'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, September 12, 2015
အနေကဇာ
အနေကဇာ
ကျနော်က တစ်ခါတစ်ခါ ရုပ်ဝါဒီဘက်ဆန်ပြီး တစ်ခါတစ်ခါ စိတ်ဝါဒီဘက်ဆန်ဆန်သွားတယ်. .အကြောင်းအရာပေါ်တော့ မူတည်တတ်တယ်..။ အိမ်သစ်တက်လို့  ဘုရားရုပ်ပွားတော် အသစ် ထူ ပူဇော်တဲ့ အခါ တစ်ချို့ တစ်လေ မေးတတ်တယ် ( အများအားဖြင့် စိနနွယ်တွေကမေးတာပါ ကိုယ့် အရပ်က စိနနွယ်တွေက များတယ်လေ)...ဘုရားသွားပင့် လာ အိမ်က အရန်သင့် ရှိပြီးသား ဘုရားကျောင်းဆောင်မှာ ပင့် လာတဲ့ ရုပ်ပွားတော်ကို သီတင်းသုံးစေပြီးပေမယ့်  အနေကဇာ မတင်အားသေးလို့  ဒီအတိုင်းပူဇော်ထားတာ ဖြစ်ပါ့ မလား ဘာက်ညာလှုတွေ လှုလို့ ဖြစ်လားလို့ မေးတတ်တယ်( ခဏခဏအမေးခံရတယ်)
ကျနော်က ဖြစ်တယ် ပန်းလှတာ ဆွမ်းကပ်သစ်သီးကပ် ဘာညာတွေ ရတယ်...ဘုရားလှုတာ ကုသိုလ်ရတာပဲ ..ပြီးတော့  ဒီလိုဗျာ...အစ်မကြီးတို့  ဘုရားကနေ ဘုရားသွားပင့် လာကတည်းက ဘုရားအမှတ်နဲ့  ပင့် လာတာမဟုတ်လား အစ်မကြီးတို့ စိတ်ထဲမှာ ဘုရားလို့ သိနေတာကိုက အနေကဇာတင်တင် မတင်တင် ဘုရားက ဘုရားဖြစ်နေပြီ..အဲ့ ဒါကြောင့်  ဘုရားကို ရည်စူးလှုတာနဲ့ ကောင်းမှု့ ဖြစ်နေပြီ....အနေကဇာတင်မှ ဘုရားဖြစ်တာမဟုတ်ဘူး...တစ်ခုတော့ ရှိတယ်
အနေကဇာတင်တော့ ဘာကောင်းလဲဆိုတော့  အိမ်ကို ဘုန်းကြီးပင့် ရမယ် ဆွမ်းကပ် ဘာညာနဲ့  ကောင်းမှု့ တွေလုပ်ရမယ်ဆိုတော့  အနေကဇာတင်တာကိုမှီပြီး ဒါနခန်းတွေ လုပ်ခွင့် ရလို့  ကိုယ့် မှာ ကုသိုလ်တွေဖြစ် အိမ်လည်း ပိုသန့် သွားသလိုဖြစ်လို့  စိတ်ပိုသန့် သွားတာပေါ့ ဆိုတာမျိုး ပြန်ပြောဖြစ်တယ်...
သဘောကတော့  စိတ် အကြောင်း အဓိကပြောတာပါ ပြိုကျထားတဲ့ ဘုရားငုတ်တို ပဲ ဖြစ်စေ ဒီ ဘုရားငုတ်တိုကြီးကို ဘုရားလို့ သိနေတာနဲ့ တင် ဘုရားဖြစ်နေပြီ လို့  ဆိုတဲ့ အကြောင်း...
ဒီဘက်ခေတ် မင်္ဂလာဧည့် ခံပွဲတွေတောင် တကယ်တန်းဆို အလှုတော် မင်္ဂလာသဘော ဒါနခန်းဆန်တယ် ဘာလို့ ဆိုတော့  ဧည့် ခံပွဲမတိုင်ခင်ကို စာချုပ်နဲ့  ဥပဒေအရာရှိနဲ့  လက်ထပ်ပြီးသား တွေဖြစ်နေကြတာများပြီ ဒီတော့  ဧည့် ခံပွဲလုပ်လုပ် မလုပ်လုပ် အကြင် လင်မယားဖြစ်နေပြီးသား.
..ဒါကြောင့်  ဖိတ်စာမှာတောင် စာရေးပုံပြောင်းတယ် လက်ထပ်ထိမ်းမြားပြီး၍ အခု ညနေ မင်္ဂလာဧည့် ခံပွဲသို့  တန်ဘိုးကြီး လက်ဖွဲ့ များများ လာပို့ ကြပါလို့ ရေးကုန်ကြတာမျိုးပေါ့ ...
လူလယ်ခေါင်ကြမှဖလားလက်စုံနှိုက် မောင်မယ် လက်နှစ်ဖက်ထပ် ပုဝါပတ်တဲ့  တဘူဘူနဲ့ ခရုသင်းမှုတ် စုလျားရစ်ပတ်သဘော လူကြားထဲ မင်္ဂလာဆောင်တာမျိးက ရှားသွားပြီ...ဒီတော့  ခေတ်စတိုင် လက်မှတ်ထိုးအရင်လုပ် ပြီးမှ ဧည့် ခံပွဲသဘောကြတော့  လက်မှတ်ထိုးရက်ရွေးတာက တည်ဆဲ ဥပဒေ သဘောဝင်လို့  အဓိက မိန်းရက်ဖြစ်သွားတယ် ဧည့် ခံပွဲက အလှုလုပ်တဲ့  ဒါနခန်းသဘောဆန်သွားတာ လက်မှတ်ထိုးထားပြီးမှ ဧည့် ခံပွဲ မလုပ်ဘူးဆိုလဲ လက်မှတ်ထိုးပြီးသားကထိုးပြီးသားသဘောပေါ့  အဲ့ သဘောကို နှစ်ဦး သဘောတူ မြို့ နယ်တရားရုံက ဥဒေအရာရှိရှေ့ မှာ လက်ဂျာသွင်း မှတ်ပုံတင်စာရင်းသွင်း တရားဝင်တံဆိပ်တုံးထု လက်မှတ်ထိုးယူကြတဲ့  စုံတွဲတွေမှာ တွေ့ နိင်တယ်။
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..