
တိုက်စစ် န၀င်းရိုက်ခြင်း
----------
ဗဟုသုတအဖြစ်ပါ၊ ရှိတယ်လို့ ပြောပြတာပါ..အသိနဲပါတယ်၊ ဆရာကြီးလက်ထွက်ပါ၊ ဆရာ့ ဆီကတစ်ဆင့် ရတာပါ၊ ဒါပေမယ့်  အရွက်တွေနဲ့ ရိုက်ပေးရတဲ့ သူက ခေါင်းတွေမူးဖတ်ဖတ်တွေမောကျန်ခဲ့ လို့  တော်ယုံနဲ့ မလုပ်တော့ သလို အသုံးနဲသွားတဲ့ ဘ၀ကိုရောက်သွားပါတယ်...
ပုံမှန်အများသူငါ ကြားဖူးမြင်ဘူးနေတာက ထိုင်တယ် ပြီးရင် ခြေဆန့် ခြေဆင်းထိုင်ပြီး ငယ်ထိပ်ကနေ ခြေဖျားအထိ အရွက်တွေနဲ့ သပ်ချတဲ့  န၀င်းထိုင်တဲ့ စတိုင်ပါ
အဲ့ ဒါက ပုံမှန်အခြေအနေတွေသဘောမှာ မြင်နေကျ လုပ်နေကျစတိုင်ပါ..
အခုကတော့  ရက်ပိုင်းအတွင်း (သို့ ) တစ် နေ့ တာအတွင်း (သို့ )နာရီပိုင်းအတွင်း အရေးကြီးကိစ္စတစ်ခုခု ဖြေရှင်းရဖို့ ရှိနေတဲ့ အခါ ( ရိုက်ပေးမယ့် ဆြာကလည်း အရေးကြီးပုံရတယ်လို့ ထင်မြင်တဲ့ အခါ) န၀င်းအရိုက်ခံမယ့်  လူကို မတ်တတ်ရပ်ပြီး ငယ်ထိပ်ကနေ ခြေခုံပေါ် အထိ လက်ယျာရစ် ခရုပတ်ကြောင်လိမ်လှေကားဆင်းသလို ခပ်ဖြေးဖြေး ရိုက်ဆင်းချသွားတာပါပဲ. .အဆုံးသပ်ပုတ်ပေးလိုက်တာက ခြေဖျား ခြေခုံပေါ်မှာပါ...
ဒီစတိုင်မှာ အရွက်ခင်ကျင်းမှု့ စတိုင်က (၁) ဆောင်ပန်းနင်းကြမ်း ၊ (၂) ဆောင်ပန်းနင်းကြမ်း+ခိုက် (ဒါကို ခိုက်ပါဖြုတ်ပေးလိုက်တာလို့  ခေါ်ပါတယ်)၊ (၃) တြင်းန၀င်း ပါ..။
(၁) ဆောင်ပန်းနင်းကြမ်းဆိုတာ ဥပမာ စွယ်တော် အတွဲရတဲ့ ကြာသာပတေးသားဆိုရင် ရိုက်တာက ဇော်စိမ်း ၈ရွက်ကို တစ်ပြိုင်နက်ထဲစုပြုံကိုင်ပြီး ပတ်လည်ရိုက်ဆင်းသွားတာပါ အဲ့ အချိန် ခြေဖ၀ါးအောင်မှာ ဒါန်း ၁၀ညွန့် နင်းထားတယ်ပေါ့ လေ.. လူရပ်နေတဲ့  ရှေ့ မှာတော့  မွေးနံကိုယ်စား ပျဉ်းမ ၁ညွန့်  ကိုကန့် လန့် ချထားပါတယ်...ခြေမန်းကွင်းက တစ်ကွင်းပါ။....ရိုက်ပြီးတော့  ( ဆောင်ပန်း+နင်းကြမ်း+မွေးနံ)ကို ခြေမန်းကွင်းတစ်ကွင်းထဲ စုချုပ်ပေါ့ လေ
(၂) ဆောင်ပန်းနင်းကြမ်းတုန်းက ခြေမှာနင်းတဲ့  ဒန်း၁၀ညွန့် ကို ခြေဖ၀ါး ၂ဖက်မှာ မျှနင်းထားစေပေမယ့်  (ခိုက်ညွန့်  ရွက်လှ ၄ ညွန့်  ထည့် ပြီဆိုတဲ့ အခါ ဘယ်ခြေဖ၀ါးအောက်မှာ နင်းကြမ်း ဒါန်း ၁၀ညွန့် ၊ ညာဘက် ခြေဖ၀ါးအောက်မှ ခိုက် ရွက်လှ ၄ညွန့်  နင်းထားတာမျိုး ဖြစ်ပါတယ် ဒါလည်း ခြေမန်းကွင်းတစ်ကွင်းပါပဲ။
