Powered By Blogger

Friday, September 4, 2015

ခိုင်မြဲစေ..



ခိုင်မြဲစေ..
----------
အိမ်ထောင်ရေးအချစ်ရေးမှာ တပွဲတိုးတွေ လုပ်တာလဲ လုပ်တာပေါ့  ကျနော်ကတော့  ရေရှည် လုပ်တာကို ပိုသဘောကျတယ် ရေရှည်လုပ်တော့  ဓါတ်သက်က ခိုင်လာပြီး အလွယ်နဲ့  ရှင်ကွဲမကွဲလွယ်တာ့ ဘူး...ကွဲလုလုကနေ ပြန်ပြန် နွယ်ကုန်တာတွေလည်း အများကြီးတွေ့ ခဲ့ ရတယ်...

ရိုးရိုးလေး ၂ နံ တွဲ အညွန့် တို့  အစားအစာတို့  အမြဲ ဘုရားကပ်ထားတာပါပဲ  ဒီလိုယတြာကို အများအားဖြင့်  ရှင်ကွဲကြောက်တဲ့  အမျိုးသမီးတွေ အလုပ်များတယ်..

၂ နံတွဲက သင့် သလို လွယ်ရာတွဲလှုတာပါ နံပူးမှ ယတြာ ရှေ့ တွေ နောက်တွေတောင်မဟုတ်ဖူး ပြီးတော့  အခါတိုင်တွေ နေ့ ကောင်းရက်သာတွေလဲ မလိုဘူး..၂ ယောက်သား ပြဿနာ ဖြစ်ဖြစ်မဖြစ်ဖြစ်
အမြဲလှုဖြစ်နေခြင်းသဘောနဲ့ သွားတာ

ဆိုပါတော့  သောကြာနဲ့ ကြာသာပတေးဆို သပြေညွန့် နဲ့ ပျဉ်းတော်သိမ်ညွန့် ကို ဖန်ခွက်သပ်သပ်နဲ ထည့့် ရေထည့်  ဘုရားပန်းလှုသလို အမြဲလှုထားတာ ဆုတောင်းကလဲ တစ်ခုထဲ သူနဲ့ ကိုယ်နဲ့  သံယောဇဉ်
ခိုင်မြဲပါစေပဲ...

နံပူးမရရင် သီဟို အရွက် ၁ရွက် နဲ့ ပျဉ်းမရွက် ၁ရွက် အတူတူ ထည့် လှုထားတယ်။ အစားအစာမှာလည်း နံပူးက သင်္ဘောသီးပေါ့   နံတွဲက  သီဟိုစေ့ လေးတွေနဲ့ ပဲမုန့် တို့ မြေပဲကြော်တို့ ပေါ့ 

သူနဲ့ ကိုယ်နဲ့ နံတူလဲ ထိုနည်း၎င်းပဲ  ဗုဒ္ဓဟူး ၂ ယောက် ကြိုက်ပြီး ခဏခဏပြဿနာတွေတက်တော့  ရွက်လှ ၂ ညွန့် ခဏခဏလှုစေတာနဲ့  ရှောက်ယို ကို ၂ ပုံ ပုံပြီးပန်းကန်တစ်ချပပ်ထဲမှာ အတူတူထည့် လှုတာ စိတ်ကြီးပြိုင်ကြတဲ့   ဗုဒ္ဓဟူးတွေ တော်တော်နဲ့ မကွဲသွားဘူး

အဲ့ လို နည်းကို တောင်ပံကျိုးနဲ့  ခံတွင်းပျက် ချိတ်မိတဲ့ ကီပင်  ဗုဒ္ဓဟူးသမီး ကို အပေးကောင်းတာ သူ့  ဘဲ စနေသားနဲ့  ဆယ်စုနှစ်တွေတောင်ကြာပြီ မြဲနေတာ
ကွဲသေးဘူး အဟီးး...ဒါန့် သလွန် တို့ ဘာတို့ က အလုပ်ရှုတ်ပါတယ်လေ ဆိုပြီး ဒန်းညွန့် နဲ့  ရွက်လှညွန့်  အတူတူသာဖန်ခွက်ထဲထည့်  ဘုရားသာကပ်ထားလိုက် ထန်းလျက်နဲ့ ရှောက်ယိုနဲ့ ခဏခဏတွဲလှုလို့ ပြောပေးလိုက်တာ...တစ်ခြား အောက်လမ်းနည်းတွေမတတ်ဖူးလို့  ဒါလေးလုပ်ကြည့် လို့  ...ငိငိ
ဘဲစနေသားက ရယ်ဒီမိတ် သနပ်ခါးဗူးတွေ အယောင်ပြထုတ်တဲ့  ကုမ္ပဏီသမား ရှမ်းတရုပ်.ငပွေး..ဗုဒ္ဓဟူးသမီး က အသက် ၃၂ မှာ မုဆိုးမ ဖြစ်ခဲ့ သူလေး..ကုလားသွေးတစ်ဝက်နဲ့  ဟီးဟီး..သုညနဲ့ ၂ နဲ့ ပေါင်းထားတဲ့  ဗုဒ္ဓဟူးသမီး လက်လီဘဲ စနေသားက ၄ စနေ ခေး ၃ယောက်နဲ့ ..ထိုင်းရုံးခွဲ အထိုင်သမား
ဗုဒ္ဓဟူးသမီး ဖန်စီလှည်းတွေ ထောင်ထားတာ....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..