Powered By Blogger

Saturday, September 12, 2015

'''သမိုင်းရဲ့ ဓားစာခံများ ''


 '''သမိုင်းရဲ့ ဓားစာခံများ ''
----
ဒဿနပညာနယ်မှာ '''သမိုင်းရဲ့ ဓားစာခံများ '' ဆိုတဲ့  အသုံးအနှုံးတစ်ခုရှိပါတယ်၊ သဘောတရားက ၀မ်းဘိုင်ဝမ်း သဘောမဟုတ်ပဲ ဒေသကြီးတစ်ခုလုံး နိုင်ငံကြီးတစ်ခုလုံး ကမ္ဘာကြီးတစ်ခုလုံး ကို အချိုးအကွေ့  ဖြစ်စေတဲ့  လူ (သို့ ) လူတစ်စု ကို ရည်ညွှန်းတာမျိုး...အဲ့ အချိုးအကွေ့ ဟာ ကောင်းဖို့  (သို့ )ဆိုးဖို့ သဘောဖြစ်တယ်၊ အဲ့ အချိုးအကွေ့ အတွက် မွေးဖွားပေးလာသလို  သူတို့ ကို သမိုင်းရဲ့ ဓားစာခံများ လို့ တင်စားလိုက်တာဖြစ်ပြီး အများအားဖြင့်  သမိုင်းရဲ့ ဓားစားခံတွေဟာ သူတို့ ကိုယ်သူတို့  သမိုင်းရဲ့ ဓားစာခံတွေ အဖြစ်မွေးလာကြောင်း မသိကြသလို တစ်ခြားတွေကလည်း သူတို့ ဟာ သမိုင်းရဲ့ ဓားစာခံတွ အဖြစ်လောကထဲရောက်လာသူတွေလို့  မသိနိုင်ဘူး...အဖြစ်အပျက်ကြီးတစ်ခု သူတို့ ကြောင့်  အချိုးအကွေ့ ကြီးတစ်ခုလို ဖြစ်သွားတော့ မှသာ အများက သူတို့ ကိုသိကြတော့ တာမျိုးဖြစ်လာပြီး သူတို့ ဟာလည်း သမိုင်းတွင်ကျန်ခဲ့ တဲ့ သူတွေ ဖြစ်ကုန်ကြတယ်..



ဥပမာ ၈၈ မတိုင်ခင် ပြဿနာအမျိုးစုံ ရှိနေပေမယ့်  သမိုင်းတစ်ဆစ်ချိုးကွေ့ အထိ ဘယ်သူမှ အိပ်မက်မမက်မိသေးဘူး.၊  လတ်တလော အကြောင်းအရင်းဖြစ်တဲ့ အာအိုင်တီကျောင်းသား နဲ့ ကောင်စီအကောင်တွေ ပြဿနာဖြစ်တာလဲ သမိုင်းတစ်ဆစ်ချိုး ဖြစ်လာမယ်လို့ မထင်မိကြသေးဘူး...ကျောင်းသား ကိုဘုန်းမော် ဂန်းရှော့  ဖြစ် ပစ်ချ အသတ် ခံလိုက်ရတော့ မှ တစ်ပြည်လုံးသွေးပွက်ပွက်ထဆူပြီး တစ်ပြည်လုံး ၈၈ထဲ ၀ုန်းဆို ၀င်ချလာတဲ့ အဖြစ်ရောက်သွားတော့ တယ်...အဲ့ ကိစ္စမှာ ကိုဘုန်းမော်ဟာ သမိုင်းရဲ့  ဓားစာခံ  အာအိုင်တီကျောင်းသားတွေက သမိုင်းရဲ့ ဓားစာခံများလို့ ဆိုတာ..

..အင်္ဂလိပ်ခေတ်ကဆိုလည်း ကျောင်းသား ကိုအောင်ကျော်ဟာ အင်္ဂလိပ်ကို တော်လှန်ဖို့  တစ်ပြည်လုံးကို တပ်လှန့် လိုက်သလို ဖြစ်သွားတဲ့  သဘောဖြစ်လာလို့  ကိုအောင်ကျော်ဟာ ကျောင်းသားသမိုင်းကို တစ်ဆစ်ချိုးဖြစ်စေခဲ့ တဲ့  သမိုင်းရဲ့ ဓားစာခံလို့ ဆိုတာ...ဆိုလိုတာက လူဦးရေ သန်းချီရှိတဲ့  အထဲမှာမှ သူတို့  (သို့ ) သူတို့ တွေဟာ သမိုင်းစဉ်ကြီးတစ်ခုလုံးကို အလှည့် အပြောင်းဖြစ်စေဖို့  နောက်ဆုံး သော့ ချက်တစ်ခုတွေ အဖြစ်မွေးလာကြသလိုပါပဲလို့ တင်စားတာမျိုးကို ဆိုလိုတာ...ဒီသဘောအရ  မြန်မာ့ နိုင်ငံရေးမှာ သမိုင်းစဉ်ကြီးတစ်ခုတစ်ခု အချိုးအကွေ့ တွေ ဖြစ်သွားဖို့ မှာ ကျောင်းသားလှုပ်ရှားမှု့ တွေဟာ သမိုင်းရဲ့  ဓားစာခံဘ၀တွေ လို့ ပဲလို့ ဆိုကြတာမျိုးပါ...