(၃) တြင်းန၀င်းကတော့  ဥပမာ အမြစ်အညွန့် အလယ်တွဲ ( ရွက်လှ+ သီဟို ) လောက်သေ အတွဲ နဲ့ ရိုက်တဲ့ အခါ.....အညွန့် သက်သက် သီဟို ၂၁ ရွက်နဲ့  ရိုက်ပါတယ်...ကြာသာပတေးရဲ့  တြိစတု အတွဲ အုန်းနဲ ညွန့်  ၈ ညွန့် က အနင်းပါ...( အုန်းနဲမရရင် အုန်း ၆ + ဒါန်း၇ ) ပါ...ဒါကို နင်းရိုက်တာပါပဲ...တြင်းန၀င်း အညွန့်  (၂) + တြိ (၃) + စတု (၄)= ၉န၀င်း ဓါတ် ဖြစ်သွားလို့ ပါပဲ..။ (အခါတိုင်ရဲ့ အခေါ်တွေ နမူနာတွေအများစုမှာ နေရာ သဘောကို တနင်္ဂနွေတိုင်ကို နမူနာထပြလေ့ ရှိပါတယ်..အရေအတွက်တွေ နံသင့် တွေကတော့ မတူပါဘူး ဂုဏ်ကိုယူတာပါ...ဥပမာတနင်္ဂနွေရဲ့  အလယ်တွဲ အညွန့် က ကံ့ ကော် ဖြစ်ပေမယ့် စနေရဲ့ အညွန့် က အုန်းညွန့် ..၊ တနင်္ဂနွေရဲ့  တြိရန်း အညွန့် က ဇော်စိမ်း ဖြစ်ပေမယ့်  စနေရဲ့ တြိရန်းက ကံ့ ကော်ညွန့် ၊ တနင်္ဂနွေရဲ့  စတုရန်းအညွန့် က ရွက်လှ
ဖြစ်ပေမယ့်  စနေရဲ့ စတုရန်းအညွန့် က ဇော်စိမ်းအညွန့်  ဖြစ်သွားပါတယ်..
ဒီလို လူကို ဖင်ချတင်ပြင်ခွေပြီး န၀င်း မထိုင်စေတော့ ပဲ လာတာနဲ့  စီစဉ်ထားတဲ့  အရွက်တွေပေါ်မှာ တက်နင်း မတ်တတ်ရပ် ခြေမန်းကွင်းတစ်ကွင်းကောက်စွပ်ပြီး ငယ်ထိပ်ကနေခြေဖျားကို ပတ်လည်ရိုက်ပေးလိုက်တာကို သုံးတဲ့ နေရာတွေထဲမှာ နာရီပိုင်းအတွင်းခရီးသွားတော့ မယ့် သူ ရုံးသွားတော့ မယ့် သူ ပြဿနာသွားရှင်းတော့ မယ့် သူ စသဖြင့်  နေ့ ချင်းအတွင်း ၁ရက်၂ရက်အတွင်း ကိစ္စတစ်ခုခု ရှိတဲ့ သူတွေကို တပွဲတိုးစတိုင်အဖြစ် ရိုက်ချလိုက်တာမျိုးမှာသုံးတာ
မျိုးဖြစ်ပြီး အများအားဖြင့်  န၀င်းပွဲ ပါလေ့ မရှိပါဘူး အခါတိုင်မှာ အပေါ်ရောက်နေရင်ပြီးတာပါပဲ...ဒါကို တိုက်စစ်န၀င်းရိုက်တဲ့ သဘောလို့ ဆိုနိုင်ပါတယ် ဓါတ်သက်ရောက်မှု့ ကမြန်ပါတယ် ( အများအားဖြင့်  အဲ့ လို ပတ်လည်န၀င်းရိုက်ပေးလိုက်ရင် အရိုက်ခံသူဟာ အရင်ဆုံး သိသာသွားတာက စိတ်မြန်လာတယ်ဆိုတာပါပဲ ဒါကို သူကိုယ်တိုင်သိနေတာမျိုးပါ)..( စနေသကရောက် စနေလစိတ်မျိုးမျာတော့  သုံးမပေးပါဘူး အနဲဆုံးလစိတ်အကောင်းသဘောရှိမှသုံးလေ့ ရှိပါတယ်...
ချုပ်လိုက်ရင် ရိုက်တဲ့ သူက လူ့ ကိုယ်တစ်ပတ် ကြောင်လိမ်ဆင်း ရိုက်ပေးရတဲ့ အခါ ကိုယ့် ဘော်ဒီ ပင်ပမ်းလို့  မလုပ်ပေးဖြစ်တော့ တာ များသွားပါတယ်ဗျား...ဒါကြောင့်  ဒီလိုနည်းပညာတွေ ရှိပါတယ်လို့ သာ ရေးပြတာပါပဲ...အဲ အခုလိုဖတ်ရတော့  အနဲဆုံး ဗဟုသုတတွေရ ကြားဖူးတယ် ဖတ်ဖူးတယ်တော့ ရသွားမှာပေါ့ နော်..
ပယောဂအပါအ၀င်ဘာတိုက် ညာတိုက် ဆိုတဲ့  အတိုက်တွေကို ပြန်တိုက်ပစ်တဲ့  '''ဒဏ်ပြန် '' အရွက်ရိုက်တဲ့ နည်းလည်းရှိပါသေးတယ်...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..