Powered By Blogger

Sunday, April 26, 2015

'''ကိုယ့် စိတ်ကိုယ်စစ် ''

'


''ကိုယ့် စိတ်ကိုယ်စစ် ''
------------
စာစုံလျှောက်ဖတ်တော့  ဓမ္မစာပေတွေပါ ကျွဲကူးရေပါသဘော ဖတ်မိလာတာပေါ့ ..အဲ့ လိုဖတ်ရင်းက ဓမ္မစာပေတွေထဲမှာ ''ကိုယ့် စိတ်ကိုယ်စစ် ''ဆိုတဲ့   စကားလုံး အတွဲလေးကို ရလိုက်တယ် သိပ်သဘောကျသွားတာပေါ့  ကိုယ့် အတွက် အမာခံစာလုံးလေးလိုဖြစ်သွားတယ်..အဲ့ စာလုံးလေးရဲ့ ကျေးဇူးနဲ့  တစ်ခုခုဆို ကိုယ့် ဖီလင်ကို ကိုယ် အရင်ပြန်ပြန်ကြည့် မိတတ်တဲ့  အလေ့ အကျင့် လေးရလာတယ် ဒီတော့ တစ်ခုခု ကို ခံစားပြီဆိုရင် ကိုယ်ဘာလို့  ဒီစိတ်ဖြစ်လာသလဲကို 
ပြန်ကြည့် တတ်သွားတယ်.အဲ့ ဒီကနေ နောက်တစ်ဆင့်  အပြင်ကမ္ဘာကလူတွေကရော သူတို့ စိတ်တွေက ဘာလို့ အဲ့ လိုတွေ ခံစားကြလဲဆိုတာကိုပါ ကြည့် မိလာတယ် အပြင်ရုပ်ထက် ရင်ထဲကိုဝင်ကြည့်  ကြည့် တာမျိုးဆိုပါတော့  ဒီလိုလိုက်လိုက်ကြည့်  ကြည့် တာ ဂိမ်းတစ်ခုလိုပါပဲ ပျော်စရာလေး တစ်မျိုးတောင်ဖြစ်နေတယ်..



ကိုယ့် စိတ်ကိုယ်စစ် ဆိုတဲ့ စကားစုလေးသဘောမှာ...ဆိုပါတော့  ကျနော်တို့ တွေ ဆင်ဖြူတော်ကို တစ်ခြား အကောင်ဗလောင်တွေထက် နေရာပေးမိရသလဲဖီလင်ဝင်မိရသလဲကို ကိုယ့် စိတ်ကိုယ်ပြန်ကြည့် မိတာမျိုးပေါ့ ..ကျနော်ဆို ဆင်ဖြူတော်ကို စပြီးရင်းနှီးသွားတာ မဟာဗုဒ္ဓ၀င်မှာ မယ်တော်မာယာရဲ့ ဝမ်းကြာတိုက်ထဲကို ဘုရားလောင်းဟာ ဘုရားအဖြစ်ကို ယူတော်မူဖို့  လူ့ ပြည်ကို ၀င်စားပြီဆိုတဲ့ အခါ ဘုရားလောင်းရဲ့ မိခင်ဖြစ်လာမယ့် မယ်တော်မာယာရဲ့ အိပ်မက်မှာ သင်္ကေတအဖြစ်ပြပုံက ဆင်ဖြူတော်ကြီးဝင်ချလာတယ်ပေါ့  ဒီတော့ ဘုရားလောင်း ရဲ့  သင်္ကေတက ဆင်ဖြူတော်ကြီးဖြစ်နေတယ်..

.အဲ့ ဒီမှာ ဆင်ဖြူတော်ဆိုတာ ဘုန်းရှင်ကံရှင်တွေရဲ့ သင်္ကေတ ပါရမီရှင်တွေရဲ သင်္ကေတ သဘောဖြစ်သွားတယ်..အဲ့ တော့ တန်ဘိုးသဘောမှာ တစ်ခြား အကောင်ဗလောင်တွေထက် ဆင်ဖြူတော်က ပိုမြင့် မြတ်တဲ့  အကောင်ပဲဆိုတဲ့ ရုပ်ကို ကျော်ပြီး နာမ်ခံစားမှု့  ဖီလင်မျိုးဝင်သွားတယ်ပေါ့ လေ..သဘောက ဘုရားကို မြတ်နိုးလို့  ဘုရားနဲ့ ပတ်သက်လာတဲ့  သင်္ကေတတွေဟာကိုယ် အတွက်မြတ်နိုးစရာတွေဖြစ်လာတယ်ပေါ့ လေ

 ဥပမာ ကြာပန်းလို့ ပေါ့  ကမ္ဘာပေါ်က ရှိသမျှပန်းတွေမှာ ကြာပန်းထက် လှတဲ့ ပန်းတွေ တစ်ပုံကြီးမှာမှ ကြာပန်းကို လှတယ်ဆိုထက် ပိုပြီး တန်ဘိုးထားမိနေတာဟာ ကိုယ့် ဘုရားနဲ့ ပတ်သက်နေတဲ့ သင်္ကေတဖြစ်လို့ သဘောစိတ်ရှိနေတယ်ပေါ့ ဗျာ.ဒီလိုပါပဲ ရုပ်သဘောကျော်ပြီး နာမ်ခံစားမှု့ သဘောဖြစ်သွားတဲ့  အကောင်တွေ ပစ္စည်းတွေ အပင်တွေ လက်နက်တွေ စသဖြင့်  ကမ္ဘာ့ လူမျိုးနွယ်စုအသီးသီးမှာ တစ်ပုံကြီးပေါ့ ....

ဥပမာ လက်ဝါးကပ်တိုင်က ကျနော်တို့ အတွက် အမင်္ဂလာမြောက်တဲ့ နာရေး သင်္ကေတလောက် သဘောရှိပေမယ့်  ခရစ်ယာန်မိသားစုတွေအတွက်တော့  အိမ်ဦးခန်းမှာ အထွဋ်အမြတ်ထားကြတဲ့ သင်္ကေတဖြစ်သွားတာမျိုးပေါ့ ။

ကိုယ်သာ ဆင်ဖြူတော်ဆိုတာ ဘုရားနဲ့ ပတ်သက်နေတဲ့  ကြာပန်းလို အမွန်အမြတ် သင်္ကေတ သဘောလောက်မှာသာ ပြီးသွားတာ တစ်ချို့ ကတော့ အဲ့ လောက်နဲ့ ရပ်သွားပုံမရဘူး...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..