အိမ် နဲ့ ကွန်ဒိုတွေ တိုက်ခန်းတွေ ရောင်းချင်တဲ့ အခါ..
------------
ဗေဒင်မှာ အခေါ်ပညတ်ဟာ ယတြာအတွက် အရေးပါတဲ့ သဘောရှိပါတယ်..၊ ဒီတော့  အိမ်ရောင်းတဲ့ ယတြာနဲ့ ကွန်ဒို တိုက်ခန်း ရောင်းတဲ့ ယတြာဟာ အခေါ်မတူလို့  ယတြာ မတူဘူးဖြစ်သွားပါတယ်၊ ယေဘူယျသဘောက လုံးချင်းအိမ်တွေ လှိုင်သာယာလိုနေရာမျိုးက အိမ်အများစုဟာ အများစုခေါ်သလို အိမ် သဘောဖြစ်ပြီး မြို့ ထဲက ကန်ထရိုက်တိုက်တွေ ကွန်ဒိုတွေကိုတော့  အများစုခေါ်သလို ကွန်ဒိုခန်း တိုက်ခန်းလို့  နံ၂ လုံးတွဲခေါ်ကြပါတယ်...။ တစ်ချို့ မေးသူတွေဟာ မြို့ ထဲက အိမ်ခန်းရောင်းချင်လို့ ပါ လို့ ဆိုလာလို့  ဒီနေရာမှာ ဗေဒင်ဆရာက ဘယ်နေရာလဲလို့  စေ့ စေ့ ပေါက်ပေါက်ပြန်မေးလိုက်တော့ မှ လမ်း၃၀
က ဘယ်နှစ်လွှာက လို့  စသဖြင့်  ပြန်ဖြေတော့ မှ တိုက်ခန်း ရောင်းချင်တာကို သိလိုက်ရလေ့ရှိပါတယ် ဒီအခါ ဗေဒင်ဆရာက ကိုယ့် စိတ်ထဲကနေ အိမ် အစား တိုက်ခန်း ဆိုတဲ့ ပညတ် ကို ပြောင်းယူပြီး တိုက်ခန်းရောင်းတဲ့  ယတြာကို ပေးလိုက်ရပါတယ်.. ပို ဓါတ်မိသွားအောင်ပေါ့ လေ...
အိမ်..
---
အိမ် ကို တနင်္ဂနွေ နံ လို့  ဒဲ့ ကောက်ပါတယ်...ဒီတော့  တနင်္ဂနွေနံရဲ့  ဓါတ်မိတ် ကြာသာပတေးနံ + စနေနံ အတွဲ ဖြစ်တဲ့  ပိတောက်ညွန့်  ၁၂ ညွန့် နဲ့  အိမ်ရဲ့  နံတူ အုန်း၁ညွန့် ကို တနင်္ဂနွေနေ့ တိုင်း အပြင်ဘုရားတစ်ဆူဆူရဲ့ တနင်္ဂနွေထောင့် မှာ တစ်ပါတစ်ကြိမ် ၃ ပတ်(သို့ ) ၅ပတ် ဆက်လှုပါ..၊ လှုတဲ့ အခါ လက်ထဲမှာ အညွန့် တွေကိုင်ပြီး ရောင်းချင်တဲ့ အိမ်လိပ်စာ ( ဘယ်မြို့ တယ် ဘယ်လမ်းက အိမ်နံပတ် ဘယ်လောက် အမြန်ရောင်းထွက်ပါစေပေါ့  ) ကို စိတ်ကပြော ဆုတောင်း ပြီး လှုလိုက်ပါပေါ့ .တနင်္ဂနွေနေ့  မနက်ပိုင်းလေး (သို့ ) ညနေစောင်းလေး သွားလှုပါပေါ့ ..။
အိမ်မှာလည်း တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ပိတောက်အရွက်ချည်းပဲ ၁၂ ရွက်ကို ပိုက်ဆံထပ်သလိုထပ် ဖန်ခွက်ထဲထောင်ထည့်  ရေနဲနဲထည့်  ဘုရားပန်းကပ်သလိုကပ် ၊ ပေါင်မုန့် ထောပတ်သုတ်လေး တစ်ချပ်ပါကပ်..ရောင်းမယ့် အိမ်လိပ်စာ တော့ ဆုတောင်းပြီး ပြောကပ်ပါပေါ့ ...အိမ်က ပိတောက်ရွက်ဖန်ခွက် မစွန့် နဲ့ တစ်ပတ်လုံးလုံးသာလှုထား နောက်အပတ် တနင်္ဂနွေနေ့ မှ အရွက်ဟောင်းစွန့်  အရွက်အသစ်လဲပါပေါ့  ၃ပတ် (သို့ ) ၅ပတ် ဆက်လှုပါပေါ့ ...ပေါင်မုန့် ထောပတ်သုတ်ကတော့  ကြားရက်တွေမှာလည်း အဆင်ပြေသလို လှုပေးလို့ ရပါတယ်ပေါ့ ...
