Powered By Blogger

Saturday, September 12, 2015

ကားသစ် ငြီးကြပါ ဦးပုဏ္ဏား



ကားသစ်
--
ကားသစ်တွေ အကြောင်းပြုပြီး ဘ၀မှာ တုန်လှုပ်စရာကောင်းတဲ့  ကိစ္စ ၂ ခု စွဲနေအောင်ကြုံဘူးတယ် တစ်ခုက ဆရာနဲ့ ၊ နောက်တစ်ခုက ကိုယ်တိုင်မျက်စိအောက်မှတင်...
ကိုယ်တိုင်ကတော့  တစ်နှစ်ကကြုံတာ....လမ်းထဲမှာ အတော်လေးရင်းနှီးတဲ့  လင်မယား စုံတွဲရှိတယ်...သူတို့ ကအောက်ထိပ်  ကျနော်တို့ က အပေါ်ထိပ်
ကျားက ကားဝယ်ရောင်း နဲ့ ပွဲစား အဲ့ ကာလက  ၀ယ်ရောင်း ပွဲစားလုပ်ရယုံတင်မကဘူး ရန်ကုန်က ကားကို မန္တလေး အ၀ယ်သမားအထိတောင် လိုက်တက်ပို့ ပေးနေရတဲ့ အချိန်...



အဲ့ မနက်က အဲ့ လင်မယား ကားသစ်လေးနဲ့ အိမ်ရှေ့ ဖြတ် ခဏရပ်ပြီး လှမ်းနှုတ်ဆက်တယ်..စောစောစီးစီး စုံတွဲခုတ်..ဘယ်ဒုံး ဆိုတော့  မန္တလေး...ဒီတစ်ခါ မိန်းမပါ ခေါ်သွားတာ  ဘုရားစုံဖူး အမျိုးအိမ်လည်လေ...ဒီတစ်ခါ ကားက ဂွတ်တယ်..တဲ့ ..ပျော်စရာကြီးပေါ့  ကလေးတွေတောင် မခေါ်သွားဘူး ၂ ပွေထဲလစ်မယ်ပေါ့  ဆိုတော့ ..ဟီးဟီးဟဲဟဲနဲ့ ပေါ့ ..လစ်ချသွားတယ်..သူ့ မိန်းမက အိမ်တွင်းပုန်း ခရီးမထွက်သလောက်ဆိုတော့ ပျော်နေပုံရတယ်..ပြုံးလို့ ....

နေ့ ခင်းမှာ လမ်းထဲ သတင်းပျံ့ လာတယ်...အမြန်လမ်းမှာ ကားဂန့် ပြီး ၂ ယောက်စလုံး ဂန့် သလိုလို တစ်ယောက်အရင် ဂန့် သလိုလို....နောက်တော့  ၂ ယောက်စလုံး ပဲ ဂန့် တာအတည်.......အတော်ဖြုံသွားတယ်...နေ့ မကူးပဲ လူရောကားရော ပျောက်သွားချက်က....လူတွေက ဒေါင်ဒေါင်မြည်ကြီးတွေ သေခြင်းနဲ့  ကိုယ်တွေနဲ့  ဘာမှမဆိုင်သေးလို့ ထင်နေရချိန်.....နောက်ပိုင်း ဖြေဆည်ရာ စကားလိုဖြစ်နေတဲ့  ဒီလိုမှန်းသိရင် ဒီခရီးကို ဒီကားနဲ့  ဘာညာဆိုတာ..တကယ့် ဘ၀တွေမှာ အသုံးမတည့် တော့ ဘူး..ပွဲက ပြီးပြီ...
---------------------------
 ငြီးကြပါ

ကျနော်တို့ ကျောင်းက ပြန်လာရင် ကားကျပ်လို့  အိမ်ရောက်တော့  ခြေပစ်လက်ပစ်ဖတ်ဖတ်တွေမောလို့  ဘာမှမလုပ်နိုင်တော့ ဘူး..ပင်ပမ်းလိုက်တာ အမေရယ်ပေါ့  .မအေက နင်တို့ ကျောင်းသွားတာ လယ်ထွန်ပြန်လာသလားတဲ့ ....အဲ့ ထဲက နမိတ်က...ခ်ခ်...အဲ ငါတို့ ငြီးချိန်လေးလည်းပေးပါဦးဟယ်တဲ့ ...

