းလို့ သာ ''...(ဓါတ်ပုံတစ်ပုံ သတင်းတစ်ပုဒ်မှ တစ်ဆင့် တွေးတောစရာတွေ....)
-------
မန္တလေးက မီးရထားဂုံးကျော်တံတားတစ်စင်းရဲ့ သရုပ်ပျက်နေတဲ့  ဓါတ်ပုံတစ်ပုံတစ်ပုံဟာ မကြာသေးခင်က ဖွရွာကြီးထဲကို ပျံ့ နှံ့ လာတော့  ကျနော့် ဝေါပေါ်လည်းရောက်လာတော့ တာပေါ့ ..၊ ဓါတ်ပုံနဲ့ ပတ်သက်ပြီး သရော်သံ ကလော်သံ ဝေဖန်သံ လေကန်သံ ဟာသသံ သံသယသံတွေ ထုံးစံအတိုင်း ဆူညံ ပွက်လောရိုက်နေတော့ တာပေါ့ ..နောက်နေ့ ထုတ် ဂျာနယ်တစ်စောင်မှာတော့  ဒီဓါတ်ပုံဟာ မန္တလေးက မီးရထားဂုံးကျော်တံတားတစ်စင်းဖြစ်ကြောင်းနဲ့  ပတ်သက်ရာပတ်သက်ကြောင်းတွေကို ဗျူးထားတဲ့  သတင်းလေးအဖြစ်ပါလာတော့ တယ်...အဲ့ ဒီတော့ မှ အတွေးပွားမိရင်း အတိတ်က အရိပ်လေးတွေ တစ်ချို့  စိတ်အာရုံမှာထင်ဟတ်လာတော့ တယ်.....




မန္တလေးက ဦးပွား မီးရထားဂုံးကျော်တံတားဘောင်လက်ရန်း အက်ကြောင်းရှည်ကြီးနဲ့ ပဲ့ ကျလုလုဖြစ်နေတာကို ပလပ်စတစ်ကြိုးတွေနဲ့ ထိမ်းထားတာ လမ်းတံတား အင်ဂျင်နီယာတွေ လက်ချက်မဟုတ်ပဲ အန္တရာယ်ဖြစ်လာနိုင်မှာကိုစိုးရိမ်တဲ့  အမြင်မတော်ဘူးထင်ရင် ကိုယ်နဲ့ မဆိုင်လို့ ငုတ်တုတ် ကြည့် မနေတတ်တဲ့ ရပ်မိရပ်ဖက ကိုယ့် ဟာကိုယ် မြန်မာ့ နည်းမြန်မာ့ ဟန့် နဲ့  ယာယီ သွားထိမ်းပေးထားတာပါလို့ ဂျာနယ်သတင်းကဆိုတယ်..။ 

လိုက်ဗျူးခက်အရ မန်းစည်ပင်က အင်ဂျင်နီယာတစ်ယောက်ပြောချက်က အဲ့ တံတားက မီးရထားပိုင်ပါတဲ့ မန်းစည်ပင်လက်အောင်ကို လွှဲမပေးသေးဘူးတဲ့ ( သဘောက သူတို့ မှာတာဝန်မရှိ မီးရထားမှာ တာဝန်ရှိပေါ့ လေ) ဖွဘုတ်မှာ မြင်လို့ တံတားရဲ့ ကြံ့ ခိုင်မှု့ ကိုတော့ သွားစစ်ပေးပြီးပြီ တံတားတစ်ခုလုံး သဘောအရတော့ အိုကေနေဆဲပါပေါ့ လေ....
.
( ဖွဘုတ်ထောင်တဲ့ ဇကာဘောက်ကိုတောင် ကျေးဇူးတင်ရမယ့် သဘောရှိတယ် ဖွဘုတ်သာ မရှိရင် ဒီတံတားပြိုကျတဲ့ အထိ ဒီတံတား ဘာဖြစ်နေမှန်းတောင် ဘယ်အစိုးရအဖွဲ့ ကလူတွေမှ သိမယ့် ပုံတောင် မရှိလောက်ဘူးလို့ တွေးစရာ...အမှန်တော့ ဒါက သူမှမဟုတ်ပါဘူး..ဖွဘုတ်က ဗမာပြည်အစိုးရ အုပ်ချုပ်ရေးထဲက ယန္တယားတစ်ခုခုလိုတောင်ဖြစ်နေတာ ကြာပြီ)....

နောက်တစ်ခါ တွေးစရာက အဲ့ အမြင်မတော်လို့  တံတားဘောင် အက်နေတာကို ပလပ်စတစ်ကြိုးနဲ့  သွားထိမ်းပေးထားတဲ့  ရပ်မိရပ်ဖတောင် အဆင်မသင့် ရင် နိုင်ငံတော်အကြည်အညိုပျက်မှု့ နဲ့  တရားအစွဲခံသွားရနိုင်တယ်လို့ တွေးစရာ..ဒါကလည်း အကြောင်းမယ့် မဟုတ်ဘူး သမိုင်းကြောင်းတွေရှိခဲ့ တယ်...

မဆလခေတ်က တောင်ဥက္ကလာပရဲ့  ကားလမ်းမကြီးတွေ ပျက်ချက် ပေါက်ချက်က ဘယ်တက္ကစီသမားမှ တော်ယုံနဲ့ မလိုက်ချင်ဘူး..လမျက်နှာပြင်လိုပဲ ကျောက်ပေါက်ရာတွေ အများကြီးနဲ့ ပေါ့  ချိုင့် တွေကျင်းတွေ နက်ပြီးကြီးချက်က မိုးတွင်းဆို ရေကန်ငယ်လေးတွေလိုနဲ့ ရေဖုံးနေလို့  ကားရောလူရော ရေမြို မြေမြို
တွေတောင်ဖြစ်ကုန်တတ်တယ်..လူထုအတွက်ဆို ပစ္စည်းပစ္စယ ရှားပါးလွန်းတဲ့  စည်ပင်ကလည်း ပြင်ခဏ ပျက်အစဉ်ဆိုပြီး လက်မြှောက်ထားတာလား အပေါ်က အမိန့် မကျလာလို့ လား သူတို့ ပဲသိမယ် နေ့စဉ်ရုံးတက်ဖို့ အဲ့ လမ်းဖြတ်သွားနေတဲ့  အဲ့ ရုံးကလူတွေလည်း တပုံကြီး...

ဒါနဲ့  တစ်နှစ်တော့  ပရဟတိကောင်းတဲ့ အသိတောင်ဥက္ကလာသားကြီး ဘကြီးတစ်ယောက်က သူ့ သဘောနဲ သူ အုတ်ကျိုး အုတ်ပဲ့ လေးတွေ နဲ့ တစ်ချို့ ချိုင့် သေးလေးတွေ တစ်နိုင်တစ်ပိုင် သွားထုခြေဖို့ ရောဗျ.. မင်းမာဃ ဆိုတဲ့  သိကြားမင်းများ အားကျလို့ လားမသိ..။ အဲ့ မှာ စည်ပင်က မြင်သွားပြီး ဌာနခွင့် ပြုချက်မပါလို့ တဲ တရားစွဲခံထိပါရောဗျာ. ..အလိုက်ကောင်းလို့ ထောင်မကျ ဒဏ်ငွေနဲ့ ပြီးသွားပေမယ့် အဲ့ ဘကြီး စိတ်နာသွားချက်က အိမ်ရှေ့ က ဗာဒံရွက်ကြွေတွေတောင် တံမျက်စည်းထွက်မလှဲတော့ ဘူး...

ပရဟိတကောင်းလို့ တန်ခိုးကြီးနတ်ဖြစ်သွားတယ်ဆိုတဲ့  နတ်ကြီး..ဒီအစိုးရမျိုးတွေနဲ့ သာကြုံရင် နတ်မဖြစ်ခင် တော်လှန်ရေးသမား အရင်ဖြစ်သွားလောက်မယ့် သဘောရှိပါ့ လို့ တောင် တွေးစရာ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..