Powered By Blogger

Sunday, April 26, 2015

ပွဲမပြတ်ခဲ့ ဘူး..နဲ့  အင်ပါယာရှင်တွေရဲ့ လက်ထဲမှာ...



ပွဲမပြတ်ခဲ့ ဘူး..
--
ပြီးတော့  ကမ္ဘာ့ သမိုင်းစဉ်ကြီးကို ခြုံငုံကြည့် ရင် ဓမ္မ ရော အဓမ္မတွေဆိုတာရောဟာ နေနဲ့ လ အအေးနဲ့ အပူ အလင်းနဲ့ အမှောင် ဆန့် ကျင်ဘက် သဘောအဖြစ် ယင်နဲ့ ယန်သဘောအဖြစ် အမြဲ အတူ ယှဉ်တွဲနေခဲ့  ဖြစ်ခဲ့ မြဲဆိုတာ တွေ့ နိုင်ပြီး ဘယ်တုန်းကမှ ဓမ္မက အဓမ္မကို အဓမ္မက ဓမ္မကို အပြီးတိုင် အနိုင်ယူနိုင်ခဲ့ တာ (၀ါ) ပွဲပြတ်သွားခဲ့ တာ မရှိခဲ့ ဘူး ဓမ္မက အသာစီးရလိုက် အဓမ္မက အသာစီးရလိုက်နဲ့ အမြဲဖြစ်နေတဲ့  လူ့ သမိုင်းစဉ်ကြီးသဘောပဲ...ဓမ္မဖြစ်စေ အဓမ္မဖြစ်စေ အနိုင်ရရ အရှုံးဖြစ်ဖြစ် ယာယီ သဘောတွေသာတွေ့ ရတယ်...ဒီသဘောဟာ လူ့အဖွဲ့ အစည်းကြီး တစ်ခုလုံးသဘောတရားမျိုးပဲ...တစ်ဦးချင်း သဘောမှာတော့  ကိုယ့် အလိုအတိုင်းပဲ ကိုယ့် အတွင်းစိတ်မှာ ဓမ္မစိတ်က အဓမ္မစိတ်ကို ပွဲပြတ်အနိုင်ယူချင်သလား ရတယ် နည်းတွေရှိတယ်လို့ တော့  တွေ့ နိုင်တယ်..။

အင်ပါယာရှင်တွေရဲ့ လက်ထဲမှာ...
---------------
ဂျီးဆက်ရဲ့ ဘ၀အဖြစ်အပျက်တွေထဲမှာ သူ့ အယူဝါဒကို မယုံကြည်တဲ့ အင်ပါယာပြည့် ရှင်တွေရဲ့  အပြစ်ဒဏ်ပေးတဲ့ အခန်းကို အာရုံ အကျခဲ့ ဆုံးပဲ...၊ သူ ယုံကြည်တဲ့ အယူကို သူကိုယ်တိုင် အသက်စွန့် ပြီး ကိုင်စွဲသွားတယ်၊ သူ့ ကိုယ်စီရင်မယ့် ကားစင်ကို ကိုယ်တိုင်ထမ်းပြီး လုပ်တိုင်းကုန်းကို သယ်သွားတယ်။ သိပ်ကို ကရုဏာသက်မိရတဲ့ အခန်းပေါ့ ၊

ဒါပေမယ့် ဂျီးဆက်ရဲ့ သာဝကကြီးတွေရဲ့ ဆက်ပြီးထိမ်းသိမ်းမှု့ နဲ့  အဲ့ တုန်းက ဂျီးဆက်ရဲ့ အယူဝါဒကို အသက်စွန့် ပြီး ဆက်လက် ယုံကြည်သူတွေကြောင့် ဂျီးဆက်ရဲ့ အယူဝါဒဟာ သူတို့ ကို ဆန့် ကျင်ရင် သတ်ပစ်တတ်တဲ့  ရက်စက်တဲ့ အင်ပါယာရှင်ရဲ့ အာဏာ စက်အောက်မှာ ပုန်းလျှိုးကွယ်လျှိုးနဲ့ ရှင်သန်ခဲ့ ရတယ်၊

နောက်တော့ အဲ့ ဒီအင်ပါယာရှင်တွေ ကိုယ်တိုင်ပဲ ယုံကြည်သက်ဝင်သူတွေဖြစ်လာပြီး သူတို့ နှိပ်ကွပ်ပစ်ခဲ့ တဲ အယူဝါဒတွေကိုပဲ ဦးဆောင် ဖြန့် ဖြူးပေးသူတွေ ဖြစ်လာတာ ကမ္ဘာ့ သမိုင်း
ကြောင်းအရမြင်ရတယ်၊ အဲ့ တော့ အယူဝါဒဟာ ကမ္ဘာတစ်ဝှမ်းကို ပိုပြီးကျယ်ကျယ်ပြန့် ပြန့်  ပျံ့ နှံ့ သွားတော့တာတွေ့ နိုင်တယ်..၊ တစ်ခြားအယူဝါဒတွေမှာလည်း ထိုနည်း၎င်းတွေ များတာတွေ့ နိုင်တယ် အာဏာရသူတွေရဲ့  သက်ဝင်ယုံကြည်တဲ့ အယူဝါဒဟာ မူလ အနေအထားထက်ပိုပြီး ကျယ်ပြန့် ပျံ့ နှံ့ သွားတာတွေ့ ရတာ...အာဏာရသူတွေ ဖြန့် ဖြူးပုံက နည်းစုံပါပဲ အဲ့ အထဲမှာ လက်နက်အာဏာနဲ့ ဒေသတစ်ခုကိုသိမ်းပိုက်ပြီး သူတို့ ယုံကြည်သက်ဝင်တဲ့ အယူဝါဒကို ဖြန့် ဖြူးတာလည်းပါတယ်..

အယူဝါဒကြီးတွေ ပိုပြီးကျယ်ပြန့် သွားတာဟာ သာမန်အုပ်ချုပ်ခံတွေစွမ်းအားထက် အင်ပါယာရှင်တွေရဲ့ လက်ချက်က ပိုကျယ်ပြန့် သွားစေသလို အယူဝါဒတွေ ကျဆုံးပျောက်ကွယ်သွားတာကလည်း သာမန်အုပ်ချုပ်ခံတွေ လက်ချက်ထက် လက်နက် အာဏာအသာစီးရပြီး ဒေသတစ်ခုကို သိမ်းပိုက်လိုက်တဲ့  အင်ပါယာရှင်တွေရဲ့ နှိပ်ကွပ်မှု့ ကြောင့်  အယူဝါဒတစ်ခု ကျဆုံးသွားတာ (သို့ ) မှေးမှိန်သွားတာ (သို့ ) ပုန်းလျိုး ကွယ်လျှိုးဘ၀ကိုရောက်သွားတာမျိုးတွေ့ နိုင်တယ်...သဘောက ဒေသကြီးတစ်ခုမှာ အယူဝါဒတစ်ခု တည်တံ့ ခိုင်မာဖို့ ဟာ အုပ်ချုပ်သူတွေရဲ့  ယုံကြည်သက်ဝင်တဲ့ အယူဝါဒဖြစ်မဖြစ် က အတော်အရေးပါတဲ့ သဘောမှာရှိတာ ကမ္ဘာ့ သမိုင်းစဉ်အရ တွေ့ ရတယ်ပေါ့ လေ...အဲ့ အထဲမှုာ ထူးခြားတစ်ချက်က အယူဝါဒ တစ်ခု (သို့ ) ပေါ်ထွန်းပြီးသား အတွေ့ အခေါ်တစ်ခုဟာ ကမ္ဘာမြေပေါ်က လုံးဝ ပပျောက်သွားတာမျိုး နဲလွန်းတယ်ဆိုတာမျိုးပဲ...ဥပမာ ကမ္ဘာကို တုန်လှုပ်စေခဲ့ တဲ့ နာဇီဝါဒ ဖက်ဆစ်ဝါဒ ဟာ အပြီးတိုင်ချုပ်ငြိမ်းမသွားဘူး နှစ်သက်သူတွေ ရှိနေဆဲဆိုတာတွေ့ နိုင်တာမျိုးပဲ.....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..