ဒီလိုပဲ နေကျပ်တွေ လကျပ်တွေ မြေပြိုတောင်ပြို ရေကြီး ဆူနာမီ စသဖြင့်  သဘာဝကပ်ဆိုးကြီးတွေဆိုတာ ၀မ်းဘိုင်ဝမ်းကံထက် သီးခြားဆန်တဲ့  လူအစုလိုက်အပြုံလိုက်အပေါ်မှာ (သို့ ) သီးခြား လူတွေ မိသားစုတွေ တစ်ချို့ အပေါ်မှာ သီးခြားသက်ရောက်မှု့ သာ ရှိတတ်ပြီး အများစုအတွက်တော့ုံမှန်ဘ၀အနေအထားမျိုးသာ ရှိတတ်ပါတယ် နေကျပ်လို့  လကျပ်လို့  ဆူနာမီဖြစ်လို့ စသဖြင့်  အဖြစ်အပျက်တွေကျရောက်ပေမယ့် လို့ နောက်မှာ စာဖွဲ့ လောက်အောင် ဘ၀အများစုကို ထူးခြားပြောင်းလဲသွားတာမျိုး ဖြစ်လေ့ မရှိပါဘူး..သဘောက သန်း၅၀ကျော် နဲ့ ချိန်ရင် လူဦးရေ ရာနှုံးနဲနဲလောက်ကိုသာ သက်ရောက်မှု့ ဖြစ်သွားတတ်တာမျိုးပါ...

ပြီးတော့ အဖြစ်ခံရမယ့် သူတွေကလည်း ဖြစ်လိမ့် မယ်လို့ ကြိုတင်မသိနိုင်ကြ မသိတတ်ကြပါဘူး..ပြီးတော့  အရှောင်ရခက်လွန်းတဲ့  သဘောလည်းရှိပါတယ်...ဆိုလိုတာက ဒေသအတွင်း ပုလိပ်ရောဂါလို ကပ်ဆိုးကြီးဆိုက်ရောက်လာချိန်မှာ ကပ်ဆိုးကြီးထဲမှာ ပါသွားမသွားဆိုတာ ကြိုတင်ပြီးသိနိုင်ခဲ့ တာမျိုးပါ  ဥပမာ အခုလို ၅ ကြွင်းနှစ် တနင်္ဂနွေနံ မရဏကျချိန်မှာ တနင်္ဂနွေသားသမီးတွေ အနာရောဂါတစ်ခုခု ကျရောက်လာရင် သေလွယ်ပျက်လွယ် ဆိုပေမယ့် တကယ်တန်းမှ မြန်မာပြည်လူဦးရေ သန်း ၅၀ကျော်နဲ့  ရာနှုံးတွက်ကြည့် ရင် ဒီနှစ်ထဲမှာ မထင်မှတ်ပဲ ရောဂါထဖြစ်ပြီး ကောက်ခါငင်ခါလိုလို   တစ်ခုခုထဖြစ်ပြီး သေဆုံးသွားတဲ့  တနင်္ဂနွေသားသမီးတွေဟာ  စာဖွဲ့ လောက်အောင် မများလှတာ တွေ့ နိုင်ပါတယ်..ဒါပေမယ့် ကပ်ဆိုးကြီးတွေ လာရင် ကိုယ်ပါသွားနိုင်လား မပါသွားနိုင်လားလည်းက တကယ်ဆို ခန့် မှန်းရခက်နေပြန်ပါတယ်.

..ဒါကြောင့်  ဒီလိုမသိနိုင်လို့  ကပ်တစ်ခုခု အသံကြားရင် ခါတိုင်းနေ့ တွေထက် ဘုရား အားကိုးထားဆိုတာမျိုးတွေ မှာရတဲ့ အဖြစ် ဖြစ်လာပါတော့ တယ်...သဘောက ယတြာဆိုတာ မကြိမ်းသေလို့  ယတြာပြုရတာမျိုးလဲ ရှိတတ်လို့ ပါပဲ.

..မကြိမ်းသေလို့  ယတြာပြုတယ်ဆိုတာဟာ ဥပမာ လူတိုင်း တစ်နေ့ သေမှာ အကုန်လုံး သိနေလို့  သေချင်လို့ ယတြာခြေတာမျိုး မရှိပဲ  ဘယ်လောက် အသက်ရှည်မလဲက မသိနိုင် မကြိမ်းသေလို့  အသက်ရှည်အောင် ယတြာတွေ လုပ်ကြတာမျိုးပါ....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..