Powered By Blogger

Sunday, April 26, 2015

''ကံ။စိတ်၊ဥတု၊အာဟာရ..''နှင့် ''သက်ရောက်(၈)ခွင်''



''ကံ။စိတ်၊ဥတု၊အာဟာရ..''နှင့် ''သက်ရောက်(၈)ခွင်''
------------------------------------------------------------
သက်ရောက် ၈ ခွင်ကို အခြေခံသဘောတူရာစုပြီး  ၄ စု ခွဲ ချဉ်းကပ်ရှု့ မြင်ပုံပါ။ အကောက်အယူတတ်ရင် သက်ရောက်သဘောတွေကို ပိုမြင်လာနိုင်ပါတယ်။ သဘောတူရာ ၂ ဂြိုလ်တွဲကို ညီအစ်ကို လို့ လဲ တင်စားပါသေးတယ်။

(တနင်္ဂနွေ+တနင်္လာ)သက်ရောက်ကို ညီအစ်ကိုစုံတွဲလို့ သတ်မှတ်တင်စားပြီး အတိတ်က ကုသိုလ်တွေ သိသိသသာသာ ပေးရာ၊ ပစ္စုတ်ပန်ကာလမှာကျိုးစားသလောက်  အခွင့် အရေးရတာဖြစ်လို့ (ကံ) ဂြိုလ်စုံတွဲလို့  မြင်နိုင်ပါတယ်။ ကံ ကြောင့်  အလုပ်ရာထူးတိုးတက် ၀င်ငွေတက်ဆိုတဲ့  ကံ ပေးတဲ့ နေရာလို့ မြင်နိုင်ပါတယ်။ဒီနေရာမှာ ကံအထောက်အပံ့ ပါလာ ပုံက တောင်းစားသူတောင် တောင်းလို့ ပိုက်ဆံပိုရလာတဲ့ သဘော အတန်းမကိုင်ရတဲ့ ဆရာမက အတန်းပိုင်ဖြစ်လာတာမျိုး၊ အတန်းပိုင်က အတန်းမှုးဖြစ်လာတာမျိုး ကံသတ္တိကို သူ့ ဘ၀နဲ့ သူပေးလိုက်တဲ့  ကံ သဘောကိုဆိုလိုပါတယ်။



(အင်္ဂါ+ဗုဒ္ဓဟူးသက)်ရောက်ကတော့  (စိတ်)အဓိက သဘောပါလို့  စိတ် ပိုင်းဆိုင်ရာ ရောင့် ရဲတတ်မှု့ သည်းခံတတ်မှု့  သဘောတွေပါလို့  စိတ် ဂြိုလ်စုံတွဲညီအစ်ကိုလို့ မြင်နိုင်ပါတယ် .လူကို စိတ်ဒုက္ခ ရုပ်ဒုက္ခ ဆက်တိုက်ပေးရာ ၊ စိတ်ကိုအလိုမပြည့် စေရာ ၊ကြံသလိုမဖြစ်ရာ၊ လူကိုရောဂါထူစေရာ ဂြိုလ်စုံတွဲပါ။
ဒီလို ဂြိုလ်စုံတွဲမှာ ရောင့် ရဲတတ်သူ ၊အနစ်နာခံစိတ်ရှိသူတွေ ၊ စွန့် လွှတ်နိုင်တတ်သူ၊ ပရဟိတစိတ်ကြီးသူတွေအတွက် စိတ် ရုပ်၂ ပါးကို အကျပ်အတည်းကြုံရင်သက်သာခွင့် ပေးပါတယ်။

(စနေ+ကြာသာပတေး)သက်ရောက်ကိုတော့  (ဥတု) လို့  မြင်နိုင်ပြီး ဒီ၂နှစ် ဖြတ်တဲ့ အခါမှာ ရာသီဥတုအခြေ အနေအလိုက် ကြည့် ပြီး မိုးရွာရင် အမိုးလုံအောင်နေ၊ နေပူရင်အပူသက်သာအောင် ထီးဆောင်း ချမ်းရင်စောင်ခြုံ ဆိုသလို အပြင်လောကအခြေအနေနဲ လိုက်လျောညီထွေဖြစ်အောင်နေတတ် ထိုင်တတ်ရတဲ့  သဘော၊ ရာသီဥတုရဲ့  မှန်းမရတဲ့  ဖေါက်လွဲဖေါက်ပြန်တွေကြုံတတ်တဲ့ သဘောကိုမြင်သာအောင် ဥတု လို့  မြင်သာအောင်ပြခဲ့ ပါတယ်..တကယ်လည်းဒီစနေဲ့ ကြာသာပတေးရဲ့ အခြေခံသဘောဟာလည်း မှန်ရခက်သလို ခုကောင်းနေပေမဲ့  တော်ကြာပြဿနာတွေ အရှုတ်အရှင်းတွေ အမွေလုပွဲတွေ မိုးမှောင်ကျသလို ထပြီး ကျမ္မာရေးဖေါက်တတ်တွေဖြစ်လာတတ်လို့  ဥတုအခြေအနေကြည့် ပြီးင်္သားရသလိုဂြိုလ်ညီအစ်ကို လို့ မြင်သာစေပါတယ်။

(ရာဟု+သောကြာ)ကိုတော့  အာဟာရ ဂြိုလ်ညီအစ်ကိုစုံတွဲလို့  ပြပါတယ်။ ဒီ၂ဂြိုလ်တွဲ တူပုံက လွတ်လပ်တဲ့ နေရာ၊ စားချင်သလိုစား သွားချင်သလိုသွားလို့ ရတဲ့  သဘော မှာ အဟာရပြည့် ပြည့် ၀၀ မှီဝဲခွင့် ရတဲ့ သဘော လို့ မြင်သာစေပါတယ်။ ကိုယ်စားချင်တာ ရွေးစားယုံပေါ့  ဗေဒင်အသုံးနှုံးကတော့ ဒီရာဟုနဲ့ သောကြာ၂နှစ်ဆက်သဘောဟာ ''စုတ်ရောလာဘ်'' ပါ ပေးတဲ့ သဘော လို့ ခေါ်ပါတယ်..ကာမဂုဏ်လိုရင်ကာမဂုဏ် လာဘ်လိုရင်လာဘ်
ရလွယ်တဲ့ သဘောပါ။

မြင်လိုက်ရမှာက တနင်္ဂနွေသက်ရောက်ဆိုပေမဲ့  ရှေ့ က တနင်္လာသက်ရောက် အားပါ ရှိတဲ့  အခြေခံ ကံ ကောင်းမှု့ ကို ပေးတဲ့ သဘောတူရာကို မြင်လိုက်ပြီးသူဟာ၂ နှစ်ဆက်တိုင် ကံ အလှည့် ပေး ခံစားခွင့် ရနိုင်တယ်လို့  သိလိုက်ရမဲ့ သဘော...။

ပြောရရင်တော့  သက်ရောက်တွေရဲ့ သဘာဝနဲ့ ဖြစ်တတ်တာခံစားခွင့် ရလွယ်တာတွေ နဲ့  ကိုယ်က အလိုက်ထိုက်ဖြတ်သန်းနိုင် စိတ်ထားနိုင် ဖို့  ဟိုလိုချဉ်းကပ်ပြ ဒီလိုချဉ်းကပ်ပြနေတဲ့ သဘောပါဘဲဗျား..။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..