Powered By Blogger
Friday, September 4, 2015
အစ ဇာတ်ထုတ်
အစ ဇာတ်ထုတ်
----------------------
အုန်းငှက်ပျောပွဲဇာတ်ထုတ် အစကို ဒီလိုပါလို့ ဆိုတယ်
------------------------
အုန်းနဲ့ငှက်ပျော /သာသနာပွဲ
ရောင်ဝါးဝါး မဖြစ်စေချင်
သိမှတ်ထားတဲ့ ဗဟုသုတလေးပါ။
မြတ်စွာဘုရားလက်ထက်တော်ကဖြစ်ပါသည်
ဝိသာခါကျောင်းအမကြီးက သူကိုတိုင်ကျောင်းသို့ လာရောက်ကာ မြတ်စွာဘုရားနှင့်ရဟန်းသံဃာတော်များကို သူအိမ်သို့ဆွမ်းဘုန်းရန် ရိုသေစွာလျှောက်ထား ပင့်ဆောင်ပါသည်။
ဆွမ်းစားပင့်လျောက်ရာတွင်သူမအားသည့်အခါတွင် တခြားတစ်ယောက်အား ပင့်ရန်လျောက်ထားရာတွင် မြတ်စွာဘုရားအား ပြီးစလွယ်မပင့်ပဲ ရိုသေလေးမြတ်စွာ မိမိ၏ဦးခေါင်းတွင်လက်ဆယ်ဖြာရှိခိုးလျှက် သူ၏ ဦးခေါင်းနှင့်တူသော အုန်းသီး လက်ဆယ်ဖြာနှင့်တူသော ငှက်ပျောသီးတိုဖြင့် ပွဲပြင်ကာ မြတ်စွာဘုရားဆီ ပို့ဆောင် ဆပ်ကပ်ပါသည်။
မြတ်စွာဘုရားရှင်ကလည်းအသိအမှတ်ပြုကာလက်ခံတော်မှုပါသည်၊
ဝိသာခါကျောင်းအမကြီကိုတိုင် ဆွမ်းစားလာမဖိတ်စေကာမှု အုန်းပွဲငှက်ပျောပွဲမြင်ရုံနှင့် မြတ်စွားဘုရားက ဒကာမကြီးဆွမ်းစားလာပင့်ထားပြီဆိုတာ သိနှင့်နေပါသည်။
အနာထပိန် သူဌေးကြီးကမြတ်စွာဘုရားကိုဆွမ်းစားလာပင့်ရာတွင် မြတ်စွာဘုရားက သူထက် အရင်ပင့်ထားကြောင်းသဌေးကြီးက သူအရင်ရောက်ကြောင်း မြတ်စွာဘုရားက ထိုအုန်းပွဲငှက်ပျောပွဲကိုပြ၍ ၀ိသာခါကျောင်းအမကြီးကဦးစွာပင့်ထားကြောင်း
အုန်းပွဲငှက်ပျောပွဲသမိုင်းအကြောင်းအရာလေးပါ
---------------------------
မန့် တစ်ခုက= ကျေးဇူးပြုပြီး ကျမ်းကိုး အထောက်အထားလေး တင်ပေးပါဦး။..တဲ့ 
-----------------
ဝင့် မန့် တဲ့ မန့် ဆရာရဲ့ အမေးကို ပြန်ဖြေတာမတွေ့ ရဘူး.မန့် ဆရာရဲ့ အမေးကလည်း မေးထိုက်တဲ့ မေးခွန်းလို့ ထင်တယ်.၀ိသာခါကျောင်းအစ်မကြီး မြတ်စွာဘုရားကို ဆွမ်းစားပင့် တဲ့ အခါက စခဲ့ တာလို့  ဆိုတော့ အဲ့ အကြောင်း ကျမ်းရဲ့ ဘယ်နေရာမှာပါလဲပေါ့ လေ..
----------------
ဂရုတစ်ခု မှာလဲ ငှက်ပျော်ပွဲက အုန်းသီးနဲ့ ငှက်ပျော်သီးကို သုံးရတဲ့ အဓိပ္ပါယ်ကို မေးတာကြုံဖူးသေးတယ်..ဂရုဝင်တွေ ၀ိုင်းဖြေလိုက်တာ မနဲဘူး အများစုကတော့ ထေရ၀ါဒလာမဟုတ်ဘူး ဘုရားဟောနဲ့ မညီညွတ်ဖူး တွေနဲ့ ဝေဖန်ချက်တွေက ပိုများတာဖတ်ခဲ့ ရတယ် အမေးရှင်က သူသိချင်တာ ဒါတွေမဟုတ်ဘူး အုန်းသီး နဲ့ ငှက်ပျော နှစ်မယ်ထဲ သုံးရတဲ့ အကြောင်း ဘာကြောင့်  တစ်ခြား သီးနှံတွေ မသုံးသလဲဆိုစောင့် တဲ့ အကြောင်းသိချင်ယုံ နဲ့  စာမှတ်တမ်းရှိရင် သိချင်တဲ့ သဘောလောက် မေးတာလို့ ဆိုတယ်..
----------------------
မန့် တွေ အများင်္ကြီး စောင့် ပြီးမှ  သက်ကြီးစကား သက်ငယ်ကြား အဖြစ် ဘယ်ကကြားခဲ့ ဘူး မှန်းမမှတ်မိတော့ တဲ့  အုန်းငှက်ပျောသုံးရခြင်းအကြောင်းကို ကျနော်က ဒီလိုတော့  ကြားခဲ့ ဘူးပါတယ်ဆိုပြီး ၀င်မန့် လိုက်တယ် ရှားရှာါးးပါးဝင်မန့် တာ..၊
နောက်အရေးကြီးအချက်က ရှေးက သူတော်စင်တွေ တောမှီ သူမြတ်တွေ အတွက် ဓမ္မတရားတွေ အားထုတ်ဖို့  အသက်ရှင်ရပ်တည်ရေးအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ ပါဝင်ဖွဲ့ စည်းနေတဲ့  သီးနှံဖြစ်နေလို့  ထူးခြားဂုဏ်ရည်ရှိနေတဲ့  အုန်းသီးနဲ့  ငှက်ပျောသီးဟာ ပွဲတင် အမွန်အမြတ်ပစ္စည်းဖြစ်လာတယ်လို့  ကြားခဲ့ ဖူးကြောင်း...
-----------------
အမေးရှင်က အိုကေ သိချင်တာ ဒါဗျ..ကျနော်မေးတဲ့ အဖြေကို ရပြီ ကျနော့် အမေးကို ဒီ မန့် မှာတင် အဆုံးသတ်ပါသည် ဖြေပေးတဲ့ အတွက် ကျေးဇူးပါလို့  ပြန်မန့် သွားပါရောဗျာ.
----------------------
ဆရာကြီးဆီရောက်တော့  ပွဲပြဿနာက ပြန်ကြုံရပြန်တယ်.(ကျနော်တို့ က ပါးစပ်ဆော့ မေးတာက ဘာလို့ ဆီတွေဆန်တွေ သုံးရတာလဲပေါ့ )
သူက ဓလေ့ ထုံးတမ်း ယဉ်ကျေးမှု့ သဘောဖြစ်သွားတဲ့ အုန်းငှက်ပျောပွဲကို သူ့ ပညာမှာ မသုံးဘူး ပယ်တယ်.အကြောင်းက ငှက်ပျော်ပွဲ ဆိုတဲ့  ပွဲ ဟာ သုံးတဲ့ နေရာအနေအထားပြောင်းရင် ပွဲရဲ့  ဂုဏ် လိုက်ပြောင်းတယ် ဘုရားပူဇော်တော့ ဘုရားပွဲပေါ့  မသာမှာသုံးတော့ မသာပွဲ ၊ မင်္ဂလာဆောင်သုံးတော့  တဏှာပွဲ..စသဖြင့်  ဆိုတော့  ပွဲ ရဲ့ ဂုဏ်ဟာ မစင်ကြယ်လို့  ပယ်တယ် လို့ ဆိုတယ်...
သူ့ န၀င်းပွဲဟာ ဘယ်ကနေ စိတ်ကူးရလာလဲဆိုတာကိုလဲ သူပြောသွားပုံက ပွဲ ဟာ ကြာသာပတေးနံ ဖြစ်တယ် ဂုရု တိုင် ဖြစ်တယ် ဆရာတိုင်ဖြစ်တယ် ပညာတိုင်ဖြစ်တယ်..ဒါ့ ကြောင့် ဂုဂုတိုင်ရဲ့  အပေါ်နံဖြစ်တဲ့   အင်္ဂါ နံ ဆန်နဲ့ ဆီ ကို အဓိက ပင်တိုင်ထား ကျန်တာ န၀င်းအားဖြည့် တွေအဖြစ် ပညတ်ကောင်းတွေနဲ့ 
ဖွဲ့ စည်းတယ် တနင်္လာနံ ငွေ ကိုယ်စားပြုတဲ့  မတ်စိ တွေပါ ပါလာတယ်ပေါ့ ...ဒီတော့  သူစထွက်လိုက်တဲ့  ဆန်ဆီ အဓိက နဲ့ န၀င်းပွဲဟာ ဂုရုတိုင်ပညာတိုင် ကို အခြေခံခဲ့ တာလို့ ဆိုတယ်..ပြီးတော့  န၀င်းပွဲဟာ ဘုရားပွဲ နတ်ပွဲ ဘိုးတော် မယ်တော်ပွဲ မဟုတ်ဘူး ပညာပွဲ ဆရာပွဲ သာဖြစ်တယ် လို့ ဆိုတယ်...( ရှေးစာကား ပညာသင်ရင် ဆန်တစ်ပြည် ငွေတစ်မတ် ပညာပူဇော်ကြေးနဲ့  ကျောင်းအပ်ရတယ်လို့ ဆိုတာတောင် အဲ့ တုန်းက သတိရသေးတယ်..ဗေဒင်မေးရင် ဆန်ကုန်တယ် ဆိုတဲ့ စကားလဲ သတိရ..)
-------------------------
ဆရာကြီးက သူ့ န၀င်းပွဲအစကို ပြောတာ မှတ်ထားလိုက်ပြီး ကျနော်တို့ န၀င်းရိုက်ပေးနေသမျှ  ဆန်ဆီကိုသုံးနေမှာဖြစ်ပြီး ကျနော့် အနေနဲ့ ကတော့  အုန်းငှက်ပျောပွဲကို ဆရာကြီးပယ်သလို လိုက်မပယ်ခဲ့ ဘူး...သူက သူ့ ဖီလင်နဲ့ သူ ပယ်တာဖြစ်ပြီး ကျနော်ကတော့  အုန်းငှက်ပျောပွဲပြင်ဆင်ပုံ ဒီဇိုင်းဟာ  မြန်မာ့ ထုံးတမ်း ဓလေ့  ရိုးရာယဉ်ကျေးမှု့  သဘော အသွင်ဆောင်နေခဲ့ ပြီးတော့  ကောင်းတဲ့ ရည်ရွယ်ချက်တွေလည်း ရှိနေတယ် ပွဲကို မှီပြီး လူ့ စိတ်မှာ ကောင်းမှု့ တွေကို
ဖြစ်စေတယ် ပြီးတော့  အုန်းနဲ့ ငှက်ပျော် တွဲစပ်ပြီး အမွန်အမြတ်ပစ္စည်းအဖြစ် ခေါင်းပေါ် အမြင့် ပေါ်မှာထားပြီး အတုမရှိကို ပူဇော်တာမျိုး ဘယ်နိုင်ငံမှာမှ မတွေ့ ရဘူး ။  မြန်မာပြည်သားတွေရဲ့  အမျိုးသား ယဉ်ကျေးမှု့  သီးခြား ကိုယ်ပိုင် အမှတ်လက္ခဏာလိုတောင်ဖြစ်နေပြီ အတွင်း အနှစ်သာရ အရ လေးနက်တဲ့ သဘောလည်းရှိတယ်လို့ တွေးပြီး...
.ပြီးတော့  အုန်းငှက်ပျော် တွဲစပ်ပုံ ဒီဇိုင်းကို ဖီလင်လာတာလဲ ပါသလို ပွဲကို မြင်ရတာဟာ ကျက်သရေရှိတယ် စိတ်ခွန်အားကိုဖြစ်စေတယ်လို့  ခံစားလို ရလို့  ပွဲကို မပယ်ခဲ့ ဘူး စိတ်လာရင် ပွဲထထ ထိုးတယ်..။  ပြီးတော့  ပျင်းလို့ ကိုယ့် ဟာနဲ့ ကိုယ်ဆို ၀ယ်စားခဲတဲ့  ငှက်ပျောသီးက ပွဲပြင် ပူဇော်ပြီး မှည့် တော့ မှ အားရပါးရ စားဖြစ်သလို သူများကို ဝေရလို့  ဒါနခန်းလေးပါ ဖြစ်သေးမို့  အုန်းငှက်ပျောပွဲကို အပျော် ခံစားမှု့ အဖြစ် ပွဲထိုးလေ့ ရှိတော့ တာပေါ့ ဗျာ
ပွဲရဲ့ အစ တွေကို ဘယ်လိုတွေပဲ ပြောပြော  ကျနော်ကတော့ ဓမ္မစာပေတွေထဲက စကားလုံးကိုပဲ ယူသုံးထားလိုက်ပြီး  အလုပ်ဖြစ်ဖို့ မှာ ဦးတည်ထားလိုက်ပြီး အစ ကိစ္စကို နိဂုံး ချုပ်လိုက်တယ်
'' အထူးထူးသော ပူဇော်မှု့ များဖြင့် အတုမရှိ ကိုယ်တော်ရှင်မြတ်ကြီးအား ပူဇော်ကြလေကုန်သတည်း '' ပေါ့ လေ ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..