အတွေး အတွေ့ အကြုံ နဲ့  လက်တွေ့ 
----
အွန်လိုင်းမပေါ်ခင် စာအုပ် လွှမ်းမိုးတဲ့ ခေတ်တုန်းက စာအုပ်မျိုးစုံထဲက ယတြာမျိုးစုံ ဖတ်ဖူးခဲ့ တယ် တစ်ချို့ မှတ်ဘူးခဲ့ တယ်...ဒါပေမယ့်  အဲ့ စာအုပ်တွေထဲက ယတြာတွေ တစ်ခုမှ လက်တွေ့ မလုပ်ဖူးခဲ့ ဘူး...။ ( လိုက်လုပ်စရာ အကြောင်းမယ်မယ်ရရ မရှိခဲ့ တာရော ၊ လူက တိုက်ရိုက်ညွှန်တာမဟုတ်လို့  သိပ်မယုံခဲ့ တာရော ၊ စာအုပ်ပါ ဗေဒင်ယတြာတွေကို ကံဆုံခဲ့ တဲ့  ဆရာတွေ ပါးစပ်က တိုက်ရိုက် ညွှန်ကြားတာလောက် အထင်မကြီးခဲ့ တာကြောင့် လို့ ပြန်တွေးမိတယ်)
စာအုပ်ထဲက နေ ကုးပြီး လက်တွေ့ လုပ်ကြည့် ရာက အကျိုးတော်တော်ရှိခဲ့ တာက လေဖြန်း အကြောတက် အညောင်းအညာပြေ ဒူးသက်သာ ခါးသက်သာ ဆိုတဲ့  တိုင်းရင်းဆေး တစ်ခုပဲ ရှိခဲ့ တယ်..ဆေးနည်းက အရက် ၂ + ရှောက်ရေ ၂ + ပရုပ်အေး၅ကျပ်သား+ မင်သော် ၅ကျပ်သား+ပရုပ်လုံး အလုံး၂၀ +လေးညှင်းမှုန့်  ၂ကျပ်သား +မုံညှင်းဆီ ၅ကျပ်သားတွေ နဲ့ သာ လိုတိုး ပိုလျှော့ ဆေးအမယ် ပေါင်းစပ်ထားတဲ့  ဆေးရေဖြစ်နေတာ ဆေးရည်က အများကြီးရတာ ဒဏ်ကြေဆေးနဲ့ တူတာ အနံ့ က အရက်နဲ့  ပရုပ်နံ့ ရောထွက်လာလို့  သင်းပြီး မွှေးနေတာ ပူရှိန်းရှိန်းဖြစ်နေတာ ဆေးအမယ်တွေက ကုန်ဈေးတန်းက ဆေးဆိုင်မှာ ၀ယ်ရ လွယ်နေတာ ဆေးဖေါ် စားရိပ်သက်သာတာကြောင့် ပဲ၊ အဲ့ ဆေးကိုဖေါ်ပြီး သုံးကြည့် တယ် ကောင်းတယ် သူများကို ဝေတယ် သက်ကြီးဘွားတော်ကြီးတွေအကြိုက်တွေ့ တယ် လိမ်းယုံတင်မက ရူဆေးပါ လုပ်လို့ ရနေလို့ ပါပဲ စိတ်ကူးပေါက်ရင်တော့  အဲ့ ဆေးရည်လေး ဖေါ်ထားလိုက်တတ်တယ် ..
တစ်ခါက အတွေးပေါက်မိတယ် စာအုပ်မျိုးစုံက ယတြာတွေ အပြင်မှာ လက်တွေ့ လိုက်လုပ်တဲ့  လူတွေ ဘယ်လောက်လောက် ရှိနိုင်မလဲ၊ ကိုယ်လို့  ဖတ်ယုံသာ ဖတ်ကြည့် ပြီး ပြီးရင် မေ့ သွား ပြီး လိုက် မလုပ်ဖူးတဲ့ လူတွေ ဘယ်လောက်လောက် ရှိနေမလဲ...စာအုပ်အတိုင်း လိုက်လုပ်သူနဲ့ မလုပ်သူ ဘယ်ဟာကပိုများမလဲ တွေးကြည့် မိတယ်....တွေးမိယုံလေးပါပဲ...
နောက်တော့ အတွေးထပ်ရလာတာက စာအုပ်ထဲက ဆေးနည်းလေးတောင် လက်တွေ့ ယူဖေါ်မိသေးတာပဲ..တစ်ယောက်တစ်လေ စာဖတ်ပြီး လုပ်မိလို့  အလုပ်ဖြစ်သွားရင်လဲ ကျေနပ်စရာပါပဲ သဘောလေး..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..