အလုပ်မှာကြုံရတယ်...၂၀ ၃၀ တွေ ငြီးချက်က  ခို တောင် နှုတ်ပိတ်သွားလောက်တယ်...ငါတို့ ထက်တောင် ငြီးချက်တွေကောင်း....လို့ ....တစ်ခါတစ်လေတော့ လည်းတွေးမိတယ်...၂၀ ၃၀ မှာကြုံရတဲ့ လောကဓံကို ဒီလောက် ခို ကျ နေရင် ၄၀တွေ ၅၀တွေမှာ ရင်ဆိုင်ရမယ့်  ဒိထက်ပြင်းထန်တဲ့  လောကဓံမျိုးတွေ ကြုံလာရင် ဘယ်လိုများ နေမှာပါလိမ့် ..လို့ ...

ဒါပေမယ့် ပေါ့ လေ....စိတ်ခံစားမှု့ဆိုတာ ရုပ်ဘော်ဒီနဲ့ ချိန်လို့ မှမရတာလေ...ငယ်တုန်းက လက်ဆောင်ရတဲ့ ဖေါင်တိန်လေး အတန်းထဲမှာ လေသလပ်ပြီး တရားခံမပေါ်ပဲပျောက်သွားတုန်းကဆို....ထမင်း ၃ ရက်လောက်မစားနိုင်ဘူး...( တစ်ခြားဟာတွေလျှောက်စားနေတာ..ငိငိ)....သဘောကတော့  စိတ်ခံစားမှု့ ဆို
တာ အရွယ်မရွေးပါဘူးပေါ့ လေ....အဲ့ တော့  ငြီးကြပါ ငြီးနိုင်သေးသ၍တော့  ငြီးကြပါ ငြီးကြပါပဲ...မငြီးပဲ ကြိတ်ခံနေရင် နှလုံးရောဂါစွဲတတ်တယ်လို့ စ်..ခ်ခ်ခ်
--------------------------------
ဦးပုဏ္ဏား
---
မိဘလက်ထက်က ပွဲရုံမှာ သက်တမ်းရင့်  အလုပ်လုပ်သွားတဲ့ ဦးလေးကြီးတစ်ယောက် သတိရလို့ တဲ့  အိမ်ဝင်လည်တယ်..ကျနော်တို့ က ဦးပုဏ္ဏားလို့ ခေါ်တယ်..အသက်မေးတော့  အခု ၇၄ နှစ်တဲ့ ..ဘော်ဒီကတော့ မကျသေးဘူး.သာကေတီးယားမှာ အရင်အိမ်ပဲတဲ့ ..တကယ့် လူထွားကြီးတွေ တောလီးဝုဒ် ရုပ်ရှင်တွေထဲက လူထွားကြီးတွေအတိုင်ပဲ

သူ့ ဆီက ပဲဟင်းတွေ ခဏခဏ ကပ်နှိုက်စားဘူးခဲ့ တာပေါ့ သူတို့ ပဲဟင်းက ကျနော်တို့ နဲ ကိုမတူဘူး...သီချင်းဆိုလည်း အရမ်းကောင်းတယ်..အလုပ်လုပ်ရင် သီချင်းလေးငြီးလုပ်တယ် မခိုမကပ် သစ္စာလည်းရှိ ရိုးကလည်းရိုးလို့  မိသားစုက သံယောဇဉ်တောင်ဖြစ်နေကြတယ်...အရင်က အဲ့ လိုတွေပေါ့ လေ...

အိမ်ကဓါတ်ပုံတွေကြည့် လိုက် မေးလိုက်စမ်းလိုက် ဘယ်သူဘာလုပ် ဘယ်မှာ အိမ်ထောင်ကျကုန်ပြီလား ၀မ်းသားလိုက်တာ ဘာညာတွေနဲ့  မျက်ရည်လေးက တစမ်းစမ်းပေါ့ ..သူကတော့  နားပြီတဲ့  ဆီးချိုဝင်နေပြီသွေးတိုးနေပြီတဲ့  ....သားသမီး ၈ ယောက် မြေး ၃၀...တဲ့ ...ဟားးးး..အမငီးးး....အဲ့ တော့ မှ ဖြုံသွားတယ်....အဟီးးး.....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..