သူများ ဂလုက သယ်လာတဲ့ ပိုစ် တစ်ခုနဲ့  တွေးစရာ ထောက်စရာ
----------------
အောက်က ပိုစ် က ဂရုတစ်ခုက သယ်လာတာ၊ကျနော်တွေးပုံလေး ပြောပြချင်လို့ ..ပိုစ့် လေးက ဒီလို
-----------------------------
(((စနေဂြိုဟ်အိပ်ဖြစ်တဲ့နှစ်အပိုင်းထဲရောက်ပြီဆိုရင်အတတ်နိုင်ဆုံးယောဂီသာဝတ်ထားပါ
မှန်ကန်သောလုပ်ရပ်ဖြင့် အဓိဌာန် မှန်ကျင့်စဉ်တို့ဖြင့်သာအချိန်ကုန်ပါစေ။
စကားပြောဆင်ခြင် ၍မေတ္တာသာပို့ပေးပါ။အခက်ခဲတို့မှလွတ်မြောက်ချမ်းသာပါလိမ့်မယ်။))))ဝ
--------------------------
အဲ့ မှ စနေဂြိုလ်အိပ် လို့  သူက သုံးတယ်၊ သက်ရောက်တစ်နှစ်တောင်မဟုတ်ဘူး..ဒီတော့  စနေဂြိုလ်အိပ် ဆိုတာ ဘယ်နှစ်နှစ်ရှိလဲကို အရင်သိဖို့ လိုမယ်၊ ၁၀ နှစ်ပေါ့ 
..ပြီးတော့  ၇နေ့ သားသမီးစလုံး စနေ ဂြိုလ်အိပ် ၁၀နှစ်ကို စောဖြတ်သူနဲ့ နောက်ကျ ဖြတ်သူ ဆိုပြီး အုပ်စု ၂ စု ခွဲလို့ ရတယ်..ဒီတော့  အစောဆုံး ဖြတ်တဲ့ နေ့ သားကို ရှာတော့  စနေသားသမီးပေါ့ 
စနေသားသမီးဆိုတာ မွေးစကနေ အသက် ၁၀နှစ်အထိက စနေ ဂြိုလ်အိပ် ၁၀နှစ်ထဲမှာပေါ့ .....နောက်တစ်ကြော့  ဒုတိယအကြိမ် စနေဂြိုလ်အိပ် ၁၀ နှစ်ကို အသက် ၉၀ကျော် ၁၀၀နားကပ်မှ ပြန်ရောက်လိမ့် မယ် ရောက်ဖို့ က အလွန်မှ ခက်။
ဒီတော့  သူ ညွှန်းတဲ့  စနေဂြိုလ်အိပ် ၁၀နှစ်မှာ အတတ်နိုင်ဆုံး ယောဂီဝတ်ထားပါဆိုတဲ့ အညွှန်းဟာ စနေသားသမီးတွေ အတွက်
အမိဝမ်းကကျွတ်လို့  မွေးကတည်းက အသက် ၁၀နှစ် မူလတန်းကျောင်းနေတဲ့ အထိ အနှီးဖြူမသုံဲး ပဲ အခက်အခဲတွေ မဖြစ်ရအောင်ဆိုပြီး
ယောဂီ ပိတ်စ အနှီးလုပ် မူကြိုမူလတန်းတက်တော့  အသက် ၁၀ နှစ်အထိ ယောဂီ အ၀တ်နဲ့ နေခိုင်းနေတဲ့  သဘော ဖြစ်မနေဘူးလား..
စကားမပြောတတ်သေးတဲ့  စနေခလေးတွေကို စကားပြောဆင်ခြင်ခိုင်းနေတာ အဓိဌာန်ဝင်ခိုင်းနေတာ မေတ္တာပို့ ခိုင်းနေတာနဲ့  မတူဘူးလား..
ဒါဆို ဒီပိုစ်ဟာ စနေမွေး ခလေးတွေ အတွက် အတော်လေး အဆီအငေါ်မတည့်  သဘာဝမကျ ရယ်စရာ ပိုစ် (၀ါ) လက်တွေ့ ဘ၀နဲ့  သိပ်လွတ်နေတဲ့  စိတ်ကူးယဉ်ပိုစ် လို့ မဆိုနိုင်ဘူးလား..
---------------
ဆိုလိုတာက အများဆိုင်ရာကို ရည်ရွယ်ပြီး စေတနာကောင်းနဲ့  အကြံပေးတာတောင် လက်တွေ့ ဘ၀နဲ့  မဟတ်မိရင် ရယ်စရာ အကြံတွေ သုံးစားမရတဲ့  အကြံတွေ ဖြစ်ကုန်တယ်..
စာကို ရှမ်းဖတ်ပြီး ရေးသူကြည့် ပြီး ရမ်းပြီး .Like လုပ်တဲ့ သူတွေကရော အတွေးနဲရာ မကျဘူးလား သဘောပေါ့ ..
( အဲ့ ပိုစ်အောက်မှာ ဘာမှ ၀င် မထောက်ပါဘူး ( အမှန်တော့  ဘယ်သူ့ ပိုစ်ဖြစ်ဖြစ် တွေးစရာတွေ ထောက်စရာတွေ တွေ့ တောင် ၀င်မန့် လေ့ မရှိ သလောက်ပါ အားနာတတ်လို့ ပါ..ခ်..
ကိုယ့် ဂရုထဲသာ ပြန် အတင်းချ အဲ..တွေးစရာတွေ ရှိတယ်လို့ ပြန်ပြောပြတာပါဗျား..((အပျော်လေးတွေ တစ်ခါတစ်လေ၀င် ငိငိ ငင့် တတ်ပါတယ် ဒါတောင် သဘောကောင်းပုံရတဲ့  အကောင့် ရှင်လို့ ထင်မှပါ ..ငိငိ)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..