RC 2 မှာ တက်ခဲ့ တုန်းက အမှတ်တရလေး ကျောင်း ဂလု မှာ သွားရေးထားတာလေးပြန်သယ်လာတာ..ငိငိ
Na Win Thi Ha
September 6 at 5:55am · Edited
ရှစ်စရာလေး တဲ့ 
------------
RC 2 ကျောင်းသားဘ၀ လွမ်းမောစရာ အမှတ်တရ အဖြစ်တွေထဲ အမှတ်တရတစ်ခုက အဲ့ ကျောင်းရောက်မှ ကြားဖူးတဲ့ အသုံးအနှုံး ၂ ခုပဲဗျ..တစ်ခုက နယ်က သူငယ်ချင်း က ချစ်စရာလေး ကို ရှစ်စရာလေးလို့ ပြောလိုက်တာလေး....ကြားခါစက ရယ်လိုက်ရတာဆိုတာ သူ ကိုယ်က စကား မပီတာလားလို့ ထင်မိသေးတာ. ဘော်ဒါက ပြောပြီးမှ ရယ်ကျဲကျဲ နဲ့  ငါတို့ ဘက်မှာ အဲ့ လေသံပဲ ထွက်လာတာ နှုတ်ကျိုးနေပြီတဲ့ ..နောက်တော့ နားယဉ်ပြီး သဘောကျသွားတယ်..သူ့ လေမိပြီး ...ချစ်တယ် ကို ရှစ်တယ်ချည်းလုပ်တော့ တာ. အဟီးးး:P 😁😁 .။
နောက်တစ်ယောက်က လည်း ကိန်းတွေရေတော့ အသုံးတစ်မျိုးနဲ့ ကြားရပြန်ပါရောဗျာ သူ့ ဟာသူသတိထားရင် ပုံမှန်ပဲ သူတို့ ဒေသဓလေ့ စိတ်နဲ့ လွတ်လွတ်လပ်လပ်ဆို တစ်မျိုးဖြစ်သွားတာ ပထမ အဆန်းကြီးပေါ့  နောက်တော့  ချစ်စရာ့ အသုံးလေးတွေ ဖြစ်သွားတယ် ခုနှစ်ကို ခွင် လို့ အသံထွက်တာဆယ့် ခွန် ဆို ဆယ့် ခွင် ခွန်ခွန် ဆို ခွင်ခွင် လို့  ထွက်တာ..ဟီးး. tongue emoticon .အဲ အဲ့ လို ချစ်ဖို့ ကောင်းတဲ့  ဒေသသုံးလေးတွေကြောင့် ပဲ ဘော်ဒါကဏ္ဍတွေကြားမှာ အကန့် တွေမရှိတော့ ပဲ ငယ်ပါင်း စတိတ်ပေါင်းတွေလို လွှတ်ရင်းနှီးကုန်ကြတော့ တာပါပဲဗျာ... :P 😁😁 .
Like Comment Share Translate
----------------------------
မန့် ...သန်းထွန်း ဆိုလဲ သန်းထွင်း တဲ့...ဟီး
· September 6 at 6:07am
========
မန့် ...ကျနော်တို့မြင်းခြံနယ်ဘက်မှာ နသတ်ကို ငသတ်အသံထွက်ကြပါတယ် ကျနော်ကိုတိုင်အဆောင်မှာမောင့်လပြည့်ဝန်းသီချင်းကို မောင့်လပြည့်ဝင်းလို့ဆိုမိလို့သူငယ်ချင်းတွေဝိုင်းရယ်ကြတာအမှတ်တရလေးတွေပါ
Like · Reply · 2 · September 6 at 9:52pm
==========
မန့် ...ထမင်းစားတော့
ဟင်းကိုတစွင်းနှစွင်း
ပေးလို့ပြောတာကော
· September 6 at 10:35pm
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..