ဒီ အပြင်ဘုရားမှာ လှုတာနဲ့  အိမ်မှာလှုတာကို တွဲလုပ်ရင်လည်းရသလို အပြင်ဘုရားမသွားနိုင်လို့ ဆိုရင်လည်း အိမ်ဘုရားမှာလှုထားတာလည်း အလုပ်ဖြစ်တာပါပဲ
ဘာအရွက်မှ မရှိပါဘူးဆိုရင်လည်း ပေါင်မုန့် ထောပတ်သုတ် တစ်ချပ် (သို့ ) ပေါင်မုန့် နို့ ဆမ်းတစ်ချပ်သာ ရောင်းမယ့် အိမ်လိပ်စာပြောပြီးသာ ခဏခဏကပ်ဆုတောင်းပေးတော့ ပေါ့ လေ...ဒါဟာ ဆိုက်အဖက်မရှိတဲ့  အိမ်ရောင်းယတြာပါပဲဗျာ...
တိုက်ခန်း ကွန်ဒို
--------------
ဒီ ၂ နံ တွဲမှာ အဓိပ္ပါယ်ပညတ် တစ်မျိုးထဲထွက်တဲ့  အခန်းတွေ ရောင်းတဲ့ အခါမှာ အများဆုံးသုံးပြီး အလုပ်ဖြစ်ဖြစ်သွားတဲ့ ပစ္စည်းက ရောင်းချင်တဲ့ တိုက်ခန်း (သို့ ) ကွန်ဒိုခန်း ရဲ့  တနင်္လာနံ + စနေနံ ၂ မျိုးစလုံးပါတဲ့  ဒိန်ချဉ်တစ်ခွက် မနက်တိုင် အိမ်ဘုရားမှာကပ်ပြီးဆုတောင်းစေတာပါပဲဗျာ..အဲ့ လိုကပ်ခိုင်းရင် တစ်ပတ်လောက်တော့ နေ့ စဉ်ကပ်ပါပေါ့  အိမ်ရောင်းသလိုပဲ ရောင်းမယ့် လိပ်စာလေးပြောကပ်ပါပေါ့ ...ဒိန်ချဉ်မှာလည်း ဒိန်ချဉ်ဖြစ်ရင်ပြီးတယ် ဗမာဒိန်ချဉ်ရရ ထန်းလျက်မပါတဲ့ ဒိန်ချဉ်ဖြစ်ဖြစ် ဗူးနဲ့ လာတဲ့ ဒိန်ချဉ်ပဲဖြစ်ဖြစ်ပေါ့ ..
အပြင်ဘုရားကို သွားခိုင်းလို့  လွယ်ရင် သွားနိုင်တယ်ဆိုရင် တနင်္ဂနွေနေ့ တိုင်းတနင်္ဂနွေထောင့် မှာ...ဒန်းကြီး ၉ညွန့်  (သို့ ) ဒန့် ကျွဲ ၈ညွန့်  (သို့ ) ဒန်း၇ညွန့် + ကံ့ ကော်၂ ညွန့် နဲ့  ဘုရားမှာရောင်းတဲ့ (ဆူးချွန်လေးတွေလိုပါတဲ့ နာနတ်သီးတံခွန်လုံးတစ်လုံး (သို့ ) မရရင် ရိုးရိုးတံခွန်လုံးတစ်လက် ရောင်းမယ့် လိပ်စာပြောဆုတောင်လှုပါပေါ့  ၃ ပတ်တော့ သွားလှုပါပေါ့ ... ဒီယတြာနဲ့  အပေါ်က ဒိန်ချဉ်တစ်ခွက် ယတြာတွဲလို့ ရပါတယ်..
( ဗေဒင်ယတြာရဲ့ အလုပ်ထဲမှာ ဈေးနှုံးကိစ္စက ဗေဒင်ဆရာနဲ့ မဆိုင်ပါဘူးလို့ ယူပါတယ်..ဗေဒင်ယတြာရဲ့ အလုပ်က ၀ယ်လက်တွေ စိတ်ဝင်စားလာအောင် လာလာကြည့် အောင်လုပ်ပေးလိုက်တာပါပဲ. .ကြိုက်ဈေးမရလို့  အင်နေတာဟာ ရောင်းသူရဲ့ ကိစ္စပါ...နောက်တစ်ချက်က ခေါ်ဈေးတစ်မျိုး ၀ယ်သူတွေလာမှ တက်ရိပ်ရှိတယ်လို့  သတင်းကြား လောဘကပ်ပြီး ဈေးတက်တက်ပြောင်းခေါ်နေတာကလည်း ဗေဒင်ယတြာနဲ့ မဆိုင်ဘူးလို့ ပဲယူတယ်..
နောက်တစ်ချက်က ပိုင်ရှင်ရဲ့ သက်ရောက်ဂြိုလ် အကောင်း အညံ့ က အထွက် နဲနဲကြာတာ မြန်မြန်ထွက်တာကို စကားပြောပါတယ်..နောက်တစ်ချက်က ပိုင်ရှင်ရဲ့ သက်ရောက်အညံ့  ဆိုရင် ကာလပေါက်ဈေးအောက် နဲနဲ လျှော့ ရောင်းမှ ထွက်တယ် ဒါတောင် ငွေချန်သူတွေ နဲ့ တိုးတတ်လို့  ငွေချန်ရင် စာချုပ်ခိုင်ပါစေပေါ့  သက်ရောက်ကောင်းဖြစ်နေတဲ့ ပိုင်ရှင်ရောင်းရင်တော့  ကာလပေါက်ဈေးအတိုင်းရတယ် ပိုကံကောင်းရင် ပိုဈေးရတတ်ပါတယ်)
ဒီယတြာတွေကို ပေးတဲ့ အခါမှာ မရောင်းရမချင်း လုပ်နေပါမဟုတ်ဘူး...၅ပတ်ထက်တော့  ပိုမလုပ်နဲ့  ရပ်လိုက်ပါလို့  မှာပါတယ် ရပ်လိုက်ပါလို့ မှာရတာ အကြောင်းရှိပါတယ် ယတြာသဘောက ဒီလောက်လက်ပေါက်ကပ်စရာအကြောင်းမရှိဘူး အလုပ်ဖြစ်လွယ်တယ် ဒါပေမယ် ဒီလို လွယ်ရမယ့် ကိစ္စ ခက်နေပြီ တင်းခံနေပြီဆိုရင် ဒီ ပစ္စည်းဟာ ပြဿနာတစ်ခုခု ရှိနေပါပြီ အထွက်ကောင်းသဘော မဖြစ်နိုင်သေးဘူး (သို့ ) ရောင်းချိန်မကျသေးဘူး လို့ ယူပါတယ် တစ်ပတ် နှစ်ပတ် တစ်လ စသဖြင့် ပစ္စည်းရောင်းယတြာတွေ မလုပ်သေးပဲ အချိန်ခဏပြန်စောင့် ခိုင်းပါတယ်...စောင့် ပြီးမှ ယတြာပြန်လုပ်ချင်လုပ်ပေါ့ လေ..ဒါကို မစောင့် ပဲ ဇွတ်လုပ်ရင် အိမ် (သို့ ) ပိုင်ရှင် (သို့ ) ပိုင်ရှင်ရဲ့ မိသားစုတွေ တစ်ခုခုမှာ မကောင်းမှု့ တွေ ကြုံလာတတ်တဲ့ သဘောရှိပါတယ်.အကြောင်းက အိမ်တို့ ကွန်ဒိုတွေ တိုက်ခန်းတွေဟာ ပိုက်ဆံရှိတိုင်း ပိုင်ခွင့် ရတဲ့ ကိစ္စတွေမဟုတ်ဖူး အတိတ်ကံသဘောပါတယ်၊ အတိတ်ကံက ပိုင်ခွင့် ကံ ရှိမှသာ ပိုင်ခွင့် ရနိုင်ပါတယ် ပြီးတော့  လှုပ်ရှားပစ္စည်း ဖြစ်တဲ့  ကား သဘောနဲ့ မတူဘူး အငြိမ် အခိုင်ဖြစ်တဲ့  မြေစိုက်ပစ္စည်းတွေဖြစ်လို့ ပါပဲဗျာ....
ဒီလို အိမ်တွေ တိုက်ခန်းတွေ ရောင်းဖို့ ယတြာပေးတဲ့ အခါမှာ တစ်ယောက်တစ်ပေါက်ဖြစ်နေတဲ့  အမွေဆိုင်တွေ ပတ်သက်နေတဲ့  အိမ်တွေ တိုက်ခန်းတွေရောင်းရတာ အခက်ဆုံးပါပဲ ...အားလုံးသဘောညီနေရင်တော့ မခက်ပါဘူး..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..