Powered By Blogger

Sunday, April 26, 2015

ငွေမြဲချင်လို့ တဲ့ ....



ငွေမြဲချင်လို့ တဲ့ ....
-----
ငွေမမြဲဘူးလို့  ငြီး အပြခံရတာကလည်း အကြားရဆုံးစကားလုံးပါ...သူတို့ သာ လာငြီးပြတာ ကျနော်ကိုယ်တိုင်ကလည်း ၀င်သမျှ မလောက်ပါဘူး သုံးပစ်သလားမမေးနဲ့ ဆိုတာမျိုးပါပဲ...ငိငိ..ဆရာဝန်တစ်ချို့ လိုပေါ့  သူများသာ ရောဂါတွေကုပေး ဆောင်ရန် ရှောင်ရန်တွေသာပြောပေးတာ သူကိုယ်တိုင်ကလည်း ရောဂါတစ်ခုခုကြောင့်  ဆေးလုံးတွေနဲ့ ပါးစပ်နဲ့ မပြတ်ဆိုသလိုပေါ့ 

အဲလိုလာငြီးပြရင် ဟုတ်ဟုတ် မဟုတ်ဟုတ် (အနဲဆုံး စိတ်သက်သာရာရစေဖို့ ပဲဖြစ်စေ ငွေအထွက် နဲသွားအောင် ပိုက်ဆံထားနေကျ နေရာမှာ သပြေညွန့် ခပ်သေးသေး လေး ထည့် ထားလိုက်ပါ တနင်္လာနေ့ မှာထည့် ပါ အညွန့် လေး အသစ်လဲရင်လည်း တနင်္လာနေ့မှပဲလဲပါ အချိန်နဲ့ ထည့် ချင်ရင် မနက် ၉-၁၀း၃၀ကြား ဖြစ်စေ နေ့ ၁၂-၁း၃၀ကြားဖြစ်စေ ည ၉-၁၀း၃၀ကြားမှာဖြစ်စေထည့် ပါ အသစ်လဲပါ မီးခံသေတ္တာတွေ ငွေသိမ်းအံဆွဲတွေ စသဖြင့် တွေမှာထည့် ထားလို့ ရတယ်ပိုဓါတ်သက်ခိုင်ပါတယ်ပေါ့ 



ဒီလို ယတြာပေးတဲ့ အခါမှာ စည်းလွတ်ဘောင်လွတ်မဟုတ်ဘူး ကြားဖူးနားဝမဟုတ်ဖူး ရမ်းသရူးပြောမဟုတ်ဖူး..လောကီပညာရပ်အခြေခံပါတယ် စနစ်တစ်ကျတည်ဆောက်ထားတဲ့ လောကီပညာအခြေခံနဲ့  ပြန်ရှင်းပြရင် ယုတ္တိရှိနေရမယ်ပေါ့ ..ဒီလိုဆိုလိုတာပါ .

ဒီတော့  ငွေဆိုတာ တနင်္လာနံ ဖြစ်တယ်.ဒါကို မူလထားတယ် ဒါကို ထိမ်းချုပ်ချင်တယ်...ဒီတော့  မူလအလယ်အချာမှာရှိတဲ့  နံ တစ်ခုကို ထိမ်းချုပ်လိုရင် (သို့ ) ကာကွယ်လိုရင် သစ်စိမ့်  ပန်းယ အမြစ်အညွန့်  မတွန့် စေ ရကြိုးသုံးကြိုး နံတွဲံကောက်ပြီးလုပ်လေ့ ရှိတယ်...ဒီတော့  သြဇာ၊ သပြေ၊ ဒန့် သလွန် ဆိုတာ တနင်္လာနံကိုထိမ်းချုပ်တဲ့  (သို့ ) ကာကွယ်တဲ့ နံ တွဲသုံးတွဲဖြစ်တယ်..

ဒါကြောင့်  ဒီသုံးတွဲထဲက ဗမာပြည်မှာ အပေါ်ဆုံးရနိုင်တဲ့ သပြေ ညွန့် ကို လှည့် ပတ်သုံးတာဖြစ်ပါတယ်လို့  ဆိုလိုတာပါ၊ သြဇာရွက်ကို သပြေရွက်အစား ထည့် ထားတာမျိုး သုံးရင်ရော မရဘူးလားဆိုရင် ရတာပါပဲလို့ ပေါ့ ...ဒီနေရာမှာ အတွေ့ အကြုံအရပြောရရင် သြဇာရွက်ဟာ တနင်္လာနံကို ထိမ်းချုပ်တဲ့  အမြစ်အညွန့် အလယ်တွဲ အမှန်ဖြစ်ပေမယ့်  ('' စာအိပ်'' အရှည်ထဲထည့် ထားပြီးသုံးတာ ''စာအုပ်'' ကြား ညှပ်ပြီးသုံးခဲ့ တာဟာ သာမန်ငွေထွက်နှုံးထက်ပိုမြန်မြန်သုံးဖြစ်သွားတာ တစ်ခါတစ်လေ ဘယ်စာအုပ်ကြားညှပ်မိမှန်းမသိ ဖြစ်သွားလို့  ကိုယ့် ဟာကိုယ်ချာရပတ်ရမ်းနေတာ စသဖြင့် တွေကြုံရပါတယ်..ဒါဟာ တနင်္လာနံ ရဲ့ အလယ်တွဲ သြဇာရဲ့  ပြောင်းပြန် အမြစ်အညွန့် ဇောက်ထိုးဓါတ်ဝင်သွားချိန်နဲ တနင်္လာနံ ခိုက်ရောက်ချိန် ဘောမတိုင်မှာ သွားထည့် မိတာ တိုက်ဆိုင်သွားလို့  ဖြစ်တတ်တဲ့ သဘောပါပဲ 

စာအိပ်ထဲထည့် သုံးတာမျိုး စာအုပ်ကြားညှပ်တဲ့ ငွေလေးတွေ သာမန်ထက် အထွက်ပိုသန်ပုံရတာ ဘ၀ပျက်နိုင်လားဆိုတော့  အဲ့ လောက်ကြီးလည်း မဟုတ်ပါဘူး မဖြစ်လွယ်တတ်ပါဘူးပေါ့ လေ....ပညာရပ်မှာ ဖန်တီးချင်ရင် တီထွင်ကြံဆချင်ရင် ရတယ် ယုတ္တိတော့ ရှိရမယ်..အလုပ်လည်းဖြစ်သင့် သလောက်တော့ ဖြစ်ရမယ် အခြေအမြစ်တော့ ရှိရမယ်ပေါ့ ...

ဒီလို သပြေတွေသြဇာတွေထည့် ထားလိုက်ရင် ငွေမထွက်တော့ ဘူး မြဲပြီဆိုတာ ယုတ္တိမရှိပါဘူး မဖြစ်နိုင်ပါဘူး..ဒါဆို ဘာလုပ်တာလဲ ဘာအကျိုးရှိလဲမေးရင် အဲ့ လိုလုပ်ထားတော့  စိတ်က တစ်မျိုးဖြစ်သွားပြီး အရင်လို လွယ်လွယ်နဲ့ နှိုက်မသုံးဖြစ်တော့ တာ အဲ့ ထဲက ငွေထုတ်သုံးရမှာမေ့နေတာ နှမျှောနေတာမျိုး ဖြစ်လာလို့  အရင် ၁၀ကြိမ်ဆိုရင် ဒီလို ဓါတ်ယတြာလုပ်ထားလိုက်ရင် ၅ ခါလောက်ပဲ ထုတ်သုံးမိတော့  ၅ကြိမ်သက်သာသွားမယ် ၁၀ရက်နဲ့ ကုန်မယ့် ငွေက ၁၅ရက်ခံမယ်ပေါ့  ဒီလောက်ပါပဲ...

ဒီလို မတွန့် စေရတွေဟာ အကောင်းကိုလည်းဖန်တီးပေးတတ်လို့  ပိုက်ဆံတစ်ရွက်ကို ခုံပေါ်ချ သပြေ ညွန့် နဲ့ သြဇာညွန့် နဲ့  ရိုက်ရိုက်ပြီး ငွေမြန်မြန်ဝင်ပါစေလို့ စိတ်ကအာရုံပြုပြီး ၁၅ချက်လောက် (တနင်္လာနံဂြိုလ်သက်) ရိုက်ပြီး ခဏတင်ထားတာမျိုး ၂ရက်၃ရက်လောက်လုပ်လိုက်ရင်လည်း ဘူပိတ်နေချိန်မှာ ခေါင်းစဉ်တစ်ခုခုခံပြီး အ၀င်မြန်လာလေ့ ရှိပါတယ်..။ ဒါန့် သလွန်ဆိုတဲ့ မတွန့် စေရသဘောအဖြစ် နီလာကျောက်အလွတ်လေးတွေထည့် ထားတဲ့ ကျောက်ဗူးလေးကို ငွေသိမ်းနေကျ အံဆွဲတွေ နေရာတွေမှာထည့် ပေးထားရင်လည်း ရတာပါပဲ....ဒီလိုတွေလုပ်ထားတာရဲ့ ကျွဲကူးရေပါသဘောက ငွေအပျောက်အရှပါ သိပ်မဖြစ်တော့ တာပါပဲ... အဲ့ လိုထွေလီကာလီတွေ ဓါတ်ဆင်ရတာ ပျင်းရင်တော့  ဘဏ်မှာသိမ်းရင်လည်းဖြစ်တာပါပဲဗျာ...ငိငိ

တကယ်ကတော့  လောကသဘာဝမှာ ငွေမြဲတာ အထွက်များတာကို လိုက်ထိမ်းရခက်ပါတယ် အကြောင်းက လူဟာ လူ့ အဖွဲ့ အစည်းနဲ့ နေရတာ ဖြစ်လို့ ပါပဲ...ဒီတော့  ငွေနဲ့ ပတ်သက်လာရင် အဓိကထားရတဲ့ ပစ်မှတ်က အထွက်သန်နေတာ ငွေမြဲနေတာတွေထက် ၀င်နေကြ၀င်ငွေ အ၀င်ရပ်မသွားဖို့  ပုံမှန် အ၀င်အထွက်လေး ဟာမိုနီကျကျလေးလည်းပတ်နေဖို့  ဘိုင်ပြတ်မသွားဖို့ က လိုရင်းအချက်ပါပဲဆိုတာ ဘိုင်ပြတ်နေရင် ဘယ်လောက်ခံရချက်ဆိုးပါကြောင်း ဘိုင်ပြတ်ဖူးသူအပေါင်းက သိပါလိမ့် မယ်နော်...။

အခု ကစားကွက်ဟာ လောကီဂမ္ဘီရ ပညာတွေမှာ ၀ါသနာကြီးလှ စမ်းသတ်တာ ၀ါသနာကြီးလှတဲ့ သူတွေအတွက်မှာတော့  ဒိထက်ချဲ့ ပြီး တွေးကြည့် နိုင်ရင် ဆင့် ပွား ကစားကွက်တွေ တစ်ပုံကြီးထွက်လာပါလိမ့် မယ်ပေါ့ နော်...။ အဲ..ငွေမြဲချင်တာများ...မသုံးရင် မထွက်ဖူး သုံးရင်ထွက်မယ် ဒါဗြဲ လို့ လဲ နောက်ပြောင်နေကြပါပဲခင်မျာ...ခိခိ

အဲ့ ချုပ်လိုက်ရင် အလယ်အချာ မူလ ကို နံ ထားပြီး အမြစ်အညွန့်  မတွန့် စေရ နဲ့  သစ်စိမ့်  ပန်ယ သူရဇ္ဇ စိုက်ထလွန်ချမ်းသာ ဆိုတဲ့ အတွဲသုံးတွဲဟာ ဥာဏ်ကွန့် ကစားရင် အများကြီး အလုပ်ဖြစ်ပါတယ်ဆိုတာပါပဲဗျာ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..