'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Friday, September 4, 2015
နယ်သိမ်းပညာသဘော
နယ်သိမ်းပညာသဘော
-------------------
အမှန်တော့  အိမ်ရှင်း နည်းပညာကနေ အခြေခံလာတာပါ...။ စည်းတော့ နဲနဲဖေါက်ရာကျပါတယ်...ဒါပေမယ့် လောကစီးပွားသဘော ရှာတဲ့ အခါ တစ်ချို့ စည်းတွေကို ဖေါက်သင့် ဖေါက်ရတဲ့ အခါမျိုး အခြေအနေတွေ ကြုံလာတတ်ပါတယ်...သဘောက သူများပိုင်နက်ကိုပါ ယတြာဓါတ်ပညာနဲ့  ယာယီအသုံးချဖို့ 
ကိုယ့် သြဇာစက်အောက်ကို ဆွဲစိထားလိုက်တဲ့ သဘောပါ...အရွက်တွေနဲ့  ကစားတာပါ...ဒါကို စကစားဖြစ်တာက ကြည့် မြင်တိုင်မှာကုန်လှောင်ရုံအဖြစ်
သုံးတဲ့  ပွဲရုံမှာ ခဏနေစဉ်က သုံးခဲ့ တာပါ...
ပွဲရုံက လမ်းမကြီးကို မျက်နှာပေးထားတဲ့  လမ်းသွယ်ထိပ်အိမ်ဖြစ်ပြီး အောက်ထပ်အခန်းတစ်ခုလုံးကို ယူထားတာပါ..။ ပွဲရုံပစ္စည်းတွေဟာ ကုန်ပွတွေဖြစ်လို့  ထုပ်ပိုးသယ်ချတဲ့ အခါ ပွဲရုံအတွင်းပိုင်းနေရာ ကိုယ့် ပိုင်နက်တင် နေရာ မလောက်တော့ ပဲ အိမ်ရှေ့ လမ်းမကြီးပေါ်မှာရော အိမ်ဘေး လမ်းသွယ်ထဲမှပါ ပြန့် ကျဲ
နေရာယူလိုက်ချထုပိုးရတာမျိုးတွေ ဖြစ်လာပါတယ်....
ဒီတော့ လမ်းဘေးကျုးကျော် ပစ္စည်းတွေ လော်လီကားကြီးနဲ့ စည်ပင်က မကြာခဏ လိုက်သိမ်းနေတဲ့ ဘေး၊ လမ်းသွယ်ထဲ သူများအခန်းတွေရှေ့ ပိုင်စိုးပိုင်နင်း ကိုယ့် ပစ္စည်းသွားပုံထားလို့  သူများတွေရဲ့  အတို့ အထောင် မကျေနပ်သံတွေ ဖြစ်လာမယ့် ဘေးက ကာကွယ်ဖို့  အခြေအနေအရ လိုအပ်လာပါတယ်..ကြည့် မြင်တိုင်ကမ်းနားလမ်းကြော နဲ့ နတ်စင်လမ်းဝန်းကျင် စသဖြင့် နေရာတွေဟာ သိပ်ပြီးစရိုက်ကြမ်းပါတယ်..
ဒီတော့  နယ်သိမ်းလေးလုပ်ပုံက ကျန်ာက သောကြာသားဖြစ်လို့  ပိတောက် ၁၂ ညွန့် နဲ့ (ကိုယ့် ဟာကိုယ် သရဏဂုံသုံးပါးရွတ်မန်းတဲ့  ရေမန်း အမွှေးနံ့ သာရေနဲ့ ရေပုံသေးလေးဆွဲပြီး..သူများတွေ အိပ်ယာ မထသေးတဲ့  မနက်ကြီး အလင်းမလာခင် ၅နာရီနဲ့  ၆ နာရီကြား မှာ ကိုယ့် ပွဲရုံ အပြင် လမ်းမထွက်....ပွဲရုံရှေ့  အများပိုင် စည်ပင် နယ်နမိတ် မြေကွက်လပ်တွေ အိမ်ရှေ့ က ပလက်ဖါင်းတွေ အိမ်ဘေးက စည်ပင်နယ်နမိတ်တွေ ကို ပိတောက်ညွန့် နဲ့ လိုက်ဖြန်းပါတယ်...(ခပ်တည်တည်ဖြန်းတာပါ ပါးစပ်က လှုပ်စိ လှုပ်စိနဲ့ ပေါ့  ဘာမှတော့  မရွတ်ပါဘူး)...လမ်းသွယ်မှာတော့  ကိုယ့် အခန်းရှေ့ နယ်နမိတ်စွန်းနား ရပ်ပြီး သူများအခန်းရှေ့ လှမ်းပက်ဖြန်းလိုက်တာပါတယ်...ဒါကို ပထမ အစမှာ ( တနင်္ဂနွေ တနင်္လာ ကြာသာပတေး သောကြာ) ၄ ရက်လုပ်လိုက်ပြီး နောက်ပိုင်းမှာ တစ်ပတ် တစ်ကြိမ် နှစ်ပတ်တစ်ကြိမ် လုပ်ပါတယ် ဖြန်းပြီးတဲ့ အရွက်တွေက လွှင့် ပစ်ပါတယ်.....
ထူးခြားချက်က အဲ့ နေရာမှာ ပွဲရုံလုပ်နေသမျှ ကာလပတ်လုံး ဘယ်စည်ပင်မှ လာမရစ်ပါဘူး ဖြတ်သွားဖြတ်လာစည်ပင်တွေတောင် ဆက်ကြေးဝင်မတောင်းပါဘူး ပစ္စည်းတွေလိုက်သိမ်းတတ်တဲ့  လော်လီကားလာချိန်မှာ ကျနော်တို့ ပွဲရုံရှေ့ မှာ ကုန်မရှိချိန်ဖြစ်နေတတ်ပြီး ၁၀ပေလောက် မြင့် အောင်မဟားဒယားကြီင်္း ပစ္စည်းတွေ
ပုံထားချိန်မှာ ပြဿနာလိုက်ရှာတဲ့ စည်ပင်ကားက ပေါ်မလာတတ်ပါဘူး တစ်ခါတစ်ရံ ကုန်ပုံကြီးကို မမြင်ပဲ ဖြတ်မောင်းသွားတာမျိုးလဲမြင်နေရသလို ပတ်ဝန်းကျင်ကလည်း ဘာတစ်ခွန်းမှ လာမရစ်ကြတဲ့ အပြင် ခင်တောင်ကုန်ပါသေးတယ်။...တစ်ချို့  စေတနာပိုချက်က နေရာလိုရင် သူတို့ အိမ်ရှေ့ လာချလို့ ရတယ်လို့ တောင်စကားပေါးတယ်....မတွန့် စေရ ပိတောက်တန်ခိုးကို သောကြာသား အခါတိုင် အထက်ရောက်ချိန် အခါတိုင်နဲ့  ကစားသွားတာပါ)
ကျနော့် ကုန်တွေသာဘေးလွတ်နေပေမယ့်  ဘေးက ပတ်ဝန်းကျင်က ထမင်းဆိုင်ခုံတွေလို စသဖြင့်  ကျူးကျော်ဈေးသည် ခုံတွေကတော့  အဲ့ စည်ပင်ကားလာတိုင်ပါပါသွားလို့  ဆဲကြအော်ကြ ပြန်လုကြနဲ့  ခဏခဏ ကမ္ဘာပျက်နေတာပေါ့ လေ
ဒီ ပေါ့ ပါးလွယ်ကူတဲ့ နယ်သိမ်းနည်းပညာကို တရုပ်တန်းနဲ့ လမ်းဘေးဈေးသည်တွေမှာ အများကြီးချသုံးပေးခဲ့ ပါတယ်...သူတို့ သဘာဝမှာကတော့ စည်ပင်ကို
ဆက်ကြေးပေးရလို့  စည်ပင်နဲ့ သိပ်ပြဿနာမဖြစ်တတ်ပေမယ့်  ဘေးချင်းကပ် လမ်းဘေးဈေးသည် အချင်းချင်း နေရာလု နေရာပျောက် နေရာကာ တိုက်ပွဲတွေက
ခဏခဏဆင်နွှဲကြရလေ့ ရှိပါတယ်...ကျနော့် ဆီလာတဲ့ တရုပ်တန်းက အသုပ်သည်တွေ လမ်းဘေးကုန်စိမ်းသည်တွေ ဒီ ပြဿနာကို သယ်လာတဲ့ အခ်ါ ကျနော်က
ဆိုင်စခင်းချိန်မှာ အရွက်ကလေးနဲ့  သောက်ရေခွက်လာက်လို ခွက်ကလေးနဲ့  ရေမွှေးရေလေးနဲနဲနဲ့  စိတ်ထဲက ဘုရားစာရွတ်ပြီး ကိုယ့် ဆိုင်ဧရိယာတစ်ဝိုက်ကို ဖြန်းလိုက်ပြီး ဆိုင်ခင်းပါ ( အရွက်ကတော့  လာတဲ့ သူရဲ့  မွေးနံနဲ့ မတွန့် စေရ တစ်ခုကို ဆွဲထုတ်လိုက်ပါတယ်)..ပြီးရင် ဆိုင်ခင်းဈေးရောင်ပေါ့  လောလောဆယ်ကွိုင်တွေပူ ဘေးချင်းကပ်တွေ နေရာခိုးမှု့ ပြဿနာဖြစ်နေရင် ရက်ဆက်လေး သုံးလေးရက်တော့ ဖြန်းပေါ့  နောက်တော့ အခြေအနေကြည့် ဖြန်း
ဒီနည်းလေးကိုမှတ်ထားပါလို့  နည်းပညာပေးလိုက်ရင် အတော်အဆင်ချောသွားလေ့ ရှိပါတယ် ကျနော်လည်း အသုတ်တွေစားရ တုတ်ထိုးတွေဝါးရပေါ့ ...
အခု သဘောကို ချဲ့ ထွင်တဲ့ သဘောတွေရသလို နယ်ကြမ်းမြေကြမ်း တရားထိုင် အဓိဌာန်ဝင် ပြည်ဝင်ပြည်ထွက် စသဖြင့် တွေမှာလည်း ပေါင်းစပ် သုံးလို့ ရပါတယ်
ဒါကတော့  ဆရာပါရမီပါလာသူတွေက တွေးတော အသုံးချနိုင်ကြလေ့ ရှိပါတယ် သမားရိုးကျ သဘောကတော့  အရွက်နဲ့  အခါတိုင်နဲ့  လုပ်သွားရင်တောင် အတော်ပြဿနာဘေးတွေဝေးသွားလေ့ ရှိပါတယ်..လမ်းသွယ်ထဲ ကိုယ် အိမ်ရှေ့  ကားလာလာပိတ်တာကို ကွိုင်တက်တဲ့ အခါ အိမ်ရှေ့ လမ်းမထွက် ကိုယ့် အိမ်ရှေ့ ရော စည်ပင်ပိုင် လမ်းပေါ် အရွက်တွေနဲ့  ခဏခဏ ဖြန်းလိုက်တဲ့ အခါ ပြဿနာတက်စရာ အနေအထားတွေ ဝေးသွားလေ့ ရှိပါတယ်ဗျား...
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..