Powered By Blogger

Friday, September 4, 2015

လောကီအကျိုးစီးပွားအတွက် ယတြာပြုတယ် အဆောင်ဆောင်တယ် ဆိုတာမှာ ကိစ္စကိုလိုက်ပြီး ခွဲခြားသုံးပါတယ်...

လောကီအကျိုးစီးပွားအတွက် ယတြာပြုတယ် အဆောင်ဆောင်တယ် ဆိုတာမှာ  ကိစ္စကိုလိုက်ပြီး ခွဲခြားသုံးပါတယ်...
--------------------------
ထူးခြားစကား သွားပြောမယ်ဆိုရင် သွားဗျူးမယ် အလုပ်သွားလျှောက်မယ် ကိုယ် သွားမယ့် နေရာက ကိုယ့် ကိုယ် နှစ်သက်စေချင်တယ် လူကြီးနဲ့ သွားတွေ့ မယ် ဆိုတဲ့  အခြေအနေ ဆန္ဒမျိုးတွေမှာဆိုရင်...မိတ်ဓါတ် ပစ္စည်းကိုရွေးသုံးတယ်..

တနင်္ဂနွေသားသမီးတွေဆိုရင်....ပိတောက် ပိန္နဲ အသားအရွက်တွေ ဆောင်သွားတာ ပေါင်မုန့် ထောပတ်သုတ်ဘုရားကပ်ဆုတောင်းသွားတာမျိုး

တနင်္လာသားသမီးဆိုရင် လက်ပံ အသားအရွက် လဘက်သားစတိ ဆောင်သွားစားသွားတာလဘက်သုတ်ဘုရားက်သွားတာ

အင်္ဂါ သားသမီးဆိုရင် သရက် အသား အရွက် ဆောင်သွား စတိစားသွားတာ သရက်ယို အရည် ဘုရားကပ်သွားတာ

ဗုဒ္ဓဟူးသားသမီးဆိုရင်...ကသစ်အသားအရွက် ကြက်သွန်ဖြူနီအသေးလေးတွေ ဆောင်သွားတာ ကြက်သွန်ကြော်ဘုရားက်သွားတာမျိုး

ကြာသာပတေးသားသမီးဆိုရင် အင်ကြင်းသား အရွက် အကျော် သား အရွက် ဆောင်သွားတယ်...အကြော်စုံတစ်ခုခုဘုရားက်သွားတာ

သောကြာသားသမီးဆိုရင် ...ဇလပ် ဇီဇ၀ါ အသားအရွက် ဆောင်သွားတာ  ဆလပ်ရွက်သုတ်ဘုရားကပ်သွားတာ

စနေသားသမီးဆိုရင် အာလူးသေးသေးလေးတစ်လုံးဆောင်သွားတာ  အာလူးကြော် စတိစားသွားတာ ဘုရားကပ်သွားတာ
--------------------------------------------

ရန်များတဲ့ နေရာသွားမယ် အမြန်လမ်းမကြီးကနေ ခရီးသွားရတော့ မယ် ပြဿနာတွေ ခဏခဏဖြစ်နေတယ်ဆိုရင် ကျမ္မာရေးတွေညံ့ နေတယ်ဆိုရင် ကံမကောင်းဘူးဖြစ်နေတယ်ဆိုရင် အန္တရာယ်ကင်း ဆောင်ချင်တယ်ဆိုရင် .........့  အခြေအနေ ဆန္ဒမျိုးတွေမှာဆိုရင်.အမြစ်အညွန့် မတွန့် စေရ ဆိုတဲ.ပစ္စည်းကိုရွေးသုံးတယ်..

တနင်္ဂနွေသားသမီးတွေဟာ သစ္စာပန်းအရွက် မရမ်းအသားအရွက် အသား  ဒန့် ကျွဲ တစ်မျိုးမျိုးရဲ့  အသားအရွက်ကို ဆောင်ထားတာ

တနင်္လာသားသမီးတွေဟာ  သပြေ သြဇာ ဒါန့် သလွန် အသားအရွက်တွေ တစ်မျိုးမျိုးရဲ့  ဆောင်သွားတာ

အင်္ဂါသားသမီးတွေဆိုရင် ခရေ ချယ်ရီ  အသားအရွက်တွေ တစ်မျိုးမျိုးရဲ့  ဆောင်သွားတာ

ဗုဒ္ဓဟူးသားသမီးဆိုရင်   စပယ် ကသစ်  အုန္နဲ  အသားအရွက်တွေ တစ်မျိုးမျိုးရဲ့  ဆောင်သွားတာ

ကြာသာပတေးသားသမီးဆိုရင်  စွယ်တော် လောက်သေ ကျီးအာ  တစ်မျိုးမျိုးရဲ့  အသား အရွက်တွေ ဆောင်သွားတာ

သောကြာသားသမီးတွေဆိုရင် ...ပိတောက် ပိန္နဲ ဇော်ကြား စိန်ခြယ် ၀င်အူ အသားအရွက်တွေဆောင်သွားတာ

စနေသားသမီးတွေဆိုရင်....မာလကာ မန်ကျီး လေးညှင်း သစ်အယ် တစ်မျိုးမျိုးရဲ့  အသားအရွက်တွေ ဆောင်သွားတာ
---------------------

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..