Powered By Blogger

Friday, September 4, 2015

ကိုယ့် အနာမှ ကိုယ့် အနာ


ကိုယ့် အနာမှ ကိုယ့် အနာ
-------------
ကိုယ့် အနာမှ ကိုယ့် အနာ သဘောက ကမ္ဘာနဲ့ တစ်ဝှမ်းသဘော  ။  ဘောစိတစ်ယောက် ကင်ဆာဖေါင်ဒေးရှင်း ထ ထောင်တော့  ကရုဏာ အတော်ကြီး ထင်တာ သူ့ မိသားစုထဲက သူ့ နှလုံးသားလေးတစ်ယောက်က ကင်ဆာရောဂါနဲ့ တိုက်ပွဲံကျသွားတဲ့ ရာဇ၀င်ဖြစ်နေတာ ဒါကြောင့်  သူ့ ကရုဏာက ကင်ဆာသည်တွေကိုပဲ
သွားပြီး ကွက်ကြာမိုး ကရုဏာ လို ဖြစ်နေတာ၊ ကင်ဆာသည်တွေကို ပံ့ ပိုးပေးလိုက်ရတော့  ကိုယ့်  မိသားစုထဲက ကင်ဆာနဲ့ တိုက်ပွဲကျသွားသူအတွက် ကိုယ့် ကိုယ်ကိုယ် တာဝန်မကျေခဲ့ ဘူးထင်တာအတွက် ရသေ့ စိတ်ဖြေသဘောပါ ခံစားမှု့ ကရသွားပုံရတယ်၊

ကိုယ်တွေလည်း လူထဲကလူပဲ ဘာမှမထူးဘူး.ကိုယ့် ဘိုးတော် ကျောက်ကပ်ရောဂါရတော့ ကုရတဲ့ နေရာမှာ သုံးရတဲ့ ငွေက စက်နဲ့ လှည့် ထုတ်သုံးနေရသလိုပဲ..
ကိစ္စပြီးသွားတော့  ကမ္ဘာပေါ်မှာ ရှိသမျှ ရောဂါတွေထက် ကျောက်ကပ်ရောဂါကို အကြောက်ဆုံးဖြစ်သွားတယ်.
..ကင်ဆာထက်ကို ကြောက်တာ..ရောဂါကိုကြောက်တာထက်  ကျောက်ကပ်ဆေးနေတုန်း  သောက်သောက်လဲ ပိုက်ဆံကုန်တာက အဓိကကြောင့် ဖြစ်နေတာ...ကျောက်ကပ်ရောဂါနဲ့  ရင်ဆိုင် မတွေ့ ဘူးသေးသူတွေကို  တွေ့ ဘူးသူက ပြန်ပြောပြနေတဲ့ ခံစားချက်ကို မတွေ့ ဘူးသူတွေက ၀င်ပြီး ခံစားနားလည်ပေးရတာ တစ်ချို့ တွေ အတွက် အခက်တွေ့ နိုင်တာလည်း ကြိုတွေးထားလို့ ရတယ်..ဒါသဘာဝသဘောပဲ

တစ်ချို့ တွေ အစိုးရကို ဆဲနေတာ နားမလည်နိုင်ဘူး ဖြစ်နေတယ်..အဲ့ ဒါ သူတို့ က ဒဲ့ မှ အနာစိမ်း မပေါက်ဖူးတာလို့  တွေးပေးလို့ ရတယ်..ကျနော်တို့ လည်းဦးနေ၀င်းကို ဒဲ့ ကြီး မမုန်းဘူးဘူး...ဘာလို့ လဲ ဆိုတော့  ပြည်သူပိုင်အသိမ်းခံရတဲ့  သူတွေထဲ ကျနော်တို့ မပါသွားဘူးတဲ့ အပြင် ဦးနေ၀င်းရဲ့ စစ်သားတွေ ဒဲ့ နှိပ်စက်တာလဲ မခံစားခဲ့ ရဘူးဘူး  ဒါနဲ့  တေဇလူငယ် ရှေ့ ဆောင်လူငယ် လမ်းစဉ်လူငယ်တွေဘာတွေ ၀င်တောင် ကညော့ လိုက်ကြသေးတယ်. ဆိုရှယ်လစ်သာ ဂွတ်ပဲ.အရင်းရှင်စနစ်ဆိုရင်ပဲ တစ်ပြည်လုံး ကြက်တန်းရောက်ကုန်တော့ မလိုလိုထင်ခဲ့ ကြတာ ..ဦးနေ၀င်းလက်ထက်မှာ မွဲနေတဲ့ တောကနေ စစ်ပြေးလာပြီး မြို့ မှာချမ်းသာသွားတဲ့  တစ်ချို့ ဆို ဦးနေ၀င်းလက်ထက်ကို အကောင်းလို့ တောင်ဆိုတယ်.

ကိုယ့် အနာမှ ကိုယ့် အနာ သဘောက လူ့ သဘာဝ ဆိုပေမယ့်  နေရာတကာလာလုပ်နေတာမျိုကို  လက်ခံပေးမယ့်  သဘောမရှိဘူး  ကိုယ့် အနာမှ ကိုယ့် အနာ စိတ် လွန်ကဲလွန်းသွားရင် သာမန်ထက် အတ္တကြီးသူတွေလို့  တစ်ခြားတွေက အလိုလို ခံစားလာကြပြီး လူ့ အသိုင်းအ၀ိုင်းက အဲဒီ အတ္တအနာသမားတွေကို မကြိုက်ကြ မပေါင်းချင်ကြတော့ ဘူး ငြင်ပယ်လာကြတယ်... မျှဝေခံစားပေးတတ်ခြင်း စာနာထောက်ထားတတ်ခြင်း သဘောတွေ ရှိထားဖို့ ကလည်း လူတောတိုးဖို့ အတွက် လိုအပ်တဲ့  စိတ်ပဲ  ။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..