Powered By Blogger

Monday, April 27, 2015

(တြင်းန၀င်း ) .''စလောင်းဖုံး ၂ ချပ် တီးရင် ကျား ကိုက်တတ်တယ် ဆိုတဲ့  ဆိုရိုးစကားကနေ...



(တြင်းန၀င်း ) .''စလောင်းဖုံး ၂ ချပ် တီးရင် ကျား ကိုက်တတ်တယ် ဆိုတဲ့  ဆိုရိုးစကားကနေ...
----------------------------------------------
''စလောင်းဖုံး ၂ ချပ် တီးရင် ကျား  ကိုက်တတ်တယ် ဆိုတဲ့  ဆိုရိုးစကားဟာ  ဆရာကြီးတွေ လက်ထဲရောက်တော့ .......... အလွန် အစွမ်းထက်တဲ့ .....တြင်းန၀င်း  ယတြာပညာခန်းကြီး  ဖြစ်သွားပါတယ်.......

တြင်းန၀င်းဆိုတာ သုံးနံပေါင်း ၉ န၀င်းဓါတ်သဘောပါ...ဒွေးန၀င်းဆိုတာကတော့  ၂နံပေါင်း န၀င်းဓါတ်ပါ...အခါတိုင်ပညာတွေ အများစုမှာ တနင်္ဂနွေတိုင်ကို နမူနာထားပြလေ့ ရှိပါတယ် 

တနင်္ဂနွေတိုင်အရ ပန်းယတွဲ ပဉ္စပွတ်+စတုရန်း = ကြာသာပတေးနံ+ ဗုဒ္ဓဟူးနံ= ၅+၄=၉ =ဒွေးန၀င်း ဂုဏ်ရည်သဘောပါ...ဒီသဘောအရ သစ်စိမ့် တွဲ ဆပွတ်+တြိရန်း= သောကြာနံ + အင်္ဂါနံ= ၉ ဒွေးန၀င်း၊ အလယ်တွဲဆိုတဲ့  အမြစ် စနေနံ အညွန့် ၇ +တနင်္လာနံ အညွန့် ၂=၉=ဒွေန၀င်းဂုဏ်ပါ။

-တြင်းန၀င်း ဆိုတဲ့  သုံးနံပေါင်းမှာတော့   တနင်္လာနံအညွန့်  ၂ +  ဗုဒ္ဓဟူးနံ စတုန်းရန်းအညွန့်  ၄ + အင်္ဂါနံ တြိရန်း အညွန့်  ၃ = ၉ န၀င်းဂုဏ်သဘောပါပဲဗျား..




ဒီတော့  တနင်္ဂနွေသား ကို  နမူနာထားပြီး တြင်းန၀င်းကံမြှင့် ယတြာအညွန့် လှုခြင်းသဘောကို  လက်တွေ့  အသုံးချ ရာမှာ အစွမ်းထက်ယတြာနည်းပညာတစ်ခု ဖြစ်လာပါတယ်...ဒါပေမယ့်  သက်ရောက်ကောင်းတဲ့ သူတွေသာ သုံးသင့် တဲ့ပညာခန်းပါ...သက်ရောက် မကောင်းချိန်မှာ ပြုရင် အညံ့ သဘောတွေပါ  မြန်မြန်ရောက်လာတတ်တဲ့ သဘောရှိလာလို့ ပါပဲ သဘောက ပြူတင်းတံခါးကို အကုန်ဖွင့် လိုက်လို့  လေသန့် ရော ယင်တွေ ခြင်တွေပါ ရောဝင်လာတတ်လို့ သဘောပါ...ဒီတြင်းန၀င်း ဓါတ်ယတြာအညွန့် ထိုးနည်းဟာ ထိုးဖေါက်အောင်မြင်မှု့ တွေကို အလျင်မြန်မြန်ရနိင်တဲ့ ယတြာပညာခန်းနည်းပညာတစ်ခုပါပဲ...

.တနင်္ဂနွေသား  တစ်ယောက်ဟာ သူ့ ရည်ရွယ်ချက်တွေအောင်မြင်မူ့  မြန်မြန်ရဖို့ အတွက်.....တနင်္ဂနွေသားသမီးတွေဟာ ကိုယ့် မွေးနံ တနင်္ဂနွေ နံ န၀င်းပေါ်ချိန်..(တနည်းအားဖြင့် )  တနင်္ဂနွေနေ့    မနက်  ၉နာရီကနေ  ၁၀နာရီ ခွဲကြားမှာ.....ဘုရားစေတီတစ်ဆူဆူရဲ့ .......တနင်္ဂနွေထောင့်   ဘုရားပန်းအိုးနား  ကပ်ရပ်ပြီး.

...............လက်ထဲမှာ  ''ကျား '' ဆိုတဲ့   တနင်္ဂနွေရဲ့   အညွန့်  တနင်္လာနံ  '''ကံ့  ကော် ၁၅  ညွန့် ''ကို လက်ထဲ စုံ ကိုင်............... 
ခြေဖ၀ါး ၂ဖက် အောက် မှာ  .....'''စလောင်း''  လို့  အမည် တူတဲ့ .''..အင်္ဂါ နံ  တြိရန်း+ ဗုဒ္ဓဟူးနံ စတုရန်း '' အတွဲ ဖြစ်တဲ့ ..'''..ဇီဇ၀ါ(သို့ ) ဇလပ်  အညွန့်   ၇  ညွန့် ''''ကို  ခြေစုံတက် နင်းပြီး  

ဘုရား အာရုံပြု ဘုရားစာ တစ်ခုခုကို န၀င်းခေါက်(၉၊၁၈၊၂၇ မျိုးပေါ့ )ရွတ်ပူဇော်.......ပြီးရင်...ဇီဇ၀ါ /ဇလပ် ၇ ရွက်ကို  အနင်း မပျက်ဘဲ  လက်ထဲက  ကံ ကော် ၁၅ ညွန့် ကို  မျက်နှာ မူရပ်နေတဲ့   တနင်္ဂနွေ ထောင့် ဘုရားအိုးထဲလှမ်းထိုးလိုက်ရင်........ကံအပွင့် ဓါတ် ကံအတက်ဓါတ်ဆိုတဲ့   တြင်းန၀င်း  ပညာခန်း ယတြာရဲ့  အကျိုးကို ရစေပါတယ်...

.ဒါဟာ တနင်္ဂနွေကို  နမူနာထားတာပါ....ဒီပုံစံ ကို တစ်လ တစ်ကြိမ်များ လုပ်နိင်ရင် သက်ရောက်ကောင်း လပိုင်းတွေကောင်းနေတဲ့  တနင်္ဂနွေသားသမီးတွေဟာ ကိုယ့် ရည်ရွယ်ချက်တွေ  ပုံမှန်ထက် လျင်မြန်စွာ ရလာပါတယ်...ဒီယတြာကို ပြုလုပ် လှုဒါန်းပြီးရင်  သတိထားရမှာ ၂ ချက်ရှိပါတယ်......ဒီလို လှုပြီးရင်  စိတ်ပါ အရမ်းမြန်လာလို့  စိတ်နဲနဲထိမ်းပေးရပါတယ်........နောက်တစ်ခုက အဖေါ်မပါလို့  တစ်ယောက်ထဲ သွားလှုဒါန်းရတဲ့ အခါ ကံ့ ကော်ညွန့်  ထိုးလှုပြီးရင်  နင်းထားတဲ့  ဇီဇ၀ါ တွေကို  ကိုယ့် လက်အသားနဲ့ တိုက်ရိုက်မထိစေဘဲ  (ဥပမာစက္ကူစုတ်တစ်ခုခု) နဲ့  ညှပ်ကိုင်ပြီး သင့် တော်ရာအမှိုက်ပုံမှာ စွန့် ပစ်ရပါမယ်(ရင်ပြင်တော်မှာ အမှိုက်အဖြစ်ကျန်ခဲ့ ပြီးအဂါရ၀ မဖြစ်ရအောင်ပါ)..ကိုယ့် အသားနဲ့  နင်းပြီးသား အရွက်တွေကို ပြန်ထိကိုင်ရင်ယတြာမသန့် တော့ သလို အကျိုးမပြည့် ဝတော့ သလို ဖြစ်သွားပြီး ယတြာပြုရကျိုးမနပ်ဖြစ်သွားနိုင်ပါတယ်...ကိုယ်နင်းပြီးတဲ့ အရွက်တွေကို အဖေါ်က ကူညီပြီး စွန့် ပစ်ပေးရင်တော့ ရပါတယ် ဒါတောင် ကိုယ့် မွေးနံတူ အဖေါ်မဖြစ်ရင်တော့ ပိုသင့် တော်တယ် .။

တနင်္လာအတွက်က ........လက်ကိုင်ဟာ  ဇီး ၈ ညွန့် ပါ   ခြေစုံနင်းက  လဲမှို့ ၉ ရွက်ပါ..........
အင်္ဂါ အတွက်   ရွက်လှ  ၄ ညွန့် ပါ........ခြေစုံနင်း   ပျဉ်းတော်သိမ် ၁၁  ပါ.....
.ဗုဒ္ဓဟူးက အတွက်က   ပျဉ်းမ  ၁၉ ရွက်(၀ါ) မေမြို့ ပန်း/ပိန်းပန်း၅ ပွင့် ပါ.....ခြေနင်းက  သနပ်ညွန့်  ၁၃  ညွန့် ပါ( ဆေးပေါ့ လိပ်ကိုဖြည်ရင်သနပ်ဖက်ရတယ်)
ကြာသာပတေးက  သီဟို ၆ ညွန့် ပါ  ခြေနင်းက   အုန်းနဲ(ဆေးရိုးပင်) ၈ ညွန့် ပါ
 သောကြာက     ထန်း ၁၀ ညွန့် ပါ   ခြေစုံနင်းက    အင်ကြင်း ၃ ညွန့် ပါ
စနေ  အတွက်....အုံး ၆ ညွန့် ပါ  ခြေစုံနင်း  ကန်စွန်း ၅ညွန့် ပါ....

ဒါကို  တြင်းန၀င်း အတွဲလို့ ခေါ်ပါတယ်....တြင်းန၀င်းအခွဲလည်းရှိပါသေးတယ်...တြင်းန၀င်းအခွဲဆိုတာ ဥပမာ တနင်္ဂနွေ ရဲ့ တြိရန်း ဇီး/ဇော်စိမ်း ၇ညွန့် ၈ရွက် +  စတုရန်း ရွက်လှ ၁၇ရွက်/၀ါး ၁၇ ရွက်သဘောပါ တြင်းန၀င်းအတွဲ မရရင် တြင်းန၀င်းအခွဲကိုလည်းအသုံးပြုပါတယ်   .ဒီပညာခန်းဟာ  ရွာရိုးလျှောက်
ကျင့် စဉ်သမားတွေ အတွက် လည်း.ကံအပွင့် ဓါတ်ကိုပိုမြန်မြန်ရစေပါတယ်

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..