Powered By Blogger
Friday, September 4, 2015
အဝေးရောက်လူတွေ အတွက် သက်ထိမ်း ကံထိမ်းယတြာစတိုင်.
အဝေးရောက်လူတွေ အတွက် သက်ထိမ်း ကံထိမ်းယတြာစတိုင်.
--------------------------
ဒီရက်ပိုင်းတွေကတော့  ရိုက်စားဒေးနေ့ တွေဖြစ်နေတယ်..(ပိုက်ပိုက်တွေရတာပေါ့ .ငိငိ..)...သင်္ဘောသားတွေ နဲ့  ပြည်ပထွက်ခွာတွေ များတယ်...ဒီနေရာမှာ ကျနော် သုံးနေတဲ့ ယတြာစတိုင်ထဲက တစ်ခုက....မိသားစုကနေ အဝေးသွားအလုပ်လုပ်ရတော့ မယ့် အိမ်သားရဲ့  ဘေးကင်းလုံခြုံမှု့ အတွက်က နောက်တန်းက ကျန်ခဲ့ တဲ့ မိသားစုရဲ့ ကဏ္ဍက အရေးပါတယ်လို့ ကျနော်က ယူတယ်
အဝေးထွက်မယ့် သူကိုယ်တိုင်ဖြစ်စေ ကိုယ်စားဖြစ်စေ အိမ်ကစထွက် လေဆိပ်ရောက် လေယာဉ်စီး နောက်လေဆိပ်ရောက် ပြည်တော်ဝင် အလုပ်ဝင် စတဲ့  ခရီးလမ်းကြောင်းင်္ကြီးတစ်ခုလုံးအတွက် န၀င်းယတြာက တာဝန်ယူပေးပြီးရင် ယတြာကိစ္စပြီးဆုံးပြီ၊ နောက်ကိစ္စတွေဟာ န၀င်းယတြာရဲ့  ကာကွယ်ရေးအောက်မှာ မရှိတော့ ဘူး...ယတြာဟာကွက်ဖြစ်ပြီပေါ့ ...ဒီင့်္ အတွက် ယတြာ ဟာကွက် မဖြစ်ရအောင်...ကျနော်က...
သူခရီးသွားပြီဆိုတာနဲ့  သူ့ ရဲ့  ( မတွန့် စေရ အညွန့် ဖြစ်စေ အညွန့် သီးသန့် ဖြစ်စေ ဖန်ခွက်သပ်သပ်နဲ ထည့့်ရေထည့်  ပြီး အိမ်ကဘုရားစင်မှာ အမြဲလှုထားပါ နွမ်းရင်အသစ်လဲလဲပေးပါ ပြန်မလာမချင်းပေါ့  အိမ်သားထဲက ဘယ်သူဖြစ်စေ ဒီအရွက်တွေကို အသစ်လဲပေးလို့ ရတယ်...အိမ်သားတွေ ခရီးလေးဘာလေးသွားမယ်ဆို ဒီ အရွက်ဖန်ခွက်ကို ခြောက်ခြောက် ရေခမ်းခမ်း မဖယ်ပစ်ပဲ ဒီအတိုင်းထားခဲ့  ခရီးကပြန်လာမှ အသစ်လဲပေါ့ ...လို့  နောက်တန်းကကျန်ခဲ့ သူတွေကိုမှာထားပေးလိုက်တယ်....ဒီနောက်တန်းက အိမ်ဝေးသွားလူအတွက် ယတြာအရွက် လှုပေးထားတာဟာ အဝေးရောက်လူပြဿနာကြီးကြီးမဖြစ်ရေး ကျမ္မာရေး အကြီးတွေ မဖြစ်ရေ မှု့ ခင်းမဖြစ်ရေးအတွက် အရေးပါတယ်...ဒါကို ကျနော်က အဝေးရောက်လူအတွက် သက်ထိမ်း ကံထိမ်းယတြာလို့ တင်စားတယ်..လက်တွေ့ ဖြစ်ရပ်တွေမှာလည်း ဒီလို နောက်တန်းက ခုခံပေးထားတဲ့ ပုံမှန် ယတြာကြောင့်  အဝေးရောက် လူတွေ ဘေးအသီးသီးကနေ ကပ်ဒိုးလေးလွတ်လွတ်နေတာ အများကြီးတွေ့ ခဲ့ ရတယ်..
အရွက်လှုပုံက ၂ မျိုး...ဥပမာ ကြာသာပတေးသားသမီးအတွက်ဆို....စွယ်တော်ရွက် ၁၀ရွက် (သို့ ) ဇော်စိမ်းရွက် ၈ ရွက်ကို ဖန်ခွက်သပ်သပ်နဲ့ ထည့် ရေထည့်  ဘုရားလှုထားပါ..( ဖန်ခွက်အောက်မှာ ကြာသာပတေးသားသမီးရဲ့  တစ်ယောက်ထဲဓါတ်ပုံ ကို ပလတ်စတစ်လောင်းပြီး ခံထားပါ ငလတ်စတစ်လောင်းရတာက ရေရှည် ယတြာဖြစ်လို့ ဓါတ်ပုံမပျက်ဆီးရအောင်ဖြစ်တယ်   အကယ်၍ စွယ်တော်မရရင် ဇော်စိမ်း (သို့ ) ဇီး ၈ ညွန့် ကို သုံးပါလို့ )....ယတြာ အရွက်တွေ လှုတာ အသစ်လဲတာတွေ ရဲ့  ရက်တွေက  ဟူး၊တေး၊ စနေ၊ နွေ၊ ၄ ရက်က တစ်ရက်ရက်မှာ  လှုပါ အသစ်လဲပါ အချိန်တိကျစရာ မလို ဘုရားစင်မှာ အဲ့ ယတြာအညွန့်  ခွက် အမြဲ ရှိနေရင်ရပြီ...လို့ မှာတယ်
ဒီနေရာမှာ အဝေးသွားသူ  ခရီးလှုပ်ရှားသမားကို အငြိမ် အထိုင် ခြေချုပ် အညွန့်  ဖြစ်တဲ့ မတွန့် စေရ  စွယ်တော်ကို လှုတာ သင့် တော်ပါ့ မလား ဖြစ်ပါ့ မလား
အလှုပ်နဲ့ အငြိမ် ဆန့် ကျင်ဘက်တွေ ဖြစ်နေလို့  ယတြာ အပြုခံရတဲ့ သူမှာ ကိုးလို့ ကန့် လန့် တွေ ဖြစ်နေမလားလို့ မေးစရာရှိမယ် တွေးမိကောင်းတွေးမိမယ်..
ဒီတော့ ကျနော်က ဖြေမယ် ၁၀စုနှစ်တွေနဲ့ ချီပြီး လုပ်လာတာကြာခဲ့ ပြီး ခရီးဝေးသွားနေသူအတွက် မတွန့် စေရ  လှုပေးထားလို့  ဘာ ထော်လော်ကန့် လန့် တွေမှ
မဖြစ်တဲ့ အပြင် ဘာမှ မလှုထားပေးသူထက်တောင် အကာအကွယ် ဖြစ်နေသေးတာ အတွေ့ အကြုံတွေ အရသိခဲ့ ရတယ် လို့ ဖြေမယ်...အကြောင်းက အရွက်တွေကို စလှုကတည်းက ဘယ့်အတွက် လှုတယ် ဘယ့် အတွက် ယတြာပြုထားတယ်ဆိုတဲ့  မိန်း ရည်ရွယ်ချက် စိတ်က ပါနေပြီးသား ဖြစ်လို့ ကြောင့် ဖြစ်ပြီး
ဒီ ရည်ရွယ်ချက် စိတ်သတ္တိက ပဲ  အရွက်ရဲ့  သတ္တိကို အသွင်တွေပြောင်းပေးသွားလို့ သဘောပဲ..သဘောက ကြာသာပတေးသားသမီး အတွက် ကာဗာ အကာအကွယ် စွယ်တော်ရွက်ဟာ ကိုနေစိုးဆိုတဲ့  အမည်ရှင်ကို  ကက်ကင်းရိုက်ဖို့  ပစ္စည်းတစ်ခု ဖြစ်သွားတဲ့ သဘောပေါ့  .သဘောက ဘာ့ အတွက် ယတြာလုပ်တယ်ဆိုတဲ့  ရည်ရွယ်ချက်စိတ် က ယတြာကဏ္ဍမှာ အရေးကြီးတယ်ပေါ့ 
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..