Powered By Blogger

Sunday, April 26, 2015

ကောဇာလုံးဝပြောင်းအပြီးမှာ တနင်္ဂနွေသားတစ်ယောက် ဗွေဆော်ဦး.. --


ကောဇာလုံးဝပြောင်းအပြီးမှာ တနင်္ဂနွေသားတစ်ယောက် ဗွေဆော်ဦး..
-----------
အခု မြန်မာကောဇာ ၁၃၇၇ ဟာ တနင်္ဂနွေနံ မရဏကိမ်မှာ ဆင်းထိုင်သွားတဲ့  ၅ကြွင်းမဟာဘုတ်နှစ်ပါပဲ ဒီကာလဟာ လာမယ့် ရှေ့ နှစ် သင်္ကြန်ကာလ ခရစ်သက္ကရာဇ် ၂၀၁၆ ဧပြီလ အထိ အကြုံးဝင်ပါတယ် 

ဒီနေ့ ယတြာတစ်ခု တနင်္ဂနွေသားနဲ့ ပတ်သက်တယ် သူက ၈၅ ။ ၂လပိုင်းမွေးတာ အခု အသက် ၃၁ ထဲ မှာ ရာဟု ဘုမ္မိကြီးပေါ့ ...အခု လစိတ်က တနင်္လာလစိတ်မှာ...ဒီမနက်က ဆေးရုံရောက်သွားတယ် အူအတက်ယောင်တယ်..ခွဲရမယ်လို့ ဆိုတယ်...ဒီတော့  ကိုယ်စား အ၀တ်အစားဓါတ်ပုံနဲ့  န၀င်းယတြာကြီး အဝေးရောက်လုပ်ပေးရတဲ့ သဘောပေါ့ ....

ကျနော် သူတို့ ကို ကြိုပြောခဲ့ သလိုပါပဲ...ဒါပေမယ့်  ဒါက ကံကိုကပါလို့ ပေါ့ လေ..ဗေဒင်အရဆိုရင် လောကဓံဗေဒင်ဘက်ကလည်း သဘောတရားမှန်တယ်..။ ဒါပေမယ့်  ဒီဖြဟစ်စဉ်မျိုးဟာ အင်္ဂါလစိတ် ဗုဒ္ဒဟူးလစိတ်မျိုးမှာ ပိုဖြစ်သင့် တယ် ဘာလို့  တနင်္လာလစိတ်မှာ ကြိုလာဖြစ်သလဲ...အဲ့ မှာ ပြောရရင် 
ပထမအချက် က တနင်္လာ လစိတ်မှာ သုံးတန်ပေါ်နိစ္စအရ ၇ ၁ ၂ တိုင် လို့  ဆိုတယ် ၁ ဆိုတဲ့  တနင်္ဂနွေနံဟာ ပြ မှာ ရှိတယ်...ဒီတော့  ဘေးချင်းကပ်ခွင်လွှဲထူရင် ပြအိမ် ပြအိမ်ချင်း ဘေးတိုက် ဖြစ်သွားတော့  တနင်္ဂနွေသားကို ဒီ ၁၃၇၇ ရဲ့ ကောဇာမဟာဘုတ်က တနင်္ဂနွေနံ မရဏ က လာပူးသလိုဖြစ်နေတယ်....ဒါကြောင့် ရယ်..။



ဒီတနင်္ဂနွေသားဟာ သင်္ကြန်ကာလမှာ ဘန်ကောက်သွားလည်တယ် ( ကောဇာပြောင်းခါနီး တနင်္ဂနွေအည့ံ ကြောင့်  မသွားသင့် ဆိုပေမယ့် တားမရမယ့် အတူတူ ဆိုပြီး ) မသွားခင်မှာ န၀င်းထိုင်သွားသူဖြစ်တယ်...ဒီတော့ ခရီးစဉ် အသွားအပြန်မှာ ဘေးကင်တယ်..ဒီန၀င်းထိုင်တာဟာ အဲ့ ခရီးစဉ်အတွက်သာထိုင်ပေးလိုက်တာ ဖြစ်လို့  ဒီပြန်အရောက်မှာ ယတြာအကာလွတ်သွားပြီ. .ဒါကတစ်ချက်...

နောက်တစ်ချက်က လုံးဝယတြာအကာလွတ်နေတာတော့ မဟုတ်ဘူး အရင် အရှိန်တွေရှိတယ်...ဒါကြောင့်  အိမ်ဝေးရာ လမ်းမှာ ဟိုတယ်မှာ အူအတက်မယောင်ပဲ ကိုယ့် မိသားစုစုံရာ အိမ်မှာသာ ပြန်ယောင်လို့  ဆေးရုံကိစ္စဘာညတွေအားလုံးအဆင်ပြေသွားတဲ့ သဘောနဲ့  တနင်္လာလစိတ်လို လစိတ်အကောင်းမှာ ရောဂါ ဖြစ်တာဟာ အင်္ဂါတွေ ဗုဒ္ဒဟူးတွေလိုလစိတ်မှာ ရောဂါဖြစ်တာထက် လူကို ကံအခွင့် အလန်းပိုသာစေတဲ့  သဘောရှိတယ်...

ချုပ်လိုက်ရင် ကောဇာရဲ့ တနင်္ဂနွေနံ မရဏ လာအပူးခံထားရတဲ့  နေ့သားတွေ့ နံကာက်တွေ နဲ့  တနင်္လာသက်ရောက် (သို့ ) သက်ရောက်ညံ့  လစိတ်တနင်္လာ ဖြတ်နေတဲ့  တနင်္ဂနွေသားတွေ ဟာ နဲနဲတော့ ဗရုတ်သုတ်ခနိင်လို့ သတိထားရတယ်ပေါ့ 

ဒါပါပဲ တနင်္ဂနွေသားတိုင်း ဒီနှစ်ညံ့ မယ်လို့ မဆိုနိုင်ပေမယ့်  သက်ရောက်ညံ့ သူတွေ ကံသုံးပါးကို နဲနဲတော့  ဆင်ခြင်သင့် တယ်လို့ ဆိုတာ ဒါမျိုး မထင်မှတ်တာတွေကြောင့် ပါပဲ